ပြီးခဲ့တဲ့လတုန်းက Redmi K30 မှာ 5G ထောက်ပံ့လာမှာ ဖြစ်ပြီး Punch-Hole Selfie Camera ပါဝင်လာမယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။ ယခုအခါမှာတော့ Xiaomi က K30 မှာ 5G ထောက်ပံ့လာမှာ ဖြစ်ပြီး 2020 ခုနှစ်တွင် ထွက်လာမှာဖြစ်ကြောင်း အတည်ပြုလာပါတယ်။

Xiaomi Group ရဲ့ ဒုဥက္ကဌ လုဝေဘင်က 2020 ခုနှစ်မှာ Redmi က 5G စမတ်ဖုန်း ထုတ်လုပ်ရောင်းချလာမှာ ဖြစ်ပြီး Redmi K30 မှာ 5G ထောက်ပံ့လာမှာဖြစ်ကြောင်း China Mobile Worldwide Partner Conference မှာ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

Redmi K30 မှာ Dual 5G Standby သုံးလာဖို့ ရှိနေပြီး Qualcomm 7250 Chipset သုံးနိုင်ပါတယ်။ တကယ်လို့ များ ထောက်ပံ့လာမယ်ဆိုရင်တော့ ဒီဖုန်းကို 4G မှာရော 5G ကွန်ယက်မှာပါ အသုံးပြုနိုင်ပါမယ်။ ဒါ့အပြင် Dual Punch-Hole Selfie Camera သုံးလာမယ်လို့ ယုံကြည်ရပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

2020 ခုနှစ်တွင် 5G ထောက်ပံ့ထားတဲ့ Redmi K30 ထွက်လာမည်



