ဒီနေ့ခေတ်စမတ်ဖုန်းတွေဟာ ပုံစံဒီဇိုင်း ပြောင်းလဲလာပါပြီ။ ဘယ်လောက်ထိအောင်လဲဆိုရင် ဒီနေ့ခေတ်မှာ ထွက်လာတဲ့ စမတ်ဖုန်းတွေဟာ အကောင်းဆုံးကင်မရာအပြင်အဆင်၊ 5G ကွန်ရက်ချိတ်ဆက်မှုနဲ့ ဖျော်ဖြေရေးဆိုင်ရာအတွက် အထောက်အပံ့ပေါင်းစုံဟာ ဖုန်းတစ်လုံးထဲမှာ ပါဝင်လာခဲ့ပါပြီ။ သင့်အနေနဲ့ စာသားမက်ဆေ့တွေ ပို့လို့ရပြီး စနိမ့်ဂိမ်းလေးဆော့ကစားလို့ရတဲ့ Nokia 3310 လိုဖုန်းမျိုးတွေ သုံးခဲ့ရတဲ့အချိန်တွေကို မှတ်မိနိုင်ပါ့ဦးမလား။
အရာရာတိုင်းဟာ ခေတ်ရှေ့ပြေးဖို့အတွက် အသင့်ဖြစ်နေကြပါပြီ။ Nokia 3310 လိုဖုန်းမျိုးတွေထွက်ပြီး ဆယ်စုနှစ် 1 ခုကျော်ကြာတဲ့အချိန်မှာ ကျွန်တော်တို့လက်ထဲကို ရောက်လာတာက in-display fingerprint scanners, bezel free displays, punch-hole အရှေ့ဘက်ကင်မရာနဲ့ လွယ်ကူစွာသုံးလို့ရတဲ့ slider နဲ့ flip phones တွေပဲ ဖြစ်ပါတယ်။ ဒီနေ့ ထပ်မံရွေးချယ်ရမှာတွေကတော့ dual screens (သို့) flexible foldable displays ဖုန်းတွေပဲ ဖြစ်ပါတယ်။ flexible foldable displays ဖုန်းတွေကတော့ လက်ရှိအချိန်မှာ အတော်လေးထွက်ထားတာကို တွေ့ရပါတယ်။ လက်ရှိနည်းပညာလောကရဲ့ ဦးဆောင်သူတွေဖြစ်တဲ့ Huawei, Samsung တို့နဲ့အတူ Royole တို့ရဲ့ဖုန်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်က ထပ်မံထွက်ရှိလာတာကတော့ Motorola ဖုန်းပါ။ ယနေ့ခေတ်အတွက် foldable smartphone စမတ်ဖုန်းတွေဟာ တကယ်ရော လိုအပ်ပြီလား။ လက်ရှိအချိန်မှာတော့ Android ထောက်ပံ့မှုနဲ့ foldable smartphone တွေပဲ ထွက်ပါသေးတယ်။ Apple အနေနဲ့ အနာဂတ်မှာ foldable smartphone ထုတ်လာနိုင်မလား။ အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ foldable စမတ်ဖုန်းတွေက ဘယ်မော်ဒယ်တွေများလဲဆိုတာ သိစေဖို့အတွက် စုစည်းဖော်ပြပေးလိုက်ပါတယ်။

(1). Motorola

Motorola Razr ကလည်း မတူညီတဲ့ဒီဇိုင်းနဲ့ စျေးကွက်ကို ဝင်ရောက်လာတဲ့ စမတ်ဖုန်းလို့ ဆိုရမှာပါ။ Lenovo က ပိုင်ဆိုင်တဲ့ Motorola အနေနဲ့ လွန်ခဲ့တဲ့ 15 နှစ်လောက်က iconic Razr flip phone ဖုန်းကို foldable phone အဖြစ် ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။ ယခင်က ခလုတ်ခုံနေရာလေးမှာ ခေါက်ချိုးနိုင်တဲ့ flexible OLED screen display အဖြစ် ပြောင်းပေးလိုက်တာ ဖြစ်ပါတယ်။ အရှေ့ဘက်ပုံစံကတော့ Quick View display အဖြစ် ရှိနေမှာပါ။ Motorola Razr မှာ 6.2 လက်မအရွယ် ခေါက်ထားနိုင်တဲ့ panel တစ်ခု ပါဝင်လာပါတယ်။ Snapdragon 710 ကို RAM 6GB နဲ့ storage 128GB နဲ့ ပေါင်းစပ်ထားပါတယ်။ ဖုန်းမှာ ကင်မရာ 2 လုံးပဲ ပါဝင်လာပါတယ်။ ဖုန်းကို flip လုပ်တဲ့အပိုင်းနဲ့ အထဲမှာ ကင်မရာ 1 လုံးစီ ထည့်သွင်းထားပါတယ်။ အဓိကကင်မရာမှာ 16MP f/1.7 နဲ့အတူ EIS, Dual Pixel AF နဲ့ Laser AF တို့ ပါဝင်လာပါတယ်။ ဒါ့အပြင် dual LED flash လည်း ပါဝင်လာပါတယ်။ ရှေ့ကင်မရာကတော့ 5MP f/2.0 ဖြစ်ပြီး flash တော့ မပါဝင်ပါဘူး။ ဒုတိယမြောက် Quick View display မျက်နှာပြင်က ဖုန်းကို ဖြန့်စရာမလိုဘဲ ဖုန်းခေါ်ဆိုတာ၊ selfie ရိုက်တာနဲ့ settings အဖွင့်အပိတ်နဲ့ Google Assistant လိုမျိုး အရေးကြီး feature တွေကို အသုံးပြုနိုင်ပါတယ်။ ဘက်ထရီ 2510 mAh နဲ့ 15W TurboPower အားသွင်းစနစ်လည်း ပါဝင်လာပါတယ်။ ဖုန်းရဲ့ OS က Android Pie သုံးနိုင်မှာပါ။

