တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Xiaomi အနေနဲ့ ‘world’s first’ လို့ဆိုရမယ့် 108MP penta-camera စမတ်ဖုန်းကို ထုတ်ပေးလိုက်ပါပြီ။ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ဒီစမတ်ဖုန်းရဲ့ကင်မရာပိုင်းပါ။နောက်ကျောဘက်ကင်မရာ 5 လုံး 108MP penta-camera နဲ့ဆိုတာလက်ရှိခေတ်စကားနဲ့ပြောရမယ်ဆိုရင် ကင်မရာကြီးကဆာလိုက်တာလို့ပြောရမှာပါ။ သူ့ရဲ့ကင်မရာဒီဇိုင်းဟာ အတော်ကြည့်ကောင်းတဲ့ ဒီဇိုင်းပုံစံမျိုးနဲ့ဖြစ်ပါတယ်။ Xiaomiအနေနဲ့XiaomiMi CC9 Pro ဖုန်းကို တရုတ်ဈေးကွက်အတွက်သတ်မှတ်ထားတာဖြစ်ပြီး ဂလိုဘယ်ဈေးကွက်အတွက်ကိုတော့ မော်ဒယ်နာမည်Mi Note 10 ဆိုပြီး ရောင်းချလာမှာဖြစ်ပါတယ်။ ကင်မရာလုပ်ဆောင်ချက်ပိုင်းအဆင်မြင့်တင်မှုတွေနဲ့ penta-camera နဲ့ ဖုန်းမှာ ဘယ်လိုလုပ်ဆောင်ချက်ကောင်းတွေပါဝင်လာမလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဒါကြောင့် ဒီတပတ်မှာတော့ Mi CC9 Pro/ Mi Note 10 အကြောင်း ရွေးချယ်ဖော်ပြပေးလိုက်ပါတယ် . . .

ဖုန်းအကြောင်းစတင်မိတ်ဆက်ခြင်း

Mi CC9 Pro စမတ်ဖုန်းဟာ 108MP camera ဆိုတာနဲ့ သုံးစွဲသူတွေကိုဆွဲဆောင်လိုက်တာ ဖြစ်ပါတယ်။ ကင်မရာဆင်ဆာဟာ Quad Bayer unit ဖြစ်ပြီး 27MP photos အရည်အသွေးကို outputs ထုတ်ပေးမှာပါ။ ကင်မရာတွေရဲ့ တည်ဆောက်မှုပုံစံဟာ အရှည်လိုက်ပုံစံနဲ့ဖြစ်ပါတယ်။ telephoto cameras 2 ခုနဲ့ဖြစ်ပြီး တမျိုးက 2x zoom နဲ့ နောက်တမျိုးကတော့ 5x optical zoom သုံးနိုင်မှာပါ။ နောက်ထပ် ကင်မရာတွေကတော့ autofocus ပါဝင်တဲ့ 20MP ultrawide ကင်မရာနဲ့ 2MP macro shooter တွေပဲဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းအနေနဲ့ အကြမ်းမျဉ်းကြည့်လိုက်မယ်ဆိုရင် 3D curved screen ကိုသုံးထားပါတယ်။ မျက်နှာပြင်ကတော့ 6.47″ AMOLED panel ပါ။ ဂိမ်းပိုင်းကိုဦးစားပေးကစားနိုင်စေဖို့အတွက် Snapdragon 730G ပရိုဆက်ဆာကိုသုံးပေးထားပါတယ်။

Design

ဒီဖုန်းရဲ့ ပုံစံကို ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တု့ိအတွက် ပြီးနှီးပြီးသားပုံစံမျိုးနဲ့ဖြစ်ပါတယ်။ သို့ပေမယ့် ရှေ့၊အနောက် ဖန်သားတွေကိုတော့ ပုံမှန်မဟုတ်ပဲ curves ပုံစံမျိုးလေးသုံးပေးထားပါတယ်။ အခြားဖုန်းတွေမှာဆိုရင်တော့ ခပ်ပြားပြားပုံစံဒီဇိုင်းမျိုးကိုသာ မြင်ရမှာပါ။ အခုအသစ်ထွက်လာတဲ့ Mi CC9 မှာတော့ ခပ်ကွေးကွေးပုံစံနဲ့ Gorilla Glass 5 panels ကိုအရှေ့ဘက်ရော၊ အနောက်ဘက်မှာရောပါ တပ်ဆင်ပေးထားပါတယ်။ ပြီးတော့ ပါးလွှာတဲ့ အလူမီနီယမ်ဘောင် အနားသတ်တွေကိုခံစားရမှာပါ။

Xiaomi အမှတ်တံဆိပ်လေးဟာ နောက်ကျောအောက်ဘက်နားမှာ ဒေါင်လိုက်လေးခပ်နှိပ်ထားပါတယ်။

ကင်မရာတွေမှာတော့ သင့်အနေနဲ့ 108MP လို့ရေးထားတာကိုတွေ့ရပါလိမ့်မယ်။ ထိပ်ဘက်မှာတော့ IR blaster နဲ့ အတူအောက်ခြေဘက်မှာတော့ loudspeaker ၊ USB-C port ၊ micနဲ့ audio jack အစဉ်လိုက်တပ်ဆင်ပေးထားပါတယ်။ Mi CC9 Pro မှာ နောက်ထပ် ဆွဲဆောင်ထားတဲ့ အချက်လေးတွေ ရှိနေပါသေးတယ် … ။ အဲ့ဒါတွေကတော့ ဖုန်းရဲ့အရောင်တွဲစပ်မှု ပုံစံတွေဖြစ်ပါတယ်။ ကျောဘက်ကတော့ အနည်းငယ်ချောမွေ့နေကိုတွေ့ရမှာပါ။ 200 ဂရမ်ကျော်ဆိုတာ လေးလံတဲ့ပမာဏလို့ ဆိုနိုင်ပေမယ့် လက်ထဲကိုင်တွယ်ရတာ လွယ်ကူပြီးသက်တောင့်သက်သာရှိမှာပါ။ XiaomiကXiaomiMi CC9 Pro က ကမ္ဘာ့ပထမဆုံး Ultra-Thin Optical In-Display Fingerprint Sensor သုံးထားတဲ့ စမတ်ဖုန်းဖြစ်ကြောင်း ဂုဏ်ယူစွာဆိုသွားပါတယ်။ လက်ဗွေရာစနစ်နေရာကကြီးမားတဲ့အပြင် ရေစိုလက်နဲ့လည်းဖုန်းဖွင့်နိုင်ပါတယ်။

Display

အရှေ့ဘက်မျက်နှာပြင်ပိုင်းကနေ စပြောရမယ်ဆိုရင် Mi CC9 Pro ရဲ့ screen ဟာ 6.47″ AMOLED panel ဖြစ်ပြီး curved edges ပုံစံပါ။ သေးငယ်တဲ့ waterdrop-shaped notch လေးကိုဖုန်းရဲ့အရှေ့ဘက်မှာထည့်ထားပြီးသူ့ထဲမှာ 32MP selfie ကင်မရာကိုထည့်ထားပါတယ်။ အရှေ့ဘက်မှာ တပ်ဆင်ထားတဲ့ ဖုန်းသားကွေးလေးကို Xiaomi ကတော့ 3D display လေးနာမည်ပေးထားပါတယ်။ 2340 x 1080px resolution မှာ 19.5:9 aspect ratio သုံးထားပြီး 398ppi; HDR 10 နဲ့ DCI-P3 compliant တို့ထောက်ပံ့ထားပါတယ်။ အောက်ဘက်ချင်းကတော့ အတော်သေးတယ်လို့ ဆိုရမှာပါ။ TUV Rheinland ထောက်ခံချက် ရရှိထားတာကြောင့် မျက်စိထိခိုက်မှုမဖြစ်စေပါဘူး။

ကင်မရာစွမ်းဆောင်ချက်

ကင်မရာစွမ်းဆောင်ချက်တွေ အကြောင်းမပြောခင်သူ့မှာတပ်ပေးထားတဲ့ ကင်မရာတွေအကြောင်းအကြမ်းဖျဉ်းကြည့်ရအောင် ဟုတ်ပြီ…. အဓိကကင်မရာကတော့ ဇာတ်လိုက်ကျော်ကြီး 1/1.33″ Quad-Bayer sensor ဖြစ်တဲ့ 108MP ပါ။ 0.8µm pixel size, 25mm f/1.7 lens နဲ့ပါ။ Premium edition မှာတော့ 8P lens ကို သုံးထားပါတယ်။ နောက်တခုက 2x zoom ဖြစ်တဲ့12MP, f/2.0, 1.4µm pixel size, dual-pixel AF ၊ပြီးတော့ 5x zoom ကင်မရာ 5M, f/2.0, saves 8MP ၊ Ultra wide-angle က 20MP, 13mm f/2.2, 1.12µm pixel size ၊ပြီးတော့Macro ကင်မရာ 2MP, 1/5″, 1.75µm pixel size, f/2.4; AF, 1.5-10cm focusing distance. တွေပဲဖြစ်ပါတယ်။အရှေ့ဘက် notch ထဲမှာတော့ 32MP, 0.8µm pixel size, f/2.0 ကိုထည့်ပေးထားပါတယ်။ပြီးတော့ကင်မရာတွေအတွက် Dual flashes တပ်ပေးထားပြီး hard light နဲ့ soft light ကိုခွဲခြားပေးပါလိမ့်မယ်။
XiaomiMi CC9 Pro Premium Edition ရဲ့ကင်မရာစွမ်းဆောင်ရည်အဆင့် သတ်မှတ်ချက်ဟာ DXOMARK Camera tests ပြုလုပ်ပြီး နောက် overall score အမှတ်ပေါင်း 121 မှတ်ရရှိပြီးထိပ်ဆုံးမှာ Huawei Mate 30 Pro နဲ့အတူ ရပ်တည်လျက်ရှိပါတယ်။ Photo score မှာ Mate 30 Pro နောက် 2 မှတ်လျော့တဲ့ 130 ရရှိထားပြီး၊ Video score မှာတော့ Google Pixel 4 ၊ Samsung Note 10+ 5G ထက်ပိုတဲ့အမှတ်နဲ့ 102 မှတ်နဲ့အမြင့်ဆုံးရပ်တည်နေပါတယ်။ Mi CC Pro ရဲ့ကင်မရာစနစ်အလုပ်လုပ်ပုံဟာ စိတ်ဝင်စားစရာကောင်းလွန်းလှပါတယ်။ ဆင်ဆာအားလုံးပေါင်းအလုပ်လုပ်ပြီး အကောင်းဆုံး 1 ခုအဖြစ် ဖန်တီးပေးတာပါ။ 1.1x ကနေ 1.9x အထိချဲ့ဖို့အတွက် အဓိကအာရုံခံကိရိယာကိုသုံးပါတယ်။ 2x ကနေ 3.7x အထိချဲ့ဖို့ကိုတော့ 12MP 2x telephoto ကင်မရာကိုသုံးပါတယ်။ 3.8x ကနေ 50x အထိချဲ့ဖို့ကိုတော့5MP 5x telephoto ကိုအသုံးပြုပါတယ်။ 10x hybrid zoom အတွက် 5 MP sensor ကိုသုံးပြီး 10x zoom အထက်ကိုတော့ 5 MP ကင်မရာရဲ့ digital zoom ကိုအသုံးပြုပါတယ်။

