BEGO LIVE ဟာ အကောင်းဆုံးလူမှုကွန်ရက် application တစ်ခုဖြစ်ပြီး လက်ရှိမှာ ကမ္ဘာတစ်ဝန်း အသုံးပြုသူ သန်း 200 ကျော်ထိ ရှိပါတယ်။ သင့်ရဲ့ထူးခြားတဲ့ အခိုက်အတန့်လေးတွေကို တိုက်ရိုက် live လွှင့်မျှဝေနိုင်ပြီး touch  တစ်ချက်လုပ်ရုံနဲ့ သီချင်းဆိုမလား၊ ကမလား၊ အစားအသောက်စားပြမလား၊ ခရီးသွားတာကို လွှင့်မလား ကြိုက်ရာကို live လွှင့်နိုင်မှာပါ။ ကိုယ့်ရဲ့ talent တွေကိုပြပြီး follower တွေများလာအောင်လုပ်ကာ Idol တစ်ယောက်ဖြစ်လာအောင် အလွယ်တကူ လုပ်နိုင်မှာပါ။ BIGO LIVE ကို ဖွင့်လိုက်တိုင်းမှာ အမြဲတမ်းလူတွေ broad­casting လုပ်နေတာကို တွေ့ရမှာဖြစ်ပြီး သန်းပေါင်းများစွာသော broadcaster တွေ၊ အကသမားတွေ၊ တေးသံရှင်တွေ၊ အစားသမားတွေ၊ ဟာသတင်ဆက်နေသူတွေ စသဖြင့် talent ရှိသူတွေရဲ့ live  တွေကို ကြည့်ရမှာ ဖြစ်ပါတယ်။ PUBG, LOL, RoV, Fortnite, Dota2, Hearthstone, Rules of Survival စတဲ့ ပေါ်ပြူလာဂိမ်းတွေရဲ့ live streaming တွေလည်း ကြည့်ရမှာပါ။ Video chat နဲ့ video call လည်း လုပ်နိုင်ကာ 2 ဦးတည်း chat လုပ်နိုင်သလို လူ 9 ဦးအထိ group chat လုပ်နိုင်ပါတယ်။ မသိတဲ့သူတွေနဲ့လည်း random chat လုပ်နိုင်ဦးမှာဖြစ်သလို Vlog တွေလည်း ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုဖို့အတွက် iOS 9.0 နဲ့အထက် လိုအပ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

BEGO LIVE – Live Stream