(2). Huawei

Mate X လို့ နာမည်ပေးထားတဲ့ ကွေးညွှတ်ဖုန်းသစ်မှာ ထူးခြားချက်တွေ ရှိနေပါတယ်။ အဓိကအားဖြင့် အပါးဆုံးနဲ့ အားသွင်းအမြန်ဆုံးဆိုပြီး ပြောထားပါတယ်။ Huawei က ပြောကြားချက်အရ Mate X ရဲ့ ဘက်ထရီစွမ်းအားအတွက် မိနစ် 30 အားသွင်းတာနဲ့ ဘက်ထရီ 85% အထိ ရရှိစေမယ်လို့ သိရပါတယ်။ 8 လက်မ မျက်နှာပြင်နဲ့ဖြစ်ပြီး 2480 x 2200 pixels ဖော်ပြနိုင်စွမ်းနဲ့ပါ။ တစ်နည်းအားဖြင့် ဖြန့်ထားမယ်ဆိုရင် 8 inch tablet display နဲ့ဖြစ်ပြီး ခေါက်လိုက်မယ်ဆိုရင်တော့ 6.6 လက်မ စမတ်ဖုန်း ဖြစ်သွားမှာပါ။ နောက်ဘက်မျက်နှာပြင်ကတော့ 6.4-inch (25:9, 2480 x 892) ဖြစ်သွားမှာပါ။ OLED display ကို သုံးထားပြီး 11 mm အထူသာရှိမှာ ဖြစ်ပါတယ်။ ဘက်ထရီကတော့ 4500 mAh စွမ်းအားကို သုံးထားပြီး ပရိုဆက်ဆာကတော့ Kirin 980 နဲ့ပါ။ ဒုတိယမျက်နှာပြင်ဟာ nubia X နဲ့ NEX Dual Display တို့နဲ့ ဆင်တူပါတယ်။ စမတ်ဖုန်းသစ်မှာ 55W SuperCharge ထောက်ပံ့ထားတာကြောင့် မြန်ဆန်သွက်လက်စွာ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ အချက်အလက်သိုလှောင်မှုပိုင်းအတွက် 8GB RAM မှာ 512GB storage ဗားရှင်းတစ်မျိုးတည်းသာ ထုတ်ထားပါတယ်။

(3). Samsung

အခုဆိုရင် Samsung Galaxy Fold ဖုန်းတွေကို စျေးကွက်ထဲမှာ ရောင်းချထားပြီ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလက မိတ်ဆက်ခဲ့တဲ့ ဒီဖုန်းကို ယခုလအတွင်းမှာမှ ရောင်းချနိုင်ခဲ့တာကတော့ ထုတ်လုပ်မှုပိုင်းဆိုင်ရာ ပြဿနာအနည်းငယ်ကြောင့် ဖြစ်ပါတယ်။ သူ့ကို Galaxy S10 ဖုန်းနဲ့အတူ Samsung Unpacked 2019 မှာ မိတ်ဆက်ပြသပေးခဲ့တာ ဖြစ်ပါတယ်။ Galaxy Fold foldable smartphone စမတ်ဖုန်းကလည်း ပုံမှန်ခေါက်ထားရင်  4.6-inch screen  ဖြစ်ပြီး ဖြန့်လိုက်မယ်ဆိုရင်တော့ 7.3-inch tablet လိုမျိုး ဖြစ်မှာပါ။ 7nm Exynos chip နဲ့ဖြစ်ပြီး 12GB RAM ၊  512GB  storage အသုံးပြုထားပါတယ်။ Samsung အနေနဲ့ ယခုလအတွင်း တရုတ်နိုင်ငံမှာ foldable phone အသစ်ကို ထုတ်ပြဖို့ ပြင်ဆင်လျက် ရှိနေပါတယ်။ ကောလာဟလသတင်းတွေအရ clamshell foldable phone ဖြစ်မယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့လည်း အခြားသတင်းတွေမှာတော့ ဒါဟာ W20 5G ဖုန်းဖြစ်မယ်လို့လည်း ပြောနေကြပါတယ်။ တကယ်တော့ Galaxy W20 ဟာ Galaxy Fold ဖုန်းရဲ့ 5G version ဖုန်း ဖြစ်လာမှာပါ။ Galaxy W20 5G ဖုန်းနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေ တရုတ်ဆက်သွယ်ရေးအေဂျင်ဆီ TENAA  မှာ ထွက်ရှိလာပါတယ်။ ပြထားတဲ့ အချက်အလက်တွေအရ  W20 5G ဟာ အရွယ်အစား 160.9 x 117.9 x 6.9 mm ရှိမယ်လို့ ဆိုပါတယ်။ 4.6 လက်မ ဒုတိယမျက်နှာပြင်တစ်ခုကိုလည်း ဒီစာရင်းထဲမှာ ထည့်ထားပါတယ်။ ဘက်ထရီကတော့ 4135 mAh လို့ သိရပါတယ်။ ဒါဟာ Galaxy Fold မှာ သုံးထားတဲ့ 4380 mAh ထက် လျော့နည်းတဲ့ ပမာဏပါ။ စျေးနှုန်းနဲ့ အခြားအသေးစိတ်အချက်တွေကိုတော့ မသိရသေးပါဘူး။ တရုတ်နိုင်ငံမှာ Galaxy Fold ရဲ့ လူကြိုက်များမှုပေါ်မူတည်ပြီး W20 5G လည်း မိတ်ဆက်တဲ့အခါမှာ ချက်ချင်းရောင်းထွက်နိုင်ပါတယ်။

(4). Royole

Royole ကတော့ စျေးကွက်ထဲမှာ အားလုံးကို လက်ဦးမှုရယူနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုရင် CES 2019 မှာ ပထမဆုံးပြသပြီး စျေးကွက်တင်နိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံအတွင်းမှာသာ ဝယ်ယူနိုင်ဦးမှာ ဖြစ်ပါတယ်။ သူ့ကိုဖြန့်ထားရင် တက်ဘလက်လိုသုံးနိုင်ပြီး ခေါက်ချိုးလိုက်ရင် စမတ်ဖုန်းလို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သူ့ကို ဖြန့်ထားရင် 7.8 လက်မ စကရင်ဖြစ်သွားပြီး တက်ဘလက်လို သုံးနိုင်ပါတယ်။ ခေါက်ချိုးထားရင် 4 လက်မအရွယ်သာ ရှိပါတယ်။ AMOLED Screen အမျိုးအစား ထည့်ထားပါတယ်။ ကင်မရာ 2 လုံး ထည့်သွင်းထားပြီး 16+20MP များ ဖြစ်ပါတယ်။ သူဟာ Qualcomm ရဲ့ 7nm Snapdragon 8150 ကို သုံးထားတဲ့ ပထမဆုံး Device ဖြစ်ပါတယ်။ RAM / Storage အပိုင်းမှာ မော်ဒယ် 3 ခု ထုတ်လုပ်ပေးထားပါတယ်။ 6/128, 8/256, 8/512GB မျာ းရွေးချယ်နိုင်ပါတယ်။ တန်ဖိုးအနည်းဆုံးမော်ဒယ်ကို ယွမ် 9000 (1300 ဒေါ်လာ) သတ်မှတ်ထားပါတယ်။ တစ်နာရီအတွင်းမှာ 0 ကနေ 80 ရာခိုင်နှုန်းအထိ အားဖြည့်နိုင်တဲ့ Ro-Charge အမည်ရ လျှင်မြန်စွာအားသွင်းနိုင်တဲ့ နည်းပညာ ပါပါတယ်။ သူ့ကိုခေါက်ထားရင် 15.2 မီလီမီတာနဲ့ ဖြန့်ထားရင် 7.6 မီလီမီတာအထူ ရှိပါတယ်။ သူ့မှာ Water အမည်ရ OS ထည့်သွင်းထားပြီး ဖုန်းကို ခေါက်ချိုးလိုက်ရင် စကရင်ရဲ့တစ်ဖက်မှာသာ သုံးနေတဲ့ App or Game ကို ပြသပေးပါတယ်။ အခြားတစ်ဖက်မှာ Wallpaper ကို ပြသထားပါတယ်။

