မေး – မင်္ဂလာပါအစ်ကိုရေ။ Facebook သုံးရင် Video File တွေက Auto Play တွေ ဖြစ်နေလို့ပါ။ ဘယ်လိုပိတ်ရမှာပါလဲခင်ဗျာ။
ဖြေ – Facebook မှာ Auto Play ပိတ်ချင်ရင်တော့ အဆင့်လေးဆင့် လုပ်ရပါမယ်။ ပြီးတော့ Facebook App ကလည်း နောက်ဆုံး Update ဖြစ်မှ လုပ်လို့ရမှာပါ။ (1). Facebook Settings ထဲကို ဝင်ပါ။ (2). Media and Contacts ကို ရှာပြီးတော့ဝင်ပါ။ (3). Autoplay ထဲကို ထပ်ဝင်ပါ။ (4). Never Autoplay Videos ထားပါ။ အဆင်ပြေပါစေခင်ဗျာ။

မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းက OPPO F1s ပါ။ Software Update တင်လိုက်ပြီးတော့ Logo ပြန်တက်လာပါတယ်။ ဒါပေမဲ့ Email တွေ တောင်းနေလို့ပါ။ ရှေ့ဆက်မရဘူး ဖြစ်နေပါတယ်။ ဘာဖြစ်လို့ပါလဲခင်ဗျာ။ ကူညီပါဦး။
ဖြေ – ဟုတ်ကဲ့။ Email ကို မှတ်မိရင်တော့ ထည့်ပေးလို့ ရပါတယ်။ မမှတ်မိဘူးဆိုရင်တော့ Email ကို ကျော်ကြည့်ရမှာ ဖြစ်ပါတယ်။ Email ကို ကျော်ချင်ရင်တော့ နီးစပ်ရာ Software ဆိုင်မှာ ပြကြည့်လိုက်တာက ပိုအဆင်ပြေပါလိမ့်မယ်ခင်ဗျာ။

မေး – အစ်ကိုရေ ဖုန်းတွေကို Virus မဝင်နိုင်အောင် တားဆီးလို့ရတဲ့ Software တွေ ရှိပါသလားခင်ဗျာ။ ဖြေကြားပေးပါဦးအစ်ကိုရေ။
ဖြေ – ဟုတ်ကဲ့။ ရှိပါတယ်။ မိမိဖုန်းရဲ့ Playstore မှာ Anti Virus ဆိုပြီး စာရိုက်ပြီးတော့ ရှာကြည့်လိုက်ပါ။ တွေ့ရပါလိမ့်မယ်။ မိမိရဲ့ဖုန်းနဲ့ ကိုက်ညီမယ့် Anti Virus တစ်ခုခုကို ထည့်သွင်းပြီး စမ်းကြည့်လိုက်ပါ။ အဆင်ပြေပါစေခင်ဗျာ။

မေး – အစ်ကိုရေ ဖုန်းတွေမှာပါတဲ့ Qualcomm ဆိုတာက ဘာကိုပြောတာပါလဲခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
ဖြေ – Qualcomm CPU ဆိုတာကတော့ (Central Processing Unit) Phone Hardware အစိတ်အပိုင်းတစ်ခုဖြစ်ပြီး Firmware နှင့် Userdata များကို သိုလှောင်ပေးတဲ့ IC လေးကို မြန်နှုန်းမြင့်အောင် ထောက်ပံ့ထိန်းချုပ်ပေးသော Chipset ဖြစ်ပါတယ်။ စျေးကြီးတဲ့ Phone များမှာ Qualcomm CPU အရည်အသွေးမြင့်များသာ အသုံးများပါတယ်ခင်ဗျာ။

မေး – မင်္ဂလာပါခင်ဗျာ။ ကျွန်တော့်ရဲ့ဖုန်းက Sim Card ထည့်ထားပေမယ့်လည်း လိုင်းမတက်ဘူး ဖြစ်နေလို့ပါ။ အဲ့ဒါ ဘာကြောင့်ပါလဲခင်ဗျာ။ ပြုပြင်လို့ ရနိုင်ပါသလား။
ဖြေ – Sim Card နဲ့ ဖုန်းလိုင်းပိုင်းက မတူပါဘူးခင်ဗျာ။ အရင်ဆုံး Sim သိမသိကို ဖုန်းရဲ့ Setting ထဲမှ Mobile Network ထဲတွင် Sim သိမသိကို ကြည့်လိုက်ပါ။ Sim သိနေပါက လိုင်းပိုင်းကို ပြုပြင်ရမှာ ဖြစ်ပါတယ်။ Software သို့မဟုတ် Hareware ဖြင့် ပြုပြင်လို့ ရနိုင်ပါတယ်။

