iPhone ရဲ့ နောက်ဆုံးပေါ်စမတ်ဖုန်းတွေကတော့ ပြီးခဲ့တဲ့စက်တင်ဘာလလောက်က မြန်မာနိုင်ငံမိုဘိုင်းလ် ဈေးကွက်ထဲကို စတင်ရောက်ရှိလာခဲ့ပါတယ်။ ၎င်း iPhone မော်ဒယ်အသစ်တွေဖြစ်တဲ့ iPhone 11, 11 Pro  နဲ့ 11 Pro Max ထဲမှာ ရိုးရိုး iPhone 11 က ဈေးနှုန်းအသက်သာဆုံးပဲဖြစ်ပါတယ်။ အရင် iPhone X နဲ့ယှဉ်ရင် နောက်ကျောဘက် ဒီဇိုင်းပုံစံက လုံးဝပြောင်းလဲသွားပြီး အရှေ့ဘက်ပုံစံကတော့ အတူတူပါပဲ။ ကျန်တဲ့ Specifi-cation တွေကတော့ ပိုမိုအဆင့်မြင့်မားလာပြီး Network ပိုင်းလည်း ပိုမိုကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာ နိုင်ပါတယ်။ iPhone 11 ရဲ့ အားသာချက်တွေကတော့ အရင် iPhones တွေထက် အရှေ့ကင်မရာက သိသိသာသာ ပိုမိုကောင်းမွန်လာပြီး စက်စွမ်းဆောင်ရည် ပိုမိုမြင့်မားလာသလို ဘက်ထရီစွမ်းအားလည်း ပိုမို မြင့်မားလာပါတယ်။ ဖုန်းအရွယ်အစားနဲ့ ဖုန်းမျက်နှာပြင်အကျယ်တွေကတော့ ဘာမှသိသိသာသာ ပြောင်းလဲ သွားခြင်းမရှိနိုင်ပါဘူး။ IP68 Certified ရရှိထားလို့ ရေအနက် 2 မီတာမှာ မိနစ် 30 ကြာမျှ ဖုန်းအသုံးပြု နိုင်ပါတယ်။
၎င်းကို GSM, CDMA, HSPA, EVDO နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Single SIM နဲ့ Dual SIM 2 ဆိုတဲ့ version တွေကို ထုတ်လုပ်ပေးထားပါတယ်။ ထည့်သွင်းသုံးစွဲနိုင်မယ့် SIM card အမျိုး အစားကတော့ Nano SIM ပါပဲ။ ဖုန်းကိုယ်ထည်အရှေ့ဘက်နဲ့ နောက်ကျောဘက်ကို အကြမ်းခံတဲ့ Glass တွေ နဲ့တည်ဆောက်ထားပြီး ဘေးဘောင်တွေကတော့ ပေ့ါပါးအကြမ်းခံတဲ့ aluminum frame (7000 series) ပဲ ဖြစ်ပါတယ်။ 
ဒါကြောင့် ကိုယ်ထည်တစ်ခုလုံးက ပြောင်လက်တောက်ပနေပြီး ဆွဲဆောင်မှုလည်းရှိပါတယ်။ အရှေ့ဘက်ဒီဇိုင်းပုံစံက အရင် iPhone X ပုံစံအတိုင်းပဲ အပေါ်ဘက်မှာ ကြီးမားတဲ့ Notch ပါရှိပါတယ်။ နောက်ကျောဘက် ဒီဇိုင်းကတော့ လုံးဝပြောင်းလဲသွားပြီး ညာဘက်ထောင့်မှာ အနောက် Dual Camera Lens နဲ့ LED Flash မီးလုံးတို့ကို လေးထောင့်ကွက်လေးထဲမှာထည့်ထားပြီး လုံးဝထူးခြားပြောင်းလဲသွားတာကတော့ Apple Logo လေးက အလယ်ဘက်ကို ရွှေ့သွားတာပါပဲ။ ဖုန်းအရွယ်အစားက 150.9 x 75.7 x 8.3 mm (5.94 x 2.98 x 0.33 in) ရှိပြီး 194g လေးပါတယ်။ 6.1 inches ကျယ်တဲ့ မျက်နှာပြင်ကို Liquid Retina IPS LCD capacitive touchscreen, 16M colors display အမျိုးအစားနဲ့ပြုလုပ်ပေးထားပြီး ၎င်းမျက်နှာပြင်က 19.5:9 ratio မှာ 828 x 1792 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ပြသပေးနိုင်ပါတယ်။ Liquid Retina ဖြစ်သွားတဲ့ ပိုမိုကြည်လင်ပြတ်သားပြီး အရောင်အသွေးစိုပြေလှပတဲ့ မြင်ကွင်းတွေကို တွေ့မြင်ရမှာပဲဖြစ်ပါ တယ်။ မျက်နှာပြင်ပေါ်မှာ Scratch-resistant glass, oleophobic coating protection စနစ်ပါရှိပြီး 625 nits max brightness စွမ်းအားတွေပါရှိပါတယ်။ 
