Flip Diving ဟာ ဒိုင်ဗင်ထိုးစွမ်းရည်ပြသရမယ့် အားကစားဂိမ်းတစ်ခုဖြစ်ပြီး ရှေ့ကျွမ်းထိုးတာ၊ နောက်ကျွမ်းပစ်တာ စတဲ့ မတူညီတဲ့ပုံစံအမျိုးမျိုးနဲ့ ဒိုင်ဗင်ထိုးရမှာ ဖြစ်ပါတယ်။ မြင့်မားတဲ့ချောက်ကမ်းပါးတွေ၊ သစ်ပင်တွေ၊ ရဲတိုက်တွေ၊ စပရိန်နဲ့ကြက်ထားတဲ့ ပတ္တုဖျင်ချပ်တွေနဲ့ ခနော်နီနော်နဲ့ ပလက်ဖောင်းတွေကနေ ကျွမ်းကျင်စွာ ဒိုင်ဗင်ထိုးဆင်းပြနိုင်ရမှာ ဖြစ်ပါတယ်။ ဒိုင်ဗင်သမားအများကြီးထဲကနေ ကိုယ့်အတွက်တစ်ယောက်ကို ရွေးချယ်ပြီး ကျောက်ဆောင်တွေနဲ့ မတိုက်မိဘဲ ရေထဲကို မှန်ကန်စွာကျနိုင်အောင် ထိန်းချုပ်တတ်ဖို့က အဓိက ဖြစ်ပါတယ်။ သစ်ပင်၊ လှေနဲ့ စပရိန်နဲ့ကြက်ထားတဲ့ဖျင်ချပ်အပါအဝင် ဒိုင်ဗင်ထိုးချနိုင်တဲ့နေရာ 50 ကျော်ကို ရွေးချယ်နိုင်ပြီး ကိုယ့်ရဲ့ဒိုင်ဗင်သမားကို စီးပွားရေးလုပ်ငန်းရှင် ဒါမှမဟုတ် ကိုယ်ကာယလေ့ကျင့်ရေးသမားကိုဖြစ်စေ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒိုင်ဗင်သမားတစ်ယောက်ချင်းစီမှာ မတူညီတဲ့စွမ်းရည်၊ ကိုယ်အလေးချိန်နဲ့ ထူးခြားတဲ့ ပုံစံတွေရှိတာကြောင့် ဒါတွေပေါ်မူတည်ပြီး ထိန်းချုပ်သွားရမှာ ဖြစ်ပါတယ်။ အကောင်းဆုံးဒိုင်ဗင်ကွက်တွေကို record လုပ်ပြီးတော့ သူငယ်ချင်းတွေနဲ့ share လုပ်နိုင်ဦးမှာပါ။ အင်တာနက်မလိုဘဲ offline နဲ့ ကစားနိုင်ပြီး ကစားဖို့အတွက် iOS 8.0 နဲ့အထက် လိုအပ်မှာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Flip Diving

Flip Diving ဟာ ဒိုင္ဗင္ထိုးစြမ္းရည္ျပသရမယ့္ အားကစားဂိမ္းတစ္ခုျဖစ္ၿပီး ေရွ႕ကြၽမ္းထုိးတာ၊ ေနာက္ကြၽမ္းပစ္တာ စတဲ့ မတူညီတဲ့ပံုစံအမ်ိဳးမ်ိဳးနဲ႔ ဒိုင္ဗင္ထုိးရမွာ ျဖစ္ပါတယ္။ ျမင့္မားတဲ့ေခ်ာက္ကမ္းပါးေတြ၊ သစ္ပင္ေတြ၊ ရဲတိုက္ေတြ၊ စပရိန္နဲ႔ၾကက္ထားတဲ့ ပတၱဳဖ်င္ခ်ပ္ေတြနဲ႔ ခေနာ္နီေနာ္နဲ႔ ပလက္ေဖာင္းေတြကေန ကြၽမ္းက်င္စြာ ဒိုင္ဗင္ထိုးဆင္းျပႏိုင္ရမွာ ျဖစ္ပါတယ္။ ဒိုင္ဗင္သမားအမ်ားႀကီးထဲကေန ကိုယ့္အတြက္တစ္ေယာက္ကို ေရြးခ်ယ္ၿပီး ေက်ာက္ေဆာင္ေတြနဲ႔ မတိုက္မိဘဲ ေရထဲကို မွန္ကန္စြာက်ႏိုင္ေအာင္ ထိန္းခ်ဳပ္တတ္ဖုိ႔က အဓိက ျဖစ္ပါတယ္။ သစ္ပင္၊ ေလွနဲ႔ စပရိန္နဲ႔ၾကက္ထားတဲ့ဖ်င္ခ်ပ္အပါအဝင္ ဒိုင္ဗင္ထိုးခ်ႏိုင္တဲ့ေနရာ 50 ေက်ာ္ကို ေရြးခ်ယ္ႏိုင္ၿပီး ကိုယ့္ရဲ႕ဒိုင္ဗင္သမားကို စီးပြားေရးလုပ္ငန္းရွင္ ဒါမွမဟုတ္ ကိုယ္ကာယေလ့က်င့္ေရးသမားကိုျဖစ္ေစ ေရြးခ်ယ္ႏုိင္မွာ ျဖစ္ပါတယ္။ ဒိုင္ဗင္သမားတစ္ေယာက္ခ်င္းစီမွာ မတူညီတဲ့စြမ္းရည္၊ ကိုယ္အေလးခ်ိန္နဲ႔ ထူးျခားတဲ့ ပံုစံေတြရွိတာေၾကာင့္ ဒါေတြေပၚမူတည္ၿပီး ထိန္းခ်ဳပ္သြားရမွာ ျဖစ္ပါတယ္။ အေကာင္းဆံုးဒိုင္ဗင္ကြက္ေတြကို record လုပ္ၿပီးေတာ့ သူငယ္ခ်င္းေတြနဲ႔ share လုပ္ႏိုင္ဦးမွာပါ။ အင္တာနက္မလုိဘဲ offline နဲ႔ ကစားႏိုင္ၿပီး ကစားဖို႔အတြက္ iOS 8.0 နဲ႔အထက္ လိုအပ္မွာ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)