မေး – အစ်ကိုရေ ကျွန်တော်ရဲ့ Apple ID ကို မေ့သွားလို့ပါခင်ဗျာ။ ဘယ်လိုပြန်လုပ်ရမှာပါလဲ။
ဖြေ – ဟုတ်ကဲ့။ Apple ID ကို မေ့သွားရင်တော့ အသစ်ပြန်ဖွင့်လိုက်တာက ပိုအဆင်ပြေပါလိမ့်မယ်။ ID ကို Recovery ပြန်လုပ်တာက စာနဲ့ရှင်းပြပေးဖို့က သိပ်မလွယ်ကူတာကြောင့်ပါခင်ဗျာ။

မေး – မင်္ဂလာပါအစ်ကိုရေ။ ဖုန်းနဲ့ကွန်ပျူတာကိုချိတ်လို့ ကွန်ပျူတာမှာ Virus ရှိနေရင် ဖုန်းဆီကို ကူးစက်နိုင်ပါသလားခင်ဗျာ။
ဖြေ – ဟုတ်ကဲ့။ မင်္ဂလာပါခင်ဗျာ။ Virus ရှိတဲ့ ကွန်ပျူတာကနေ ဖုန်းကို Virus ဝင်နိုင်ပါတယ်။ ဘာမှမဖြစ်ပါဘူး။ သို့သော် Virus ဝင်ထားသောဖုန်းကနေ တခြားကွန်ပျူတာကို ချိတ်မိရင်တော့ Virus က တခြားကွန်ပျူတာမှာ အစွမ်းပြမှာ ဖြစ်ပါတယ်။ ဖုန်းကိုတော့ ထိခိုက်မှု မရှိနိုင်ပါဘူး အစ်ကိုရေ။

မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းက အားမသွင်းဘဲနဲ့လည်း တစ်ခါတလေမှာ အားဝင်တဲ့ပုံကို ပြနေလို့ပါခင်ဗျာ။ အဲ့ဒါက ဘာဖြစ်လို့ပါလဲအစ်ကိုရေ။
ဖြေ – အဲ့ဒီလိုဖြစ်နေတာကတော့ ဖုန်းရဲ့ အားသွင်းတဲ့ လမ်းကြောင်းအပိုင်းမှာ ထိခိုက်မှုရှိထားလို့ အားမသွင်းဘဲနဲ့လည်း အားသွင်းတဲ့ပုံကို ပြနေတာပါ။ အပျက်စီးထပ်မဖြစ်ခင်မှာ နီးစပ်ရာ ဖုန်း Service ဆိုင်မှာ ပြကြည့်လိုက်ပါခင်ဗျာ။

မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော့် iCloud အကောင့်ကို မေ့သွားလို့ပါ။ ဘယ်လိုပြန်လုပ်ရင် အဆင်ပြေနိုင်မလဲခင်ဗျာ။
ဖြေ – ဟုတ်ကဲ့။ မင်္ဂလာပါခင်ဗျာ။ iCloud အကောင့်မေ့သွားရင် Lock ကျသွားတက်ပါတယ်။ iCloud ပြန်ကျော်ပေးရပါမယ်။ နီးစပ်ရာ Apple Service မှာ ပြကြည့်သင့်ပါတယ်။

Rainbow Mobile Services & Training (သာကေတ) ဖုန်း-09-694069696,09-781869456 မှ ကူညီပံ့ပိုးပါသည်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

