OnePlus ရဲ့ နောက်ဆုံးပေါ် အဆင့်မြင့်မော်ဒယ်အသစ်တစ်ခုဖြစ်တဲ့ OnePlus 7 နဲ့ 7 Pro ကို ဒီတစ်ပတ်မှာ နှိုင်းယှဉ်ကြည့်ရအောင်။ OnePlus 7 က OnePlus 7 Pro ထက် အရွယ်အစား အနည်းငယ်ပိုသေးပြီး ဘက်ထရီစွမ်းအားလည်း နည်းနည်းလေး ပိုနည်းပါတယ်။ စျေးနှုန်းအရလည်း OnePlus 7 က ပိုမိုသက်သာပါတယ်။ ဒီဇိုင်းပိုင်းအနေနဲ့ OnePlus 7 က Notch Design ဖြစ်ပြီး OnePlus 7 Pro ကတော့ လုံးဝဘောင်ပျောက်ဒီဇိုင်းနဲ့ Notch မပါရှိတဲ့ မျက်နှာပြင်ပြည့်ဒီဇိုင်းပုံစံပဲ ဖြစ်ပါတယ်။ ကျန်တဲ့ Sepcs နဲ့ Features တွေ အကုန်လုံးနီးပါးကတော့ တူညီမှု ရှိပါတယ်။ OnePlus 7 မှာတော့ RAM 6GB Internal Memory 128GB နဲ့ RAM 8GB Internal Memory 256GB ပါရှိတဲ့ Version နှစ်မျိုးကို ရွေးချယ်နိုင်ပြီး OnePlus 7 Pro က RAM 6GB Internal Memory 128GB, RAM 8GB Inernal Memory 256GB နဲ့ RAM 12GB Internal Memory 256GB ဆိုပြီး Version သုံးမျိုးကို ရွေးချယ်ရရှိနိုင်ပါတယ်။
(1). Design
OnePlus 7
OnePlus 7 ဟာ 157.7 x 74.8 x 8.2 mm အရွယ်အစားရှိကာ 182g အလေးချိန် ရှိပါတယ်။ Fingerprint Sensor ကို Display အောက်မှာပဲ Under-Display Fingerprint Sensors ကို ထည့်သွင်းပေးထားပြီး Red, Mirror Gray ဆိုပြီး အရောင် 2 မျိုးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
OnePlus 7 Pro
OnePlus 7 Pro မှာ 162.6 x 75.9 x 8.8 mm အရွယ်အစားရှိကာ 206g လေးပါတယ်။ Fingerprint အနေနဲ့ Display အောက်မှာပဲ Under-Display Fingerprint Sensors ကို ထည့်သွင်းပေးထားပြီး Mirror Gray, Almond, Nebula Blue ဆိုပြီး အရောင် 3 မျိုးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
(2). Processor
OnePlus 7
Qualcomm SDM855 Snapdragon 855 (7nm) Octa-core ကို OnePlus 7 မှာ သုုံးပေးထားပြီး 2.84GHz မြန်နှုန်းရှိ Kryo 485 core 1 ခု ၊ 2.42GHz မြန်နှုန်းရှိ Kryo 485 core 3 ခုနဲ့ 1.78GHz မြန်နှုန်းရှိ Kryo 485 core 4 ခုကို သုံးထား၍ ဂရပ်ဖစ်က Adreno 640 ဖြစ်ပါတယ်။
OnePlus 7 Pro
Qualcomm SDM855 Snapdragon 855 (7nm) Octa-core ကို OnePlus 7 Pro မှာ သုံုးပေးထားပြီး 2.84GHz မြန်နှုန်းရှိ Kryo 485 core 1 ခု ၊ 2.42GHz မြန်နှုန်းရှိ Kryo 485 core 3 ခုနဲ့ 1.78GHz မြန်နှုန်းရှိ Kryo 485 core 4 ခုကို သုံးထား၍ ဂရပ်ဖစ်က Adreno 640 ဖြစ်ပါတယ်။
(3). Display