Mi CC9 Pro မှာ ကင်မရာလုပ်ဆောင်ချက်အသစ် Night Mode (သို့) Night Mode 2.0, ထောက်ပံ့ပေးထားပါတယ်။ Night Mode 2.0 ဟာ Night Mode 1.0 ထက်စာရင် RAW frames တွေကွန်ထရိုးလုပ်တဲ့အပိုင်းမှာ ပိုကောင်းလာပါတယ်။ Xiaomi အနေနဲ့ ultrawide angle 20MP ကင်မရာနဲ့အတူ 117 ဒီဂရီ field of view ပါဝင်လာပြီး 2 စင်တီမီတာကနေ 10 စင်တီမီတာ macro lens အသေးစားကင်မရာလေးလည်း ပါဝင်လာပါတယ်။ အဲဒီကင်မရာတွေက 1.5 စင်တီမီတာအကွာက အနီးကပ်ပုံအသေးစိတ်ကို ရိုက်ကူးနိုင်ပါတယ်။ 5 လုံးမြောက်ကင်မရာကတော့ portrait အတွက်ဖြစ်ပြီး 2MP depth sensor မဟုတ်ဘဲ 2x zoom နဲ့အတူ 12MP telephoto ရိုက်ကူးနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ဒါကြောင့်အကောင်းဆုံးရှုထောင့်ကနေ 50 မီလီမီတာ focal အကွာအဝေးကနေချိန်ရွယ်နိုင်ပါတယ်။ Phone 11 Max Pro ဟာ DxOMark မှာ ရမှတ် 117 သာရရှိခဲ့ပြီး တတိယနေရာမှာဘဲရပ်တည်နိုင်ခဲ့ပါတယ်။ iPhone 11 Pro Max ဟာ Huawei Mate 30 Pro နဲ့ ပူပူနွေးနွေးကြေညာထားတဲ့ XiaomiMi CC9 Pro Premium Edition/XiaomiMi Note 10 Pro ကို မကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စွမ်းဆောင်ရည်

ဒီဖုန်းမှာ Snapdragon 730G ပရိုဆက်ဆာကို သုံးထားပါတယ်။ 1080p resolution ဟာ ဂိမ်းကစားတဲ့အချိန်တွေမှာ ကြီးမားပြည့်စုံတဲ့ framerates နဲ့ဆော့နိုင်မှာပါ။ XiaomiMi CC9 Pro ဖုန်းသစ်မှာ Android 9 အခြေပြုနောက်ဆုံးပေါ် MIUI 11 ကို တပါတည်းထည့်ပေးထားပါတယ်။ လက်ရှိအချိန်မှာစမတ်ဖုန်းတွေထွက်လာရင် Android 10 ကိုတပါတည်း ထည့်သွင်းပေးလာမယ်လို့ ထင်ကြပေမယ့်ထုတ်လုပ်သူတွေဟာ Android 10 ပေါ် စိုးရိပ်စိတ်ရှိနေကြတဲ့ပုံပါ။ Xiaomi ရဲ့ ပြောကြားချက်အရ under-display fingerprint reader ဟာ ယခင်မျိုးဆက်များထက် 88 ရာခိုင်နှုန်းပိုမိုပါးလွှာပြီး ