အခုဆိုရင် Huawei ဟာ အမေရိကန်ကုမ္ပဏီထုတ် နည်းပညာပစ္စည်းများကို ဝယ်ယူခွင့်၊ အမေရိကန် ကုမ္ပဏီများထံသို့ ပစ္စည်းရောင်းချခွင့် ပိတ်ပင်ခြင်းခံလာခဲ့ရတာ ခြောက်လတိုင်တိုင် ရှိပြီဖြစ်ပါတယ်။ ဒါပေမယ့် ယခုအချိန်အထိတော့ အမေရိကန်ရဲ့ Huawei အပေါ် ပိတ်ပင်မှုက ကုမ္ပဏီအပေါ် တစ်စုံတစ်ရာထိခိုက်နစ်နာ စေခြင်းမရှိသေးတာ အားလုံးအသိဖြစ်ပါတယ်။ ဒါကလည်း အမေရိကန်ဘက်က Huawei အပေါ်ပိတ်ပင်မှုအား ယာယီရွေ့ဆိုင်းထားမှုကြောင့်ဆိုရင်လည်း မမှားပါဘူး။

Huawei အပေါ် အမေရိကန်ရဲ့ ဒုတိယမြောက် ယာယီသုံးလရွေ့ဆိုင်းမှုက လာမယ့်နိုဝင်ဘာလ 19 ရက်နေ့ အင်္ဂါနေ့ဆိုရင် ပြည့်ပါပြီ။ ယနေ့မှာ Politico ရဲ့ ဖော်ပြချက်အရ အမေရိကန်ဟာ Huawei အား ပိတ်ပင်မှု ဆိုင်းငံ့ခြင်းကို နောက်ထပ် 6 လသက်တမ်းတိုးနိုင်ကြောင်း သိရပါတယ်။

ယခုကဲ့သို့ ထပ်တိုးလိုက်မှုကြောင့် Huawei အနေဖြင့် အမေရိကန်ထုတ် ဝန်ဆောင်မှုများကို ထပ်မံရယူနိုင်ဦးမှာ ဖြစ်ပါတယ်။ Huawei ဟာ Google Play Service များကို ဆက်လက် သုံးနိုင်ဦးမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Huawei Mate 30 စီးရီးမှာတော့ Google ဝန်ဆောင်မှုများ မပါဝင်တာကြောင့် နိုင်ငံတကာ ဈေးကွက်မှာ ရောင်းချရာမှာ အခက်ကြုံနေပါတယ်။

အမေရိကန်ကုန်သွယ်ရေးဌာနဟာ Huawei နဲ့ အလုပ်လုပ်ချင်တဲ့ ကုမ္ပဏီများကို အထူးလိုင်စင်ချပေးသွားဦးမှာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Huawei အား ပိတ္ပင္မႈကို အေမရိကန္ ေနာက္ထပ္ 6 လ ထပ္ဆိုင္းငံ့ဖြယ္ရွိ

အခုဆိုရင္ Huawei ဟာ အေမရိကန္ကုမၸဏီထုတ္ နည္းပညာပစၥည္းမ်ားကို ဝယ္ယူခြင့္၊ အေမရိကန္ ကုမၸဏီမ်ားထံသို႔ ပစၥည္းေရာင္းခ်ခြင့္ ပိတ္ပင္ျခင္းခံလာခဲ့ရတာ ေျခာက္လတိုင္တိုင္ ရွိၿပီျဖစ္ပါတယ္။ ဒါေပမယ့္ ယခုအခ်ိန္အထိေတာ့ အေမရိကန္ရဲ႕ Huawei အေပၚ ပိတ္ပင္မႈက ကုမၸဏီအေပၚ တစ္စုံတစ္ရာထိခိုက္နစ္နာ ေစျခင္းမရွိေသးတာ အားလုံးအသိျဖစ္ပါတယ္။ ဒါကလည္း အေမရိကန္ဘက္က Huawei အေပၚပိတ္ပင္မႈအား ယာယီေ႐ြ႕ဆိုင္းထားမႈေၾကာင့္ဆိုရင္လည္း မမွားပါဘူး။

Huawei အေပၚ အေမရိကန္ရဲ႕ ဒုတိယေျမာက္ ယာယီသုံးလေ႐ြ႕ဆိုင္းမႈက လာမယ့္ႏိုဝင္ဘာလ 19 ရက္ေန႔ အဂၤါေန႔ဆိုရင္ ျပည့္ပါၿပီ။ ယေန႔မွာ Politico ရဲ႕ ေဖာ္ျပခ်က္အရ အေမရိကန္ဟာ Huawei အား ပိတ္ပင္မႈ ဆိုင္းငံ့ျခင္းကို ေနာက္ထပ္ 6 လသက္တမ္းတိုးႏိုင္ေၾကာင္း သိရပါတယ္။

ယခုကဲ့သို႔ ထပ္တိုးလိုက္မႈေၾကာင့္ Huawei အေနျဖင့္ အေမရိကန္ထုတ္ ဝန္ေဆာင္မႈမ်ားကို ထပ္မံရယူႏိုင္ဦးမွာ ျဖစ္ပါတယ္။ Huawei ဟာ Google Play Service မ်ားကို ဆက္လက္ သုံးႏိုင္ဦးမွာ ျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာ Huawei Mate 30 စီးရီးမွာေတာ့ Google ဝန္ေဆာင္မႈမ်ား မပါဝင္တာေၾကာင့္ ႏိုင္ငံတကာ ေဈးကြက္မွာ ေရာင္းခ်ရာမွာ အခက္ႀကဳံေနပါတယ္။

အေမရိကန္ကုန္သြယ္ေရးဌာနဟာ Huawei နဲ႔ အလုပ္လုပ္ခ်င္တဲ့ ကုမၸဏီမ်ားကို အထူးလိုင္စင္ခ်ေပးသြားဦးမွာ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)