Huawei MatePad Pro ကို လာမယ့်နိုဝင်ဘာလ 25 ရက်နေ့မှာ မိတ်ဆက်သွားပါမယ်။ ယင်း Tablet က Punch-Hole Selfie Camera ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး Tablet ဖြစ်လာပါမယ်။ Huawei MatePad Pro က Punch-Hole Selfie Camera ပါဝင်တဲ့ တစ်ခုတည်းသော Tablet တော့ မဟုတ်ပါဘူး။TCL ကလည်း Punch-Hole ဒီဇိုင်း သုံးထားတဲ့အပြင် 240Hz Refresh Rate သုံးထားတဲ့ Tablet တစ်လုံးကို ကြေညာ ရောင်းချလာဦးမှာ ဖြစ်ပါတယ်။

TCL ရဲ့ Tablet အမည်က TCL WQ Gaming Tablet ဖြစ်ပါတယ်။ ယနေ့ပေါက်ကြားလာတဲ့ ဓာတ်ပုံနှင့် သတင်းအရ ဒီ Gaming Tablet မှာ မျက်နှာပြင် 10.8 လက်မ သုံးလာမှာဖြစ်ပြီး 2560×1600 Resolution သုံးလာပါမယ်။ 500nits Brightness နဲ့ DCI-P3 Color Gamut ထောက်ပံ့လာပါမယ်။

TCL WQ Gaming Tablet Displayမှာ စိတ်ဝင်စားဖို့ကောင်းတာကတော့ ဘောင်အထူက 1.5 မီလီမီတာဘဲရှိကာ မျက်နှာပြင်အပြည့်ရုပ်ထွက် သုံးထားပါတယ်။ 240Hz Refresh Rate သုံးလာဦးမှာ ဖြစ်ပါတယ်။

လတ်တလောမှာ စမတ်ဖုန်းဈေးကွက်မှာ ဂိမ်းစမတ်ဖုန်းတွေက ခေတ်စားနေပါတယ်။ ယခုကုမ္ပဏီတွေဟာ Gaming Tablet Trend သို့ရွေ့ဖို့ လုပ်ဆောင်နေကြပါတယ်။ လာမယ့် 2020 ခုနှစ်မှာ Gaming Tablet တွေ အများကြီး ထွက်ပေါ်လာတယ်ဆိုရင် အံ့ဩစရာတော့ မရှိပါဘူး။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

240Hz Refresh Rate ၊ Punch-Hole တို႔ပါဝင္လာမယ့္ TCL WQ Gaming Tablet

Huawei MatePad Pro ကို လာမယ့္နိုဝင္ဘာလ 25 ရက္ေန႔မွာ မိတ္ဆက္သြားပါမယ္။ ယင္း Tablet က Punch-Hole Selfie Camera ပါဝင္တဲ့ ကမၻာ့ပထမဆုံး Tablet ျဖစ္လာပါမယ္။ Huawei MatePad Pro က Punch-Hole Selfie Camera ပါဝင္တဲ့ တစ္ခုတည္းေသာ Tablet ေတာ့ မဟုတ္ပါဘူး။TCL ကလည္း Punch-Hole ဒီဇိုင္း သုံးထားတဲ့အျပင္ 240Hz Refresh Rate သုံးထားတဲ့ Tablet တစ္လုံးကို ေၾကညာ ေရာင္းခ်လာဦးမွာ ျဖစ္ပါတယ္။

TCL ရဲ့ Tablet အမည္က TCL WQ Gaming Tablet ျဖစ္ပါတယ္။ ယေန႔ေပါက္ၾကားလာတဲ့ ဓာတ္ပုံႏွင့္ သတင္းအရ ဒီ Gaming Tablet မွာ မ်က္ႏွာျပင္ 10.8 လက္မ သုံးလာမွာျဖစ္ၿပီး 2560×1600 Resolution သုံးလာပါမယ္။ 500nits Brightness နဲ႔ DCI-P3 Color Gamut ေထာက္ပံ့လာပါမယ္။

TCL WQ Gaming Tablet Displayမွာ စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ ေဘာင္အထူက 1.5 မီလီမီတာဘဲရွိကာ မ်က္ႏွာျပင္အျပည့္႐ုပ္ထြက္ သုံးထားပါတယ္။ 240Hz Refresh Rate သုံးလာဦးမွာ ျဖစ္ပါတယ္။

လတ္တေလာမွာ စမတ္ဖုန္းေဈးကြက္မွာ ဂိမ္းစမတ္ဖုန္းေတြက ေခတ္စားေနပါတယ္။ ယခုကုမၸဏီေတြဟာ Gaming Tablet Trend သို႔ေရြ႕ဖို႔ လုပ္ေဆာင္ေနၾကပါတယ္။ လာမယ့္ 2020 ခုႏွစ္မွာ Gaming Tablet ေတြ အမ်ားႀကီး ထြက္ေပၚလာတယ္ဆိုရင္ အံ့ဩစရာေတာ့ မရွိပါဘူး။

NetGuide Journal (Every Wednesday)