(5). Xiaomi

သူများတွေ ဘာဖုန်းထုတ်နေလဲ။ အဲ့လိုဖုန်းမျိုးကို စျေးသက်သာသာနဲ့ လိုချင်ရင် Xiaomi ဆီက စောင့်ပါ။ ဘာကြောင့်လဲဆိုရင် Samsung နဲ့ Royole တို့ဟာ  foldable phones ဖုန်း နည်းပညာသစ်တွေကို ယူဆောင်လာသလိုမျိုး Xiaomi ကလည်း မတူညီတဲ့ ဒီဇိုင်းနဲ့ ကွေးခေါက်နိုင်တဲ့ ဖုန်းကို ထုတ်လာဦးမှာပါ။ Xiaomi ရဲ့ ခေါက်ချိုးဖုန်းဗီဒီယို ထွက်ပေါ်ထားတာတော့ အချိန်အတိုင်းအတာတစ်ခု ကြာခဲ့ပါပြီ။ ဗီဒီယိုမှာ ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူနဲ့ စီအီးအိုဖြစ်သူ လင်ဘင်က ဖုန်းကို အသုံးပြုနေတာကို ပြသထားပါတယ်။ Xiaomi အနေနဲ့ ဒီဗီဒီယိုကို တရားဝင်ထုတ်ပြန်လိုက်တာမဟုတ်ဘဲ ပေါက်ကြားထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုဟာ ၀ီဘိုကနေ စတင်ထွက်ပေါ်လာတာဖြစ်ပြီး YouTube မှာပါ မျှဝေထားကြပါတယ်။ ဗီဒီယိုမှာ အစောပိုင်းတွင် အရွယ်ကြီးတက်ဘလက်တစ်လုံးလို အသုံးပြုနေတာကို ပြသထားပါတယ်။ နောက်ပိုင်းမှာ အစွန်းနှစ်ဖက်ကို အနောက်ဘက်သို့ ခေါက်ချိုးပြီး စမတ်ဖုန်းလို အသုံးပြုနေတာကို မြင်ရပါတယ်။ သူဟာ နမူနာမော်ဒယ် ဖြစ်နိုင်ပါတယ်။ သူ့ကိုဖြန့်ထားရင် မျက်နှာပြင်အချိုးမှာ 3:2 ဖြစ်ပါတယ်။ သူ့ကို ခေါက်ချိုးလိုက်တာနဲ့ User Interface ဟာ သင့်တော်တဲ့အနေအထားကို လျှင်မြန်စွာ ပြောင်းလဲသွားတာကို မြင်ရပါတယ်။ ပါ၀ါခလုတ်ဟာ အပေါ်ဘက်မှာ ရှိပါတယ်။ အဲ့ဒီဖုန်းနဲ့ပတ်သတ်ပြီး နာမည်ဘယ်လိုပေးရမလဲဆိုတာတောင် မေးထားပြီး အများစုကတော့ FoldyMcfoldface လို့ ပေးထားကြပါတယ်။

(6). TCL

TCL ကတော့ 2019 MWC ပြပွဲမှာ ကုမ္ပဏီအများအပြား စိတ်ဝင်စားနေကြတဲ့ ခေါက်စမတ်ဖုန်းထုတ်ကုန်ကို ထုတ်ပြခဲ့ပါတယ်။ အခုထိတော့ စျေးကွက်ထဲ မရောက်သေးပါဘူး။ TCL ရဲ့ ခေါက်စမတ်ဖုန်း အရွယ်အစား 7.2 လက်မဖြစ်ပြီး ပျော့ပြောင်းတဲ့ screen ပါဝင်ကာ Samsung Galaxy Fold နဲ့ အရွယ်တူပါတယ်။ TCL အနေနဲ့ ခေါက်စမတ်ဖုန်းကို တိုးတက်အောင် လုပ်ဆောင်နေဆဲရှိပြီး 2020 နှစ်လည်မှပဲ ရောင်းချဖို့ ရည်မှန်းထားပါတယ်။ TCL ခေါက်စမတ်ဖုန်းကို ဒေါ်လာ 1000 အောက်နဲ့ ရောင်းချဖို့ အမှုဆောင်တွေ ဆန္ဒရှိနေပါတယ်။ 2019 MWC ပြပွဲမှာ ခေါက်စမတ်ဖုန်းရှေ့ပြေးပုံစံနဲ့ ပျော့ပြောင်းတဲ့ OLED display ကို ပြသရုံမကဘဲ DragonHinge လို့ အမည်ပေးထားတဲ့ ခေါက်စမတ်ဖုန်း တည်ဆောက်မှုကိုပါ ပြသခဲ့ပါတယ်။ DragonHinge ကို ဂီယာအသေးစားလေးအသုံးပြုပြီး တည်ဆောက်ထားတယ်လို့ သိရပါတယ်။ TCL ဟာ display panel တွေ တည်ဆောက်နေတဲ့ လုပ်ငန်းဖြစ်ပြီး ထုတ်ကုန်ထုတ်လုပ်သူအားလုံးအတွက် ကန်ထရိုက် လုပ်ပေးပါတယ်။

(7). LG

ကိုရီးယားစမတ်ဖုန်းထုတ်လုပ်သူ LG အနေနဲ့ Mobile World Congress 2019 မှာ V50 ThinQ ကို ထုတ်ပေးလိုက်ပြီး IFA 2019 မှာတော့ G8X ThinQ ကို ထုတ်ပေးလိုက်ပါတယ်။ သူ့အတွက် foldable phone ဆိုတာ မမြင်ရသေးပါဘူး။ အဲ့ဒီအစား Dual Screen accessois နဲ့ စမတ်ဖုန်းကိုသာေ တွ့ရပါသေးတယ်။ LG အနေနဲ့ ကွေးညွတ်စမတ်ဖုန်းကို MWC 2020 မှာ ထုတ်ပြလာမယ်လို့ သတင်းထွက်လာပါတယ်။ လက်ရှိသတင်းတွေအရ LG က touchless input လို့ ပေးထားတဲ့ device သစ်ဟာ နည်းပညာပိုင်းမှာ အတော်အဆင့်မြင့်လာမှာပါ။ ပုံစံအရတော့ ဖုန်းဟာ ခေါက်ချိုးထားတဲ့ ပုံစံဒီဇိုင်းနဲ့ပါ။ စျေးနှုန်းကလည်း $ 1800 ဝန်းကျင်လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ LG အနေနဲ့ အနာဂတ်မိုဘိုင်းဖုန်းစျေးကွက်အတွက် ထူးခြားတဲ့ မူပိုင်ခွင့်တွေကို 2018 နှစ်ကုန်ပိုင်းလောက်က တင်လိုက်ပါတယ်။ အဲ့ဒါကတော့ flexible screens နဲ့ ဖုန်းတွေ ထုတ်လုပ်သွားဖို့ဆိုပြီး မတူညီတဲ့ မော်ဒယ် 3 မျိုးနဲ့ တင်လိုက်တာ ဖြစ်ပါတယ်။ နာမည်တွေကတော့ Flex, Foldi နဲ့ Duplex ဆိုပြီး ဖြစ်ပါတယ်။

