TikTok App ကို 2016 ခုနှစ် စက်တင်ဘာလမှာစတင် ထုတ်လွှင့်ခဲ့ပါတယ်။ TikTok App က တစ်ကမ္ဘာလုံးမှ သန်း ရာပေါင်းများစွာသော အသုံးပြုသူများကို ပျော်ရွှင်အောင်လုပ်ပေးနေပါတယ်။ Sensor Tower Data ရဲ့ ဖော်ပြချက်အရ  2019  ခုနှစ်တွင် TikTok App ကို ဒေါင်းလော့ခ်လုပ်တဲ့ပမာဏက 614 သန်းအထိ ရှိပြီး ယခုအခါ ဒေါင်းလော့ခ်လုပ်သူ 1.5 ဘီလီယမ်ရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။

TikTok App က လက်ရှိအချိန်မှာ တရုတ်နဲ့အိန္ဒိယတို့မှာ အလွန်ကျော်ကြား ယင်းနိုင်ငံတို့မှာ အသုံးပြုသူ သန်း 277.6 သန်းအထိရှိပါတယ်။ အခြားတစ်ဖက်မှာ လူသုံးများလာတာနဲ့အမျှ TikTok ရဲ့ ဝင်ငွေကလည်း မြင့်မား လျက်ရှိကာ 2019 ခုနှစ် မှာ 175 သန်းကျော်ရရှိထားပြီးဖြစ်ပါတယ်။ TikTok App ရဲ့ ဝင်ငွေအများစုက တရုတ်က ရရှိလာတာဖြစ်ပြီး ဝင်ငွေအားလုံးရဲ့ 48.3 ရာခိုင်နူန်းက တရုတ်ကရရှိတာဖြစ်ပါတယ်။ တရုတ်နောက်မှာ အမေရိ ကန် (35.7 ရာခိုင်နူန်း)နဲ့ ဗြိတိန် (3.9)ရာခိုင်နူန်း ရပ်တည်နေပါတယ်။

လက်ရှိအချိန်မှာ TikTok App ဟာ WhatsApp ၊ Facebook Messenger ၊ Facebook ၊ Instagram ပြီးရင် လူသုံးအများဆုံး App အဖြစ် ရပ်တည်နေပါတယ်။

TikTok ဟာ အသုံးပြုသူများမြင့်မားလာသလို အငြင်းပွားစရာများ ရှိနေပါတယ်။ ၎င်းတို့ဟာ ယခုနှစ်အစောပိုင်း တုန်းက အသုံးပြုသူများရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရယူမှုအတွက်အမေရိကန်မှာ ဒဏ်ငွေ ဒေါ်လာ 5.7 သန်းပေးဆောင်ခဲ့ရပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

ဒေါင်းလော့ခ်လုပ်သူ 1.5 ဘီလီယမ်ရှိသွားပြီဖြစ်တဲ့ TikTok




