• စာရေးသူ: GT (Excellent)

ယခုတစ်ပတ်မှာထွက်ရှိလာတဲ့ဂိမ်းကတော့ Cities Skylines: Modern City Center ဆိုတဲ့အခွေလေးပါ။ ဒီဂိမ်းလေးကတော့ သာမန်အပစ်အခတ်၊ အထိုးအခုတ်ဂိမ်းတွေကို မူးနောက်ငြီးငွေ့တတ်တဲ့ပရိသတ်တွေအတွက် ကြည်ကြည်လင်လင်နဲ့အကြိုက်တွေ့စေမယ့် City-building, Construction and Management Simulation ဂိမ်းအမျိုးအစားလေးပါ။ နာမည်ကျော် Cities: Skylines စီးရီးအတွက် (9)ခုမြောက် Expansion Pack ဖြစ်ပြီး ဖန်တီးပေးတဲ့ Developer(s) ကတော့ Jason “AmiPolizeiFunk” Ditmars အုပ်စုပါ။ Publisher ကတော့ simulation ဂိမ်းတော်တော်များများကိုတင်ဆက်ပေးတဲ့ Paradox Interactive ကနေ ဖြန့်ချိပေးထားတာဖြစ်ပါ တယ်။ ပလက်ဖောင်းတွေအနေနဲ့ကတော့ Microsoft Windows, macOS, Linux, Xbox One, PlayStation 4, Nintendo Switch တို့မှာပါ တစ်ပြိုင်တည်းကစားနိုင်မှာပါ။

ဂိမ်းပလေးပုံစံကတော့ SimCity တို့လို ဆင်မြူလေးရှင်းဂိမ်းတွေရဲ့ထုံးစံအတိုင်း စိတ်ကူးဉာဏ်ရှိသလို အတွဲအစပ်တွေနဲ့ တီထွင်မှုတွေနဲ့ ခေတ်သစ်မြို့ပြတစ်ခုကို တည်ဆောက်ရမှာဖြစ်ပါတယ်။ လူနေဇုန်၊ စက်မှုဇုန် အစရှိတဲ့ အကွက်ချဇုန်တွေ ထုတ်ဖော်ရမှာဖြစ်သလို မြို့တွင်းမြို့ပြလမ်းတွေအပါအဝင် အဝေးပြေးလမ်းမကြီးတွေကို လည်း ဖောက်လုပ်ရပါမယ်။ လမ်းပိုင်းဆိုင်ရာတွေကိုတော့ ဂရစ်ကွက်နဲ့ ကိုယ်လိုချင်တဲ့အကျယ်အရှည် လမ်းဘေး အလှပင်တွေအပါ စကေးကိုက်လမ်းမတွေဖောက်နိုင်သလို ဖရီးဟန်းပုံစံနဲ့ လက်တန်းတီထွင်နိုင်အောင်လည်း ထည့် သွင်းပေးထားမှာဖြစ်ပါတယ်။

အဆောက်အဦးတည်ဆောက်မှုအတွက်လည်း အဆင်သင့် တည်ဆောက်နိုင်တာတွေ ထည့်သွင်းထားသလို မိုးမျှော်တိုက်တွေလို ပုံစံသစ်တွေလည်းတီထွင်နိုင်ဦးမှာပါ။ လူနေမှုပတ်ဝန်းကျင်အတွက် ရှော့ပင်းစင်တာတွေ၊ ပန်းခြံတွေ၊ အများပြည်သူသုံး Public Service တွေလည်း ပါဝင်ပြီးဝင်ကြေးတွေ၊ အခွန်အခ ကောက်ခံတာတွေ၊ မြို့ပြလူထုအတွက် ပေါ်လစီချမှတ်တာတွေပြုလုပ်ရင်း ဝင်ငွေလည်းရှာဖွေရပါမယ်။ အများပြည် သူနဲ့ဆိုင်တဲ့ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးကဏ္ဍတွေလည်းပါဝင်မှာဖြစ်ပြီး ခေတ်သစ်မြို့ပြရဲ့ပြယုဂ်ဖြစ်တဲ့ မိုးပျံ ရထားလမ်း၊ ကားလမ်းအထပ်လိုက်တွေ၊ ကုန်းကျော်တံတားတွေ လည်း တည်ဆောက်ခွင့်ရမှာဖြစ်ပါတယ်။

အခု Modern City Center ခွေမှာတော့ စီးပွားရေးကဏ္ဍပိုင်းဆိုင်ရာတွေကို အဓိကဖော်ဆောင်ရမှာဖြစ်ပြီး Wall to Wall တည်ဆောက်နိုင်တဲ့ အဆောက်အဦးမော်ဒယ်ဒီဇိုင်းသစ် (39)မျိုး ထပ်မံထည့်သွင်းပေး ထားတာတွေ့ ရမှာပါ။ ဒီဂိမ်းလေးရဲ့အဓိကဂရပ်ဖစ်ကို နာမည်ကျော် Unity ဂိမ်းအင်ဂျင်ကိုအသုံးပြုထားပြီး ဆော့ကစားမယ်ဆိုရင် တော့ OS: Microsoft Windows 7/8/8.1 (64-bit), Processor: Intel Core 2 Duo, 3.0GHz or AMD Athlon 64 X2 6400+, 3.2GHz, Memory: 4 GB RAM, Graphics: nVIDIA GeForce GTX 260, 512 MB or ATI Radeon HD 5670, 512 MB, HDD: 4 GB အနည်းဆုံးလိုအပ်မှာဖြစ်ပါတယ်။ ဝယ်ယူကစားမယ်ဆိုရင်တော့ အမြို့မြို့အနယ်နယ်တိုင်းက Excellent Softwares & Games ဆိုင်တိုင်းမှာ Cities Skylines: Modern City Center ခွေလေးကို ရရှိနိုင်ပြီဖြစ်တဲ့အကြောင်း သတင်းကောင်းလေးပေး လိုက်ရပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Cities Skylines: Modern City Center (PC)

  • စာေရးသူ: GT (Excellent)

ယခုတစ္ပတ္မွာထြက္ရွိလာတဲ့ဂိမ္းကေတာ့ Cities Skylines: Modern City Center ဆိုတဲ့အေခြေလးပါ။ ဒီဂိမ္းေလးကေတာ့ သာမန္အပစ္အခတ္၊ အထိုးအခုတ္ဂိမ္းေတြကို မူးေနာက္ၿငီးေငြ႕တတ္တဲ့ပရိသတ္ေတြအတြက္ ၾကည္ၾကည္လင္လင္နဲ႔အႀကိဳက္ေတြ႕ေစမယ့္ City-building, Construction and Management Simulation ဂိမ္းအမ်ိဳးအစားေလးပါ။ နာမည္ေက်ာ္ Cities: Skylines စီးရီးအတြက္ (9)ခုေျမာက္ Expansion Pack ျဖစ္ၿပီး ဖန္တီးေပးတဲ့ Developer(s) ကေတာ့ Jason “AmiPolizeiFunk” Ditmars အုပ္စုပါ။ Publisher ကေတာ့ simulation ဂိမ္းေတာ္ေတာ္မ်ားမ်ားကိုတင္ဆက္ေပးတဲ့ Paradox Interactive ကေန ျဖန္႔ခ်ိေပးထားတာျဖစ္ပါ တယ္။ ပလက္ေဖာင္းေတြအေနနဲ႔ကေတာ့ Microsoft Windows, macOS, Linux, Xbox One, PlayStation 4, Nintendo Switch တို႔မွာပါ တစ္ၿပိဳင္တည္းကစားႏိုင္မွာပါ။

ဂိမ္းပေလးပံုစံကေတာ့ SimCity တို႔လို ဆင္ျမဴေလးရွင္းဂိမ္းေတြရဲ႕ထံုးစံအတိုင္း စိတ္ကူးဥာဏ္ရွိသလို အတြဲအစပ္ေတြနဲ႔ တီထြင္မႈေတြနဲ႔ ေခတ္သစ္ၿမိဳ႕ျပတစ္ခုကို တည္ေဆာက္ရမွာျဖစ္ပါတယ္။ လူေနဇုန္၊ စက္မႈဇုန္ အစရွိတဲ့ အကြက္ခ်ဇုန္ေတြထုတ္ေဖာ္ရမွာျဖစ္သလို ၿမိဳ႕တြင္းၿမိဳ႕ျပလမ္းေတြအပါအ၀င္ အေ၀းေျပးလမ္းမႀကီးေတြကိုလည္း ေဖာက္လုပ္ရပါမယ္။ လမ္းပိုင္းဆိုင္ရာေတြကိုေတာ့ ဂရစ္ကြက္နဲ႔ ကိုယ္လိုခ်င္တဲ့အက်ယ္အရွည္ လမ္းေဘး အလွပင္ေတြအပါ စေကးကိုက္လမ္းမေတြေဖာက္ႏိုင္သလို ဖရီးဟန္းပံုစံနဲ႔ လက္တန္းတီထြင္ႏိုင္ေအာင္လည္းထည့္ သြင္းေပးထားမွာျဖစ္ပါတယ္။

အေဆာက္အဦးတည္ေဆာက္မႈအတြက္လည္း အဆင္သင့္ တည္ေဆာက္ႏိုင္တာေတြ ထည့္သြင္းထားသလို မိုးေမွ်ာ္တိုက္ေတြလို ပံုစံသစ္ေတြလည္းတီထြင္ႏိုင္ဦးမွာပါ။ လူေနမႈပတ္၀န္းက်င္အတြက္ ေရွာ့ပင္းစင္တာေတြ၊ ပန္းျခံေတြ၊ အမ်ားျပည္သူသံုး Public Service ေတြလည္း ပါ၀င္ၿပီး၀င္ေၾကးေတြ၊ အခြန္အခ ေကာက္ခံတာေတြ၊ ၿမိဳ႕ျပလူထုအတြက္ ေပၚလစီခ်မွတ္တာေတြျပဳလုပ္ရင္း ၀င္ေငြလည္းရွာေဖြရပါမယ္။ အမ်ားျပည္ သူနဲ႔ဆိုင္တဲ့ ပို႔ေဆာင္ေရး၊ ဆက္သြယ္ေရးက႑ေတြလည္းပါ၀င္မွာျဖစ္ၿပီး ေခတ္သစ္ၿမိဳ႕ျပရဲ႕ျပယုဂ္ျဖစ္တဲ့ မိုးပ်ံ ရထားလမ္း၊ ကားလမ္းအထပ္လိုက္ေတြ၊ ကုန္းေက်ာ္တံတားေတြ လည္း တည္ေဆာက္ခြင့္ရမွာျဖစ္ပါတယ္။

အခု Modern City Center ေခြမွာေတာ့ စီးပြားေရးက႑ပိုင္းဆိုင္ရာေတြကို အဓိကေဖာ္ေဆာင္ရမွာျဖစ္ၿပီး Wall to Wall တည္ေဆာက္ႏိုင္တဲ့ အေဆာက္အဦးေမာ္ဒယ္ဒီဇိုင္းသစ္ (39)မ်ိဳး ထပ္မံထည့္သြင္းေပး ထားတာေတြ႕ ရမွာပါ။ ဒီဂိမ္းေလးရဲ႕အဓိကဂရပ္ဖစ္ကို နာမည္ေက်ာ္ Unity ဂိမ္းအင္ဂ်င္ကိုအသံုးျပဳထားၿပီး ေဆာ့ကစားမယ္ဆိုရင္ ေတာ့ OS: Microsoft Windows 7/8/8.1 (64-bit), Processor: Intel Core 2 Duo, 3.0GHz or AMD Athlon 64 X2 6400+, 3.2GHz, Memory: 4 GB RAM, Graphics: nVIDIA GeForce GTX 260, 512 MB or ATI Radeon HD 5670, 512 MB, HDD: 4 GB အနည္းဆံုးလိုအပ္မွာျဖစ္ပါတယ္။ ၀ယ္ယူကစားမယ္ဆိုရင္ေတာ့ အၿမိဳ႕ၿမိဳ႕အနယ္နယ္တိုင္းက Excellent Softwares & Games ဆိုင္တိုင္းမွာ Cities Skylines: Modern City Center ေခြေလးကို ရရွိႏိုင္ၿပီျဖစ္တဲ့အေၾကာင္း သတင္းေကာင္းေလးေပး လိုက္ရပါတယ္။

NetGuide Journal (Every Wednesday)