OnePlus 7
OnePlus 7 ဟာ 6.41 လက်မ Optic AMOLED Display နဲ့ 1080x 2340 pixels resolution ရှိပြီး 19.5:9 ratio ရှိပါတယ်။ Screen-to-body အချိုးဟာ 85.5% ရှိပါတယ်။ Pixel Density 402 ppi ရှိပါတယ်။ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်အရည်အသွေးကို ရရှိစေမှာပါ။
OnePlus 7 Pro
OnePlus 7 Pro က 6.67 လက်မ Fluid AMOLED Display နဲ့ 1440 x 3120 pixels resolution ရှိပြီး 19.5:9 ratio ရှိပါတယ်။ Screen-to-body အချိုးဟာ 88.1% ရှိပါတယ်။ Pixel Density 516 ppi ရှိပါတယ်။ ပုံရိပ်အရည်အသွေးနဲ့ ပတ်သက်လို့ စိတ်ကျေနပ်မှုအပြည့် ရရှိစေမှာပါ။
(4). Verdict
OnePlus 7
OnePlus 7 မှာ စွမ်းဆောင်ရည်အတွက် Memory အနေနဲ့ 128GB/6GB RAM, 256GB/8GB RAM ဆိုပြီး Version နှစ်မျိုးကို ရရှိနိုင်ပါတယ်။ အဓိကကင်မရာဟာ Dual : 48MP + 5MP ဖြစ်ပြီး Selfie အတွက် 16MP ကင်မရာ အရှေ့မှာ ပါ၀င်ပါတယ်။ Android 9.0 (Pie) ကို သုံးထားပြီး Non-removable i-Po 3700 mAh ဘက်ထရီ ပါ၀င်ပါတယ်။
OnePlus 7 Pro
OnePlus 7 Pro မှာ စွမ်းဆောင်ရည်အတွက် Memory အနေနဲ့ 128GB/6 GB RAM, 256GB/8GB RAM နဲ့ 256GB/12GB ဆိုပြီး ရွေးချယ်နိုင်ပါတယ်။ အဓိကကင်မရာ Triple : 48MP + 8MP + 16MP  ဖြစ်ပြီး Selfie အတွက် Motorized pop-up 16MP ကင်မရာ အရှေ့မှာ ပါ၀င်ပါတယ်။ Android 9.0 (Pie) ကို သုံးထားပြီး Li-Po 4000 mAh ဘက်ထရီ ပါ၀င်ပါတယ်။
NetGuide Journal (Every Wednesday)
——————————————————————————————————–
(Zawgyi Version)
OnePlus 7 VS OnePlus 7 Pro
(1). Design
OnePlus 7
OnePlus 7 Pro
(2). Processor
OnePlus 7
Qualcomm SDM855 Snapdragon 855 (7nm) Octa-core ကို OnePlus 7 မှာ သုံးပေးထားပြီး 2.84GHz မြန်နှုန်းရှိ Kryo 485 core 1 ခု ၊ 2.42GHz မြန်နှုန်းရှိ Kryo 485 core 3 ခုနဲ့ 1.78GHz မြန်နှုန်းရှိ Kryo 485 core 4 ခုကို သုံးထား၍ ဂရပ်ဖစ်က Adreno 640 ဖြစ်ပါတယ်။
OnePlus 7 Pro
Qualcomm SDM855 Snapdragon 855 (7nm) Octa-core ကို OnePlus 7 Pro မှာ သုံးပေးထားပြီး 2.84GHz မြန်နှုန်းရှိ Kryo 485 core 1 ခု ၊ 2.42GHz မြန်နှုန်းရှိ Kryo 485 core 3 ခုနဲ့ 1.78GHz မြန်နှုန်းရှိ Kryo 485 core 4 ခုကို သုံးထား၍ ဂရပ်ဖစ်က Adreno 640 ဖြစ်ပါတယ်။
(3). Display
OnePlus 7
OnePlus 7 Pro
(4). Verdict
OnePlus 7
OnePlus 7 Pro