(8). OPPO

OPPO ရဲ့ စမတ်ဖုန်းသစ်ကိုတော့ လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ဘာစီလိုနာတွင် ကျင်းပမယ့် Mobile World Congress (MWC) မှာ မြင်တွေ့ရနိုင်ပါတယ်။ ကုမ္ပဏီရဲ့ ထုုတ်ကုန်မန်နေဂျာဖြစ်သူ Chuck Wang က ဒီသတင်းကို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ သူက ခေါက်ချိုးဖုန်းရဲ့ သတင်းအချက်အလက် အသေးစိတ်ကိုတော့ မပြောကြားသေးပါဘူး။ ဒီသတင်းထွက်ထားတာတော့ အတော်ကြာပြီလို့ ဆိုရမှာပါ။ ဒါပေမယ့် အဲ့ဒီဖုန်းသစ်နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေဟာ တရုတ်လူမှုကွန်ရက်ဝီဘိုမှာ ထွက်ရှိထားပါတယ်။ တရားဝင်မှုပိုင်ခွင့်တွေလည်း ရယူပြီး ဖြစ်ပါတယ်။ ဖုန်းရဲ့ပုံစံကတော့ အတွင်းဘက်ကို ခေါက်ထားတဲ့ ပုံစံမျိုးမဟုတ်ဘဲ  OLED wraparound display က အပြင်ဘက်လှန်ထားတဲ့ပုံစံမျိုး ဖြစ်ပါတယ်။ ဒါဟာ ရှေ့ပြေးပုံစံပဲ ရှိပါသေးတယ်။ မျက်နှာပြင်ရဲ့ တခြားဘက်မှာတော့ ပိုထူတဲ့ ဘေးဘောင်ကို တွေ့ရပါတယ်။

(9). Sony

ဂျပန်ကြီးဆိုနီဆီကနေရော ကျွန်တော်တို့ ဘာတွေမျှော်လင့်လို့ ရနိုင်မလဲ။ Sony ရဲ့ foldable smartphone ပြုလုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ထားပြီး Tech Configurations  ကနေ သူနဲ့ပတ်သတ်တဲ့ concept videos တောင် တင်ထားပါတယ်။ သူ့ရဲ့နာမည်ကိုတော့ Xperia Note Flex အပါအဝင် နာမည်အမျိုးမျိုး ပေးထားပါတယ်။ Sony ရဲ့ foldable device ထုတ်လုပ်မှုဟာ နောက်ထပ်အဆင့်တစ်ခုကို ရောက်သွားပြီဆိုတဲ့ သတင်းတွေလည်း ထွက်ထားပါတယ်။ ထွက်ရှိထားတဲ့ သတင်းတွေအရ Xperia Note Flex မှာ  in-display fingerprint reader, dual ကင်မရာနဲ့ Qualcomm’s Snapdragon 855 chip  တွေ သုံးလာမယ်လို့ ဆိုထားပါတယ်။ ပြီးတော့ အဲ့ဒီဖုန်းကို ပိုလီမာနဲ့ 6.2-inch OLED display သုံးထားပြီး ဖုန်းကို ခေါက်ထားတဲ့အချိန် display ဟာ 4K resolution ဖော်ပြနိုင်စွမ်းရှိမယ်လို့ concept ပါ အချက်အလက်တွေအရ သိရပါတယ်။

(10). Apple

ကျူပါတီနိုအခြေစိုက်ကုမ္ပဏီကတော့ အဲ့လောက်တောင်ပြောင်းလဲနေတဲ့ စမတ်ဖုန်း  trend နောက်ကို မလိုက်ပဲနဲ့နေမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် Apple က ခေါက်ချိုးဖုန်းဒီဇိုင်းတစ်ခုကို မှတ်ပုံတင်ထားလို့ပါ။ သူဟာ Samsung Galaxy Fold လို အတွင်းဘက်ကို ခေါက်ချိုးတဲ့ဒီဇိုင်း ဖြစ်ပါတယ်။ သူ့မှာ Display Layer အပြင် Protective Cover Layer လည်း ပါပါတယ်။ မျက်နှာပြင်ရဲ့ အထက်မှ Protective Cover Layer ကို Glass, Sapphire, Zirconia များနဲ့ ပြုလုပ်ထားမယ်လို့ သတင်းထွက်နေပါတယ်။ ပုံစံဒီဇိုင်းကတော့ 3 ခေါက်ချိုး ပုံစံမျိုးပါ။ apple က သူ့ရဲ့ခေါက်ချိုးစမတ်ဖုန်းကို 2020 ခုနှစ်မှာ ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Foldable Phones Are Back : These Are The Best Folding Phones Incoming

ဒီေန႔ေခတ္စမတ္ဖုန္းေတြဟာ ပုံစံဒီဇိုင္း ေျပာင္းလဲလာပါၿပီ။ ဘယ္ေလာက္ထိေအာင္လဲဆိုရင္ ဒီေန႔ေခတ္မွာ ထြက္လာတဲ့ စမတ္ဖုန္းေတြဟာ အေကာင္းဆုံးကင္မရာအျပင္အဆင္၊ 5G ကြန္ရက္ခ်ိတ္ဆက္မႈနဲ႔ ေဖ်ာ္ေျဖေရးဆိုင္ရာအတြက္ အေထာက္အပံ့ေပါင္းစုံဟာ ဖုန္းတစ္လုံးထဲမွာ ပါဝင္လာခဲ့ပါၿပီ။ သင့္အေနနဲ႔ စာသားမက္ေဆ့ေတြ ပို႔လို႔ရၿပီး စနိမ့္ဂိမ္းေလးေဆာ့ကစားလို႔ရတဲ့ Nokia 3310 လိုဖုန္းမ်ိဳးေတြ သုံးခဲ့ရတဲ့အခ်ိန္ေတြကို မွတ္မိႏုိင္ပါ့ဦးမလား။
အရာရာတုိင္းဟာ ေခတ္ေရွ႕ေျပးဖုိ႔အတြက္ အသင့္ျဖစ္ေနၾကပါၿပီ။ Nokia 3310 လိုဖုန္းမ်ိဳးေတြထြက္ၿပီး ဆယ္စုႏွစ္ 1 ခုေက်ာ္ၾကာတဲ့အခ်ိန္မွာ ကၽြန္ေတာ္တို႔လက္ထဲကို ေရာက္လာတာက in-display fingerprint scanners, bezel free displays, punch-hole အေရွ႕ဘက္ကင္မရာနဲ႔ လြယ္ကူစြာသုံးလို႔ရတဲ့ slider နဲ႔ flip phones ေတြပဲ ျဖစ္ပါတယ္။ ဒီေန႔ ထပ္မံေရြးခ်ယ္ရမွာေတြကေတာ့ dual screens (သို႔) flexible foldable displays ဖုန္းေတြပဲ ျဖစ္ပါတယ္။ flexible foldable displays ဖုန္းေတြကေတာ့ လက္ရွိအခ်ိန္မွာ အေတာ္ေလးထြက္ထားတာကို ေတြ႕ရပါတယ္။ လက္ရွိနည္းပညာေလာကရဲ႕ ဦးေဆာင္သူေတြျဖစ္တဲ့ Huawei, Samsung တို႔နဲ႔အတူ Royole တို႔ရဲ႕ဖုန္းေတြ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရက္က ထပ္မံထြက္ရွိလာတာကေတာ့ Motorola ဖုန္းပါ။ ယေန႔ေခတ္အတြက္ foldable smartphone စမတ္ဖုန္းေတြဟာ တကယ္ေရာ လိုအပ္ၿပီလား။ လက္ရွိအခ်ိန္မွာေတာ့ Android ေထာက္ပံ့မႈနဲ႔ foldable smartphone ေတြပဲ ထြက္ပါေသးတယ္။ Apple အေနနဲ႔ အနာဂတ္မွာ foldable smartphone ထုတ္လာႏုိင္မလား။ အေကာင္းဆုံးလုိ႔ သတ္မွတ္ခံထားရတဲ့ foldable စမတ္ဖုန္းေတြက ဘယ္ေမာ္ဒယ္ေတြမ်ားလဲဆိုတာ သိေစဖုိ႔အတြက္ စုစည္းေဖာ္ျပေပးလိုက္ပါတယ္။

(1). Motorola

Motorola Razr ကလည္း မတူညီတဲ့ဒီဇိုင္းနဲ႔ ေစ်းကြက္ကို ဝင္ေရာက္လာတဲ့ စမတ္ဖုန္းလုိ႔ ဆိုရမွာပါ။ Lenovo က ပိုင္ဆုိင္တဲ့ Motorola အေနနဲ႔ လြန္ခဲ့တဲ့ 15 ႏွစ္ေလာက္က iconic Razr flip phone ဖုန္းကို foldable phone အျဖစ္ ေျပာင္းလဲလိုက္တာ ျဖစ္ပါတယ္။ ယခင္က ခလုတ္ခုံေနရာေလးမွာ ေခါက္ခ်ိဳးႏိုင္တဲ့ flexible OLED screen display အျဖစ္ ေျပာင္းေပးလိုက္တာ ျဖစ္ပါတယ္။ အေရွ႕ဘက္ပုံစံကေတာ့ Quick View display အျဖစ္ ရွိေနမွာပါ။ Motorola Razr မွာ 6.2 လက္မအရြယ္ ေခါက္ထားႏိုင္တဲ့ panel တစ္ခု ပါဝင္လာပါတယ္။ Snapdragon 710 ကို RAM 6GB နဲ႔ storage 128GB နဲ႔ ေပါင္းစပ္ထားပါတယ္။ ဖုန္းမွာ ကင္မရာ 2 လုံးပဲ ပါဝင္လာပါတယ္။ ဖုန္းကို flip လုပ္တဲ့အပိုင္းနဲ႔ အထဲမွာ ကင္မရာ 1 လုံးစီ ထည့္သြင္းထားပါတယ္။ အဓိကကင္မရာမွာ 16MP f/1.7 နဲ႔အတူ EIS, Dual Pixel AF နဲ႔ Laser AF တို႔ ပါဝင္လာပါတယ္။ ဒါ့အျပင္ dual LED flash လည္း ပါဝင္လာပါတယ္။ ေရွ႕ကင္မရာကေတာ့ 5MP f/2.0 ျဖစ္ၿပီး flash ေတာ့ မပါဝင္ပါဘူး။ ဒုတိယေျမာက္ Quick View display မ်က္ႏွာျပင္က ဖုန္းကို ျဖန႔္စရာမလိုဘဲ ဖုန္းေခၚဆိုတာ၊ selfie ႐ိုက္တာနဲ႔ settings အဖြင့္အပိတ္နဲ႔ Google Assistant လိုမ်ိဳး အေရးႀကီး feature ေတြကို အသုံးျပဳႏိုင္ပါတယ္။ ဘက္ထရီ 2510 mAh နဲ႔ 15W TurboPower အားသြင္းစနစ္လည္း ပါဝင္လာပါတယ္။ ဖုန္းရဲ႕ OS က Android Pie သုံးႏုိင္မွာပါ။

(2). Huawei

Mate X လို႔ နာမည္ေပးထားတဲ့ ေကြးညႊတ္ဖုန္းသစ္မွာ ထူးျခားခ်က္ေတြ ရွိေနပါတယ္။ အဓိကအားျဖင့္ အပါးဆုံးနဲ႔ အားသြင္းအျမန္ဆုံးဆိုၿပီး ေျပာထားပါတယ္။ Huawei က ေျပာၾကားခ်က္အရ Mate X ရဲ႕ ဘက္ထရီစြမ္းအားအတြက္ မိနစ္ 30 အားသြင္းတာနဲ႔ ဘက္ထရီ 85% အထိ ရရွိေစမယ္လို႔ သိရပါတယ္။ 8 လက္မ မ်က္ႏွာျပင္နဲ႔ျဖစ္ၿပီး 2480 x 2200 pixels ေဖာ္ျပႏုိင္စြမ္းနဲ႔ပါ။ တစ္နည္းအားျဖင့္ ျဖန္႔ထားမယ္ဆိုရင္ 8 inch tablet display နဲ႔ျဖစ္ၿပီး ေခါက္လိုက္မယ္ဆိုရင္ေတာ့ 6.6 လက္မ စမတ္ဖုန္း ျဖစ္သြားမွာပါ။ ေနာက္ဘက္မ်က္ႏွာျပင္ကေတာ့ 6.4-inch (25:9, 2480 x 892) ျဖစ္သြားမွာပါ။ OLED display ကို သုံးထားၿပီး 11 mm အထူသာရွိမွာ ျဖစ္ပါတယ္။ ဘက္ထရီကေတာ့ 4500 mAh စြမ္းအားကို သုံးထားၿပီး ပ႐ိုဆက္ဆာကေတာ့ Kirin 980 နဲ႔ပါ။ ဒုတိယမ်က္ႏွာျပင္ဟာ nubia X နဲ႔ NEX Dual Display တုိ႔နဲ႔ ဆင္တူပါတယ္။ စမတ္ဖုန္းသစ္မွာ 55W SuperCharge ေထာက္ပံ့ထားတာေၾကာင့္ ျမန္ဆန္သြက္လက္စြာ အားသြင္းႏုိင္မွာ ျဖစ္ပါတယ္။ အခ်က္အလက္သိုေလွာင္မႈပိုင္းအတြက္ 8GB RAM မွာ 512GB storage ဗားရွင္းတစ္မိ်ဳးတည္းသာ ထုတ္ထားပါတယ္။

(3). Samsung

အခုဆုိရင္ Samsung Galaxy Fold ဖုန္းေတြကို ေစ်းကြက္ထဲမွာ ေရာင္းခ်ထားၿပီ ျဖစ္ပါတယ္။ ေဖေဖာ္ဝါရီလက မိတ္ဆက္ခဲ့တဲ့ ဒီဖုန္းကို ယခုလအတြင္းမွာမွ ေရာင္းခ်ႏိုင္ခဲ့တာကေတာ့ ထုတ္လုပ္မႈပိုင္းဆိုင္ရာ ျပႆနာအနည္းငယ္ေၾကာင့္ ျဖစ္ပါတယ္။ သူ႔ကို Galaxy S10 ဖုန္းနဲ႔အတူ Samsung Unpacked 2019 မွာ မိတ္ဆက္ျပသေပးခဲ့တာ ျဖစ္ပါတယ္။ Galaxy Fold foldable smartphone စမတ္ဖုန္းကလည္း ပုံမွန္ေခါက္ထားရင္  4.6-inch screen  ျဖစ္ၿပီး ျဖန္႔လုိက္မယ္ဆိုရင္ေတာ့ 7.3-inch tablet လိုမ်ိဳး ျဖစ္မွာပါ။ 7nm Exynos chip နဲ႔ျဖစ္ၿပီး 12GB RAM ၊  512GB  storage အသုံးျပဳထားပါတယ္။ Samsung အေနနဲ႔ ယခုလအတြင္း တ႐ုတ္ႏုိင္ငံမွာ foldable phone အသစ္ကို ထုတ္ျပဖုိ႔ ျပင္ဆင္လ်က္ ရွိေနပါတယ္။ ေကာလာဟလသတင္းေတြအရ clamshell foldable phone ျဖစ္မယ္လို႔ ဆိုၾကပါတယ္။ ဒါေပမဲ့လည္း အျခားသတင္းေတြမွာေတာ့ ဒါဟာ W20 5G ဖုန္းျဖစ္မယ္လို႔လည္း ေျပာေနၾကပါတယ္။ တကယ္ေတာ့ Galaxy W20 ဟာ Galaxy Fold ဖုန္းရဲ႕ 5G version ဖုန္း ျဖစ္လာမွာပါ။ Galaxy W20 5G ဖုန္းနဲ႔ ပတ္သတ္တဲ့ အခ်က္အလက္ေတြ တ႐ုတ္ဆက္သြယ္ေရးေအဂ်င္ဆီ TENAA  မွာ ထြက္ရွိလာပါတယ္။ ျပထားတဲ့ အခ်က္အလက္ေတြအရ  W20 5G ဟာ အရြယ္အစား 160.9 x 117.9 x 6.9 mm ရွိမယ္လို႔ ဆိုပါတယ္။ 4.6 လက္မ ဒုတိယမ်က္ႏွာျပင္တစ္ခုကိုလည္း ဒီစာရင္းထဲမွာ ထည့္ထားပါတယ္။ ဘက္ထရီကေတာ့ 4135 mAh လို႔ သိရပါတယ္။ ဒါဟာ Galaxy Fold မွာ သုံးထားတဲ့ 4380 mAh ထက္ ေလ်ာ့နည္းတဲ့ ပမာဏပါ။ ေစ်းႏႈန္းနဲ႔ အျခားအေသးစိတ္အခ်က္ေတြကိုေတာ့ မသိရေသးပါဘူး။ တ႐ုတ္ႏိုင္ငံမွာ Galaxy Fold ရဲ႕ လူႀကိဳက္မ်ားမႈေပၚမူတည္ၿပီး W20 5G လည္း မိတ္ဆက္တဲ့အခါမွာ ခ်က္ခ်င္းေရာင္းထြက္ႏိုင္ပါတယ္။

(4). Royole

Royole ကေတာ့ ေစ်းကြက္ထဲမွာ အားလုံးကို လက္ဦးမႈရယူႏိုင္ခဲ့တယ္လို႔ ဆိုရမွာပါ။ ဘာေၾကာင့္လဲဆိုရင္ CES 2019 မွာ ပထမဆုံးျပသၿပီး ေစ်းကြက္တင္ႏုိင္ခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ တ႐ုတ္ႏုိင္ငံအတြင္းမွာသာ ဝယ္ယူႏုိင္ဦးမွာ ျဖစ္ပါတယ္။ သူ႔ကိုျဖန္႔ထားရင္ တက္ဘလက္လိုသံုးႏိုင္ၿပီး ေခါက္ခ်ိဳးလိုက္ရင္ စမတ္ဖုန္းလို အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။ သူ႔ကို ျဖန္႔ထားရင္ 7.8 လက္မ စကရင္ျဖစ္သြားၿပီး တက္ဘလက္လို သံုးႏုိင္ပါတယ္။ ေခါက္ခ်ိဳးထားရင္ 4 လက္မအရြယ္သာ ရွိပါတယ္။ AMOLED Screen အမ်ိဳးအစား ထည့္ထားပါတယ္။ ကင္မရာ 2 လံုး ထည့္သြင္းထားၿပီး 16+20MP မ်ား ျဖစ္ပါတယ္။ သူဟာ Qualcomm ရဲ႕ 7nm Snapdragon 8150 ကို သံုးထားတဲ့ ပထမဆံုး Device ျဖစ္ပါတယ္။ RAM / Storage အပိုင္းမွာ ေမာ္ဒယ္ 3 ခု ထုတ္လုပ္ေပးထားပါတယ္။ 6/128, 8/256, 8/512GB မ်ာ းေရြးခ်ယ္ႏုိင္ပါတယ္။ တန္ဖိုးအနည္းဆံုးေမာ္ဒယ္ကို ယြမ္ 9000 (1300 ေဒၚလာ) သတ္မွတ္ထားပါတယ္။ တစ္နာရီအတြင္းမွာ 0 ကေန 80 ရာခုိင္ႏႈန္းအထိ အားျဖည့္ႏိုင္တဲ့ Ro-Charge အမည္ရ လွ်င္ျမန္စြာအားသြင္းႏိုင္တဲ့ နည္းပညာ ပါပါတယ္။ သူ႔ကိုေခါက္ထားရင္ 15.2 မီလီမီတာနဲ႔ ျဖန္႔ထားရင္ 7.6 မီလီမီတာအထူ ရွိပါတယ္။ သူ႔မွာ Water အမည္ရ OS ထည့္သြင္းထားၿပီး ဖုန္းကို ေခါက္ခ်ိဳးလိုက္ရင္ စကရင္ရဲ႕တစ္ဖက္မွာသာ သံုးေနတဲ့ App or Game ကို ျပသေပးပါတယ္။ အျခားတစ္ဖက္မွာ Wallpaper ကို ျပသထားပါတယ္။

(5). Xiaomi

သူမ်ားေတြ ဘာဖုန္းထုတ္ေနလဲ။ အဲ့လိုဖုန္းမ်ိဳးကို ေစ်းသက္သာသာနဲ႔ လိုခ်င္ရင္ Xiaomi ဆီက ေစာင့္ပါ။ ဘာေၾကာင့္လဲဆိုရင္ Samsung နဲ႔ Royole တို႔ဟာ  foldable phones ဖုန္း နည္းပညာသစ္ေတြကို ယူေဆာင္လာသလုိမ်ိဳး Xiaomi ကလည္း မတူညီတဲ့ ဒီဇုိင္းနဲ႔ ေကြးေခါက္ႏိုင္တဲ့ ဖုန္းကို ထုတ္လာဦးမွာပါ။ Xiaomi ရဲ႕ ေခါက္ခ်ိဳးဖုန္းဗီဒီယို ထြက္ေပၚထားတာေတာ့ အခ်ိန္အတိုင္းအတာတစ္ခု ၾကာခဲ့ပါၿပီ။ ဗီဒီယိုမွာ ကုမၸဏီရဲ႕ ပူးတြဲတည္ေထာင္သူနဲ႔ စီအီးအိုျဖစ္သူ လင္ဘင္က ဖုန္းကို အသံုးျပဳေနတာကို ျပသထားပါတယ္။ Xiaomi အေနနဲ႔ ဒီဗီဒီယိုကို တရား၀င္ထုတ္ျပန္လိုက္တာမဟုတ္ဘဲ ေပါက္ၾကားထြက္ေပၚလာတာ ျဖစ္ပါတယ္။ ဒီဗီဒီယိုဟာ ၀ီဘိုကေန စတင္ထြက္ေပၚလာတာျဖစ္ၿပီး YouTube မွာပါ မွ်ေ၀ထားၾကပါတယ္။ ဗီဒီယိုမွာ အေစာပိုင္းတြင္ အရြယ္ႀကီးတက္ဘလက္တစ္လံုးလို အသံုးျပဳေနတာကို ျပသထားပါတယ္။ ေနာက္ပိုင္းမွာ အစြန္းႏွစ္ဖက္ကို အေနာက္ဘက္သို႔ ေခါက္ခ်ိဳးၿပီး စမတ္ဖုန္းလို အသံုးျပဳေနတာကို ျမင္ရပါတယ္။ သူဟာ နမူနာေမာ္ဒယ္ ျဖစ္ႏိုင္ပါတယ္။ သူ႔ကိုျဖန္႔ထားရင္ မ်က္ႏွာျပင္အခ်ိဳးမွာ 3:2 ျဖစ္ပါတယ္။ သူ႔ကို ေခါက္ခ်ိဳးလိုက္တာနဲ႔ User Interface ဟာ သင့္ေတာ္တဲ့အေနအထားကို လွ်င္ျမန္စြာ ေျပာင္းလဲသြားတာကို ျမင္ရပါတယ္။ ပါ၀ါခလုတ္ဟာ အေပၚဘက္မွာ ရွိပါတယ္။ အဲ့ဒီဖုန္းနဲ႔ပတ္သတ္ၿပီး နာမည္ဘယ္လိုေပးရမလဲဆိုတာေတာင္ ေမးထားၿပီး အမ်ားစုကေတာ့ FoldyMcfoldface လို႔ ေပးထားၾကပါတယ္။

(6). TCL

TCL ကေတာ့ 2019 MWC ျပပြဲမွာ ကုမၸဏီအမ်ားအျပား စိတ္ဝင္စားေနၾကတဲ့ ေခါက္စမတ္ဖုန္းထုတ္ကုန္ကုိ ထုတ္ျပခဲ့ပါတယ္။ အခုထိေတာ့ ေစ်းကြက္ထဲ မေရာက္ေသးပါဘူး။ TCL ရဲ႕ ေခါက္စမတ္ဖုန္း အရြယ္အစား 7.2 လက္မျဖစ္ၿပီး ေပ်ာ႔ေျပာင္းတဲ့ screen ပါဝင္ကာ Samsung Galaxy Fold နဲ႔ အရြယ္တူပါတယ္။ TCL အေနနဲ႔ ေခါက္စမတ္ဖုန္းကို တိုးတက္ေအာင္ လုပ္ေဆာင္ေနဆဲရွိၿပီး 2020 ႏွစ္လည္မွပဲ ေရာင္းခ်ဖို႔ ရည္မွန္းထားပါတယ္။ TCL ေခါက္စမတ္ဖုန္းကုိ ေဒၚလာ 1000 ေအာက္နဲ႔ ေရာင္းခ်ဖို႔ အမႈေဆာင္ေတြ ဆႏၵရွိေနပါတယ္။ 2019 MWC ျပပြဲမွာ ေခါက္စမတ္ဖုန္းေရွ႕ေျပးပုံစံနဲ႔ ေပ်ာ႔ေျပာင္းတဲ့ OLED display ကုိ ျပသ႐ုံမကဘဲ DragonHinge လို႔ အမည္ေပးထားတဲ့ ေခါက္စမတ္ဖုန္း တည္ေဆာက္မႈကုိပါ ျပသခဲ့ပါတယ္။ DragonHinge ကုိ ဂီယာအေသးစားေလးအသုံးျပဳၿပီး တည္ေဆာက္ထားတယ္လို႔ သိရပါတယ္။ TCL ဟာ display panel ေတြ တည္ေဆာက္ေနတဲ့ လုပ္ငန္းျဖစ္ၿပီး ထုတ္ကုန္ထုတ္လုပ္သူအားလုံးအတြက္ ကန္ထ႐ိုက္ လုပ္ေပးပါတယ္။

(7). LG

ကိုရီးယားစမတ္ဖုန္းထုတ္လုပ္သူ LG အေနနဲ႔ Mobile World Congress 2019 မွာ V50 ThinQ ကို ထုတ္ေပးလိုက္ၿပီး IFA 2019 မွာေတာ့ G8X ThinQ ကို ထုတ္ေပးလုိက္ပါတယ္။ သူ႔အတြက္ foldable phone ဆိုတာ မျမင္ရေသးပါဘူး။ အဲ့ဒီအစား Dual Screen accessois နဲ႔ စမတ္ဖုန္းကိုသာေ တြ႕ရပါေသးတယ္။ LG အေနနဲ႔ ေကြးညြတ္စမတ္ဖုန္းကို MWC 2020 မွာ ထုတ္ျပလာမယ္လို႔ သတင္းထြက္လာပါတယ္။ လက္ရွိသတင္းေတြအရ LG က touchless input လို႔ ေပးထားတဲ့ device သစ္ဟာ နည္းပညာပိုင္းမွာ အေတာ္အဆင့္ျမင့္လာမွာပါ။ ပုံစံအရေတာ့ ဖုန္းဟာ ေခါက္ခ်ိဳးထားတဲ့ ပုံစံဒီဇုိင္းနဲ႔ပါ။ ေစ်းႏႈန္းကလည္း $ 1800 ဝန္းက်င္ေလာက္ရွိမယ္လို႔ ခန္႔မွန္းထားပါတယ္။ LG အေနနဲ႔ အနာဂတ္မိုဘိုင္းဖုန္းေစ်းကြက္အတြက္ ထူးျခားတဲ့ မူပိုင္ခြင့္ေတြကို 2018 ႏွစ္ကုန္ပိုင္းေလာက္က တင္လိုက္ပါတယ္။ အဲ့ဒါကေတာ့ flexible screens နဲ႔ ဖုန္းေတြ ထုတ္လုပ္သြားဖို႔ဆိုၿပီး မတူညီတဲ့ ေမာ္ဒယ္ 3 မ်ိဳးနဲ႔ တင္လိုက္တာ ျဖစ္ပါတယ္။ နာမည္ေတြကေတာ့ Flex, Foldi နဲ႔ Duplex ဆိုၿပီး ျဖစ္ပါတယ္။

(8). OPPO

OPPO ရဲ႕ စမတ္ဖုန္းသစ္ကိုေတာ့ လာမယ့္ႏွစ္ ေဖေဖာ္၀ါရီလမွာ ဘာစီလိုနာတြင္ က်င္းပမယ့္ Mobile World Congress (MWC) မွာ ျမင္ေတြ႕ရႏိုင္ပါတယ္။ ကုမၸဏီရဲ႕ ထုုတ္ကုန္မန္ေနဂ်ာျဖစ္သူ Chuck Wang က ဒီသတင္းကို ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။ သူက ေခါက္ခ်ိဳးဖုန္းရဲ႕ သတင္းအခ်က္အလက္ အေသးစိတ္ကိုေတာ့ မေျပာၾကားေသးပါဘူး။ ဒီသတင္းထြက္ထားတာေတာ့ အေတာ္ၾကာၿပီလို႔ ဆိုရမွာပါ။ ဒါေပမယ့္ အဲ့ဒီဖုန္းသစ္နဲ႔ ပတ္သတ္တဲ့ အခ်က္အလက္ေတြဟာ တ႐ုတ္လူမႈကြန္ရက္ဝီဘိုမွာ ထြက္ရွိထားပါတယ္။ တရားဝင္မႈပိုင္ခြင့္ေတြလည္း ရယူၿပီး ျဖစ္ပါတယ္။ ဖုန္းရဲ႕ပုံစံကေတာ့ အတြင္းဘက္ကို ေခါက္ထားတဲ့ ပုံစံမ်ိဳးမဟုတ္ဘဲ  OLED wraparound display က အျပင္ဘက္လွန္ထားတဲ့ပုံစံမ်ိဳး ျဖစ္ပါတယ္။ ဒါဟာ ေရွ႕ေျပးပုံစံပဲ ရွိပါေသးတယ္။ မ်က္ႏွာျပင္ရဲ႕ တျခားဘက္မွာေတာ့ ပိုထူတဲ့ ေဘးေဘာင္ကို ေတြ႕ရပါတယ္။

(9). Sony

ဂ်ပန္ႀကီးဆိုနီဆီကေနေရာ ကၽြန္ေတာ္တို႔ ဘာေတြေမွ်ာ္လင့္လို႔ ရႏုိင္မလဲ။ Sony ရဲ႕ foldable smartphone ျပဳလုပ္ေနတယ္ဆိုတဲ့ သတင္းေတြ ထြက္ထားၿပီး Tech Configurations  ကေန သူနဲ႔ပတ္သတ္တဲ့ concept videos ေတာင္ တင္ထားပါတယ္။ သူ႔ရဲ႕နာမည္ကိုေတာ့ Xperia Note Flex အပါအဝင္ နာမည္အမ်ိဳးမ်ိဳး ေပးထားပါတယ္။ Sony ရဲ႕ foldable device ထုတ္လုပ္မႈဟာ ေနာက္ထပ္အဆင့္တစ္ခုကို ေရာက္သြားၿပီဆိုတဲ့ သတင္းေတြလည္း ထြက္ထားပါတယ္။ ထြက္ရွိထားတဲ့ သတင္းေတြအရ Xperia Note Flex မွာ  in-display fingerprint reader, dual ကင္မရာနဲ႔ Qualcomm’s Snapdragon 855 chip  ေတြ သုံးလာမယ္လုိ႔ ဆိုထားပါတယ္။ ၿပီးေတာ့ အဲ့ဒီဖုန္းကို ပိုလီမာနဲ႔ 6.2-inch OLED display သုံးထားၿပီး ဖုန္းကို ေခါက္ထားတဲ့အခ်ိန္ display ဟာ 4K resolution ေဖာ္ျပႏုိင္စြမ္းရွိမယ္လို႔ concept ပါ အခ်က္အလက္ေတြအရ သိရပါတယ္။

(10). Apple

က်ဴပါတီႏိုအေျခစိုက္ကုမၸဏီကေတာ့ အဲ့ေလာက္ေတာင္ေျပာင္းလဲေနတဲ့ စမတ္ဖုန္း  trend ေနာက္ကို မလိုက္ပဲနဲ႔ေနမွာ မဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆိုရင္ Apple က ေခါက္ခ်ိဳးဖုန္းဒီဇိုင္းတစ္ခုကို မွတ္ပံုတင္ထားလို႔ပါ။ သူဟာ Samsung Galaxy Fold လို အတြင္းဘက္ကို ေခါက္ခ်ိဳးတဲ့ဒီဇိုင္း ျဖစ္ပါတယ္။ သူ႔မွာ Display Layer အျပင္ Protective Cover Layer လည္း ပါပါတယ္။ မ်က္ႏွာျပင္ရဲ႕ အထက္မွ Protective Cover Layer ကို Glass, Sapphire, Zirconia မ်ားနဲ႔ ျပဳလုပ္ထားမယ္လို႔ သတင္းထြက္ေနပါတယ္။ ပုံစံဒီဇိုင္းကေတာ့ 3 ေခါက္ခ်ိဳး ပုံစံမ်ိဳးပါ။ apple က သူ႔ရဲ႕ေခါက္ခ်ိဳးစမတ္ဖုန္းကို 2020 ခုႏွစ္မွာ ထုတ္လုပ္ေရာင္းခ်မယ္လို႔ သတင္းထြက္ေနပါတယ္။

NetGuide Journal (Every Wednesday)