ဒါကြောင့် အဆင်းရာအခြစ်ရာတွေကို အလွယ်တကူမဖြစ်စေနိုင်သလို မတော်တဆပြုတ်ကျမှုဒဏ်တွေကို လည်း ခံနိုင်ရည်ရှိပါတယ်။ 120 Hz touch-sensing နည်းပညာကြောင့် touch sensor အားကောင်းပြီး လုပ်ဆောင်ချက်တွေကို လျင်လျင်မြန်မြန်နဲ့ပြုလုပ်နိုင်ပါတယ်။ အထဲမှာနောက်ဆုံး version iOS 13 တစ်ခါ တည်းပါရှိပြီး built-in ပါရှိပြီး iOS 13.1.2 ထိ ထပ်မံအဆင့်မြှင်တင့်နိုင်ပါတယ်။ ၎င်းရဲ့အနောက်ကင်မရာက 12 MP, f/1.8, 26mm (wide), 1/2.55″, 1.4µm, dual pixel PDAF, OIS + 12 MP, f/2.4, 13mm (ultrawide) စွမ်းအားတွေကို ထောက်ပံ့ပေးနိုင်ပြီး Quad-LED dual-tone flash, HDR (photo/panorama) feature  တွေပါရှိပါတယ်။ ဒါ့အပြင် အရှေ့ကင်မရာကလည်း 12 MP, f/2.2, 23mm (wide) + TOF 3D camera တွေပါရှိလို့ အရင် iPhone တွေထက် တော်တော်လေး ပိုမို ကောင်းလာပြီး HDR feature ကိုလည်း အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် iPhone ရဲ့ စက်စွမ်းဆောင်ရည် ပိုင်းကတော့ ပြောစရာမလိုအောင် အစတည်းက ကောင်းမွန်ပြီးသားပါပဲ။ အခုနောက်ဆုံးထွက်ရှိလာတဲ့ iPhone 11 ထဲမှာ အရင်ကထက် ပိုမိုအရည်အသွေး မြင့်မားတဲ့ Chipset, Processor တို့ကိုထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် အကောင်းဆုံးစက်စွမ်းဆောင် ရည်တွေကို ရရှိနိုင်မှာတော့ အသေချာပါပဲ။
Battery Life
Non-removable Li-Ion 3110 mAh battery (11.91 Wh) ကို ထည့်သွင်းထားပြီး Fast battery charging 18W စနစ်ပါရှိလို့  မိနစ် 30 အတွင်းမှာ ဘက်ထရီစွမ်းအား 50 ရာခိုင်နှုန်းကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါ တယ်။ ဒါ့အပြင် Qi wireless charging စနစ်လည်း ထောက်ပံ့ပေးထားပါတယ်။
Design
တည်ဆောက်ပုံဒီဇိုင်းက ကျစ်ကျစ်လျစ်လျစ်နဲ့ တောင့်တင်းခိုင်မာပြီး အရင်ဖုန်းတွေနဲ့ကွဲထွက်သွားတဲ့ logo အနေအထားကြောင့် မျက်စိထဲမှာဆွဲဆောင်မှုလည်းရှိပါတယ်။ ၎င်းဖုန်းကိုဈေးကွက်ထဲမှာ ဝယ်ယူနိုင်မယ့် အရောင်တွေကတော့ အမဲရောင်၊ အစိမ်းရောင်၊ အဝါရောင်၊ ခရမ်းရောင်၊ အနီရောင်နဲ့အဖြူရောင်ဆိုတဲ့အရောင် 6 မျိုးဖြစ်ပါတယ်။
Processor
ဖုန်းစွမ်းဆောင်ရည်ပိုင်းအတွက် RAM 4GB ပါရှိတဲ့ Hexa-core (2×2.65 GHz Lightning + 4×1.8 GHz Thunder) processor နဲ့  Apple A13 Bionic (7 nm+) chipset တို့ကိုထည့်ထားပြီး Apple GPU (4-core graphics) က ရုပ်ထွက်ပိုင်းကိုလည်း ထောက်ပံ့ထားလို့ အံ့မခန်းလောက်အောင် လျင်မြန်တိကျတဲ့ လုပ်ဆောင် ချက်တွေကို ရရှိနိုင်မှာပါ။Display and Camera
6.1 inches ကျယ်တဲ့ Liquid Retina IPS LCD capacitive touchscreen, 16M colors display က 828 ထ 828 x 1792 pixels ရှိတဲ့ full HD မြင်ကွင်းစွမ်းအားတွေကို ပြသပေးနိုင်ပါတယ်။ အရည်အသွေးမြင့် အနောက် ကင်မရာ 2 လုံးနဲ့ အရှေ့ကင်မရာ 2 လုံးပါရှိပြီး နောက်ဆုံးပေါ် အဆင့်မြင့် features တွေလည်း ပါရှိပါတယ်။
Verdict
iPhone 11 ကို internal memory 64GB, 128GB  နဲ့ 256GB ဆိုတဲ့ version 3 မျိုးကို ထုတ်လုပ်ပေးထားပါ တယ်။ Software ပိုင်းရော၊ hardware ပိုင်းရော အားလုံးနီးပါးပြည့်စုံကောင်းမွန်မှုရှိတာကြောင့် နောက်ဆုံးပေါ် အဆင့်မြင့်စမတ်ဖုန်းတွေကိုမှ ကိုင်တွယ်သုံးစွဲချင်တဲ့သူတွေအတွက် ရွေးချယ်သင့်တဲ့ အဆင့်မြင့်စမတ်ဖုန်း တစ်လုံးပါပဲ။
Specification
» Network : GSM/CDMA/HSPA/LTE (Dual SIM)
» Weight : 194 g
» Display : 6.1″, Liquid Retina IPS LCD capacitive
» Resolution : 828 x 1792 pixels, 19.5:9 ratio (~326ppi)
» Dimensions : 150.9 x 75.7 x 8.3 mm
» Memory : 64GB, 4GB RAM
» Camera : Dual 12MP, f/1.8, 1/2.55″, 1.4µm 12MP, f/2.4, 13mm (ultrawide), PDAF, OIS Quad-LED dual-tone flash, HDR, panorama, Selfie : 12MP, f/2.2, 2.3mm (wide)
» Connectivity : GPS, WLAN, Bluetooth 5.0, Type-C 1.0
» OS : iOS 13, upgradable to iOS 13.2
» Chipset : Apple A13 Bionic (7nm+) CPU : Hexa-core (2×2.65 GH lightning + 4 x 1.8GHz Thunder), GPU : Apple GPU
» Sensor : Face ID, accelerometer, gyro, proximity
» Battery : Non-removable Li-Ion 3110 mAh
» Price : 1,3xx,xxx Ks
» Contact Phone : 09-785222888 ( Win Mobile World )
NetGuide Journal (Every Wednesday)
—————————————————————————————
  • (Zawgyi Version)
iPhone 11 (Green)
Battery Life
Design
Processor
Display and Camera
Verdict
Specification
» Weight : 194 g
» Memory : 64GB, 4GB RAM
» Price : 1,3xx,xxx Ks