စမတ်ဖုန်းရောင်းအားက ဆက်တိုက်ကျဆင်းကာ အရှုံးပေါ်မှုတွေ ဆက်တိုက်ဖြစ်နေပေမယ့် Sony ဟာ Xperia စမတ်ဖုန်းများကို ဆက်လက်ထုတ်လုပ်ရောင်းချနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် Sony ဟာ ယခင်ကလောက် အလုံးရေများစွာ ထုတ်လုပ်ရောင်းချတာမျိုးတော့ မရှိတော့ပါဘူး။ အခြားတစ်ဖက်မှာ Sony ဟာ Xpeira စမတ်ဖုန်းများမှာ ဒီဇိုင်းသစ်နဲ့ အမိုက်စားကင်မရာများ သုံးလာတာ တွေ့ရပါတယ်။ Sony ရဲ့ Xperia စမတ်ဖုန်းသစ်များမှာ ထူးခြားတာကတော့ 21:9 Aspect Ratio သုံးလာတာ ဖြစ်ပါတယ်။

ယနေ့ပေါက်ကြားလာတဲ့ သတင်းအရ Sony ဟာ လာမယ့်နှစ်မှာ အဆင့်မြင့်စမတ်ဖုန်းလေးမျိုးနဲ့ အလယ်အလတ်တန်းစမတ်ဖုန်း အနည်းဆုံးသုံးမျိုး ထုတ်လုပ်ရောင်းချလာမယ်လို့ သိရပါတယ်။

အဆင့်မြင့်စမတ်ဖုန်းလေးမျိုးလုံးမှာ Qualcomm က ကြေညာလာမယ့် Snapdragon 865 SoC သုံးလာမှာဖြစ်ပြီး 5G ထောက်ပံ့လာပါမယ်။ အလယ်အလတ်တန်းစမတ်ဖုန်းအချို့မှာ Qualcomm Snapdragon 735 သုံးလာမှာဖြစ်သလို 5G ထောက်ပံ့လာပါမယ်။

လက်ရှိအချိန်မှာ Sony Xperia 3 နဲ့ပတ်သက်ပြီး သတင်းထွက်ထားသလို ဓာတ်ပုံလည်း ပေါက်ကြားထားပါတယ်။ ဒီဖုန်းမှာ 21:9 Aspect Ratio ၊ Punch-Hole Selfie Camera ၊ QHD ရုပ်ထွက်၊ ကျောဘက်ကင်မရာခြောက်လုံး 20MP f/2.4+48MP f/1.2, f/2.4+16MP f/2.4+8MP f/2.4+12MP f/1.2, f/2.4+0.5MP ToF သုံးလာမယ်လို့ သိရပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

2020 ခုႏွစ္တြင္ အဆင့္ျမင့္စမတ္ဖုန္းေလးလုံးနဲ႔ အလယ္အလတ္တန္းစမတ္ဖုန္းသုံးမ်ိဳး ထုတ္လုပ္ေရာင္းခ်သြားမယ့္ Sony

စမတ္ဖုန္းေရာင္းအားက ဆက္တိုက္က်ဆင္းကာ အရွုံးေပၚမွုေတြ ဆက္တိုက္ျဖစ္ေနေပမယ့္ Sony ဟာ Xperia စမတ္ဖုန္းမ်ားကို ဆက္လက္ထုတ္လုပ္ေရာင္းခ်ေနဆဲ ျဖစ္ပါတယ္။ ဒါေပမယ့္ Sony ဟာ ယခင္ကေလာက္ အလုံးေရမ်ားစြာ ထုတ္လုပ္ေရာင္းခ်တာမ်ိဳးေတာ့ မရွိေတာ့ပါဘူး။ အျခားတစ္ဖက္မွာ Sony ဟာ Xpeira စမတ္ဖုန္းမ်ားမွာ ဒီဇိုင္းသစ္နဲ႔ အမိုက္စားကင္မရာမ်ား သုံးလာတာ ေတြ႕ရပါတယ္။ Sony ရဲ့ Xperia စမတ္ဖုန္းသစ္မ်ားမွာ ထူးျခားတာကေတာ့ 21:9 Aspect Ratio သုံးလာတာ ျဖစ္ပါတယ္။

ယေန႔ေပါက္ၾကားလာတဲ့ သတင္းအရ Sony ဟာ လာမယ့္ႏွစ္မွာ အဆင့္ျမင့္စမတ္ဖုန္းေလးမ်ိဳးနဲ႔ အလယ္အလတ္တန္းစမတ္ဖုန္း အနည္းဆုံးသုံးမ်ိဳး ထုတ္လုပ္ေရာင္းခ်လာမယ္လို႔ သိရပါတယ္။

အဆင့္ျမင့္စမတ္ဖုန္းေလးမ်ိဳးလုံးမွာ Qualcomm က ေၾကညာလာမယ့္ Snapdragon 865 SoC သုံးလာမွာျဖစ္ၿပီး 5G ေထာက္ပံ့လာပါမယ္။ အလယ္အလတ္တန္းစမတ္ဖုန္းအခ်ိဳ႕မွာ Qualcomm Snapdragon 735 သုံးလာမွာျဖစ္သလို 5G ေထာက္ပံ့လာပါမယ္။

လက္ရွိအခ်ိန္မွာ Sony Xperia 3 နဲ႔ပတ္သက္ၿပီး သတင္းထြက္ထားသလို ဓာတ္ပုံလည္း ေပါက္ၾကားထားပါတယ္။ ဒီဖုန္းမွာ 21:9 Aspect Ratio ၊ Punch-Hole Selfie Camera ၊ QHD ႐ုပ္ထြက္၊ ေက်ာဘက္ကင္မရာေျခာက္လုံး 20MP f/2.4+48MP f/1.2, f/2.4+16MP f/2.4+8MP f/2.4+12MP f/1.2, f/2.4+0.5MP ToF သုံးလာမယ္လို႔ သိရပါတယ္။

NetGuide Journal (Every Wednesday)