Xiaomi က စမတ်ဖုန်းကုမ္ပဏီအဖြစ် နာမည်ကြီးတယ်ဆိုပေမယ့် သူတို့ဟာ စမတ်တီဗွီ၊ စမတ်လက်ပတ်၊ စမတ်နာရီ၊ Power Bank ၊ လျှပ်စစ်စကူတာအပါအဝင် အသုံးအဆောင်ပစ္စည်းအမြောက်အမြားတို့ကိုလည်း ထုတ်လုပ် ရောင်းချပါသေးတယ်။ Mi Surface 34 က Xiaomi က ထုတ်လုပ်တဲ့ ပထမဆုံး Desktop Monitor ဖြစ်ပါတယ်။ ထောင့်ကွေး 34 လက်မ မျက်နှာပြင်သုံးထားပြီး 3440×1440 Resolution သုံးထားကာ 21:9 Aspect Ratio သုံးထားပါတယ်။

ဂိမ်းအတွက် ဦးစားပေး တည်ဆောက်ထားတာနဲ့အညီ 144Hz Refresh Rate သုံးထားကာ AMD FreeSync ထောက်ပံ့ထားပါတယ်။ Xiaomi ဟာ 23.8 လက်မ IPS Monitor (1920×1080 Resolution) လည်း ကြေညာ ရောင်းချခဲ့ပြီးပါပြီ။ ဈေးနူန်းက 98 ဒေါ်လာဘဲ သတ်မှတ်ထားတာကြောင့် လူကြိုက်များလှပါတယ်။

ယခု Xiaomi ဟာ နောက်ထပ် မော်နီတာတစ်လုံးကြေညာဖို့ လုပ်ဆောင်နေပါတယ်။ ယခုကြေညာလာမယ့် မော်နီတာက 29 လက်မ ထောင့်ကွေးရုပ်ထွက်သုံးထားပြီး အဆင့်မြင့် မော်နီတာလိုဘဲ 144Hz Refresh Rate ထောက်ပံ့လာပါမယ်။

လက်ရှိအချိန်မှာ Xiaomi ရဲ့ 29 လက်မ မော်နီတာကို ဘယ်တော့မိတ်ဆက်လာမယ်ဆိုတာ မသိသေးပေမယ့် ယခုလနှောင်းပိုင်း (သို့မဟုတ်)လာမယ့်လအစောပိုင်းတို့မှာ ကြေညာလာဖို့ ရှိပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

29 လက္မ ဂိမ္းေမာ္နီတာသစ္တစ္လုံးကို Xiaomi ေၾကညာလာမည္

Xiaomi က စမတ္ဖုန္းကုမၸဏီအျဖစ္ နာမည္ႀကီးတယ္ဆိုေပမယ့္ သူတို႔ဟာ စမတ္တီဗြီ၊ စမတ္လက္ပတ္၊ စမတ္နာရီ၊ Power Bank ၊ လွ်ပ္စစ္စကူတာအပါအဝင္ အသုံးအေဆာင္ပစၥည္းအေျမာက္အျမားတို႔ကိုလည္း ထုတ္လုပ္ ေရာင္းခ်ပါေသးတယ္။ Mi Surface 34 က Xiaomi က ထုတ္လုပ္တဲ့ ပထမဆုံး Desktop Monitor ျဖစ္ပါတယ္။ ေထာင့္ေကြး 34 လက္မ မ်က္ႏွာျပင္သုံးထားၿပီး 3440×1440 Resolution သုံးထားကာ 21:9 Aspect Ratio သုံးထားပါတယ္။

ဂိမ္းအတြက္ ဦးစားေပး တည္ေဆာက္ထားတာနဲ႔အညီ 144Hz Refresh Rate သုံးထားကာ AMD FreeSync ေထာက္ပံ့ထားပါတယ္။ Xiaomi ဟာ 23.8 လက္မ IPS Monitor (1920×1080 Resolution) လည္း ေၾကညာ ေရာင္းခ်ခဲ့ၿပီးပါၿပီ။ ေဈးႏူန္းက 98 ေဒၚလာဘဲ သတ္မွတ္ထားတာေၾကာင့္ လူႀကိဳက္မ်ားလွပါတယ္။

ယခု Xiaomi ဟာ ေနာက္ထပ္ ေမာ္နီတာတစ္လုံးေၾကညာဖို႔ လုပ္ေဆာင္ေနပါတယ္။ ယခုေၾကညာလာမယ့္ ေမာ္နီတာက 29 လက္မ ေထာင့္ေကြး႐ုပ္ထြက္သုံးထားၿပီး အဆင့္ျမင့္ ေမာ္နီတာလိုဘဲ 144Hz Refresh Rate ေထာက္ပံ့လာပါမယ္။

လက္ရွိအခ်ိန္မွာ Xiaomi ရဲ႕ 29 လက္မ ေမာ္နီတာကို ဘယ္ေတာ့မိတ္ဆက္လာမယ္ဆိုတာ မသိေသးေပမယ့္ ယခုလေႏွာင္းပိုင္း (သို႔မဟုတ္)လာမယ့္လအေစာပိုင္းတို႔မွာ ေၾကညာလာဖို႔ ရွိပါတယ္။

NetGuide Journal (Every Wednesday)