အေမးမ်ားေသာ မိုဘိုင္းဖုန္းဆိုင္ရာျပႆနာမ်ား

ေမး – မဂၤလာပါအစ္ကိုေရ။ Facebook သံုးရင္ Video File ေတြက Auto Play ေတြ ျဖစ္ေနလို႔ပါ။ ဘယ္လိုပိတ္ရမွာပါလဲခင္ဗ်ာ။
ေျဖ – Facebook မွာ Auto Play ပိတ္ခ်င္ရင္ေတာ့ အဆင့္ေလးဆင့္ လုပ္ရပါမယ္။ ၿပီးေတာ့ Facebook App ကလည္း ေနာက္ဆုံး Update ျဖစ္မွ လုပ္လုိ႔ရမွာပါ။ (1). Facebook Settings ထဲကို ဝင္ပါ။ (2). Media and Contacts ကုိ ရွာၿပီးေတာ့ဝင္ပါ။ (3). Autoplay ထဲကို ထပ္ဝင္ပါ။ (4). Never Autoplay Videos ထားပါ။ အဆင္ေျပပါေစခင္ဗ်ာ။

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းက OPPO F1s ပါ။ Software Update တင္လိုက္ၿပီးေတာ့ Logo ျပန္တက္လာပါတယ္။ ဒါေပမဲ့ Email ေတြ ေတာင္းေနလို႔ပါ။ ေရွ႕ဆက္မရဘူး ျဖစ္ေနပါတယ္။ ဘာျဖစ္လို႔ပါလဲခင္ဗ်ာ။ ကူညီပါဦး။
ေျဖ – ဟုတ္ကဲ့။ Email ကို မွတ္မိရင္ေတာ့ ထည့္ေပးလုိ႔ ရပါတယ္။ မမွတ္မိဘူးဆုိရင္ေတာ့ Email ကုိ ေက်ာ္ၾကည့္ရမွာ ျဖစ္ပါတယ္။ Email ကို ေက်ာ္ခ်င္ရင္ေတာ့ နီးစပ္ရာ Software ဆုိင္မွာ ျပၾကည့္လိုက္တာက ပုိအဆင္ေျပပါလိမ့္မယ္ခင္ဗ်ာ။

ေမး – အစ္ကိုေရ ဖုန္းေတြကို Virus မဝင္ႏိုင္ေအာင္ တားဆီးလို႔ရတဲ့ Software ေတြ ရွိပါသလားခင္ဗ်ာ။ ေျဖၾကားေပးပါဦးအစ္ကိုေရ။
ေျဖ – ဟုတ္ကဲ့။ ရွိပါတယ္။ မိမိဖုန္းရဲ႕ Playstore မွာ Anti Virus ဆုိၿပီး စာ႐ိုက္ၿပီးေတာ့ ရွာၾကည့္လိုက္ပါ။ ေတြ႕ရပါလိမ့္မယ္။ မိမိရဲ႕ဖုန္းနဲ႔ ကုိက္ညီမယ့္ Anti Virus တစ္ခုခုကုိ ထည့္သြင္းၿပီး စမ္းၾကည့္လိုက္ပါ။ အဆင္ေျပပါေစခင္ဗ်ာ။

ေမး – အစ္ကိုေရ ဖုန္းေတြမွာပါတဲ့ Qualcomm ဆိုတာက ဘာကိုေျပာတာပါလဲခင္ဗ်ာ။ ေက်းဇူးတင္ပါတယ္။
ေျဖ – Qualcomm CPU ဆိုတာကေတာ့ (Central Processing Unit) Phone Hardware အစိတ္အပိုင္းတစ္ခုျဖစ္ၿပီး Firmware ႏွင့္ Userdata မ်ားကို သိုေလွာင္ေပးတဲ့ IC ေလးကို ျမန္ႏႈန္းျမင့္ေအာင္ ေထာက္ပံ့ထိန္းခ်ဳပ္ေပးေသာ Chipset ျဖစ္ပါတယ္။ ေစ်းႀကီးတဲ့ Phone မ်ားမွာ Qualcomm CPU အရည္အေသြးျမင့္မ်ားသာ အသံုးမ်ားပါတယ္ခင္ဗ်ာ။

ေမး – မဂၤလာပါခင္ဗ်ာ။ ကြၽန္ေတာ့္ရဲ႕ဖုန္းက Sim Card ထည့္ထားေပမယ့္လည္း လိုင္းမတက္ဘူး ျဖစ္ေနလို႔ပါ။ အဲ့ဒါ ဘာေၾကာင့္ပါလဲခင္ဗ်ာ။ ျပဳျပင္လို႔ ရႏိုင္ပါသလား။
ေျဖ – Sim Card နဲ႔ ဖုန္းလုိင္းပုိင္းက မတူပါဘူးခင္ဗ်ာ။ အရင္ဆုံး Sim သိမသိကုိ ဖုန္းရဲ႕ Setting ထဲမွ Mobile Network ထဲတြင္ Sim သိမသိကို ၾကည့္လိုက္ပါ။ Sim သိေနပါက လုိင္းပုိင္းကုိ ျပဳျပင္ရမွာ ျဖစ္ပါတယ္။ Software သုိ႔မဟုတ္ Hareware ျဖင့္ ျပဳျပင္လုိ႔ ရႏုိင္ပါတယ္။

ေမး – အစ္ကိုေရ ကြၽန္ေတာ္ရဲ႕ Apple ID ကို ေမ့သြားလို႔ပါခင္ဗ်ာ။ ဘယ္လိုျပန္လုပ္ရမွာပါလဲ။
ေျဖ – ဟုတ္ကဲ့။ Apple ID ကို ေမ့သြားရင္ေတာ့ အသစ္ျပန္ဖြင့္လိုက္တာက ပုိအဆင္ေျပပါလိမ့္မယ္။ ID ကုိ Recovery ျပန္လုပ္တာက စာနဲ႔ရွင္းျပေပးဖို႔က သိပ္မလြယ္ကူတာေၾကာင့္ပါခင္ဗ်ာ။

ေမး – မဂၤလာပါအစ္ကိုေရ။ ဖုန္းနဲ႔ကြန္ပ်ဴတာကိုခ်ိတ္လို႔ ကြန္ပ်ဴတာမွာ Virus ရွိေနရင္ ဖုန္းဆီကို ကူးစက္ႏိုင္ပါသလားခင္ဗ်ာ။
ေျဖ – ဟုတ္ကဲ့။ မဂၤလာပါခင္ဗ်ာ။ Virus ရွိတဲ့ ကြန္ပ်ဴတာကေန ဖုန္းကုိ Virus ဝင္ႏုိင္ပါတယ္။ ဘာမွမျဖစ္ပါဘူး။ သုိ႔ေသာ္ Virus ဝင္ထားေသာဖုန္းကေန တျခားကြန္ပ်ဴတာကုိ ခ်ိတ္မိရင္ေတာ့ Virus က တျခားကြန္ပ်ဴတာမွာ အစြမ္းျပမွာ ျဖစ္ပါတယ္။ ဖုန္းကုိေတာ့ ထိခုိက္မႈ မရွိႏုိင္ပါဘူး အစ္ကိုေရ။

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းက အားမသြင္းဘဲနဲ႔လည္း တစ္ခါတေလမွာ အားဝင္တဲ့ပံုကို ျပေနလို႔ပါခင္ဗ်ာ။ အဲ့ဒါက ဘာျဖစ္လို႔ပါလဲအစ္ကိုေရ။
ေျဖ – အဲ့ဒီလိုျဖစ္ေနတာကေတာ့ ဖုန္းရဲ႕ အားသြင္းတဲ့ လမ္းေၾကာင္းအပုိင္းမွာ ထိခုိက္မႈရွိထားလုိ႔ အားမသြင္းဘဲနဲ႔လည္း အားသြင္းတဲ့ပုံကို ျပေနတာပါ။ အပ်က္စီးထပ္မျဖစ္ခင္မွာ နီးစပ္ရာ ဖုန္း Service ဆုိင္မွာ ျပၾကည့္လုိက္ပါခင္ဗ်ာ။

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ့္ iCloud အေကာင့္ကို ေမ့သြားလို႔ပါ။ ဘယ္လိုျပန္လုပ္ရင္ အဆင္ေျပႏိုင္မလဲခင္ဗ်ာ။
ေျဖ – ဟုတ္ကဲ့။ မဂၤလာပါခင္ဗ်ာ။ iCloud အေကာင့္ေမ့သြားရင္ Lock က်သြားတက္ပါတယ္။ iCloud ျပန္ေက်ာ္ေပးရပါမယ္။ နီးစပ္ရာ Apple Service မွာ ျပၾကည့္သင့္ပါတယ္။

Rainbow Mobile Services & Training (သာေကတ) ဖုန္း-09-694069696,09-781869456 မွ ကူညီပံ့ပိုးပါသည္။

NetGuide Journal (Every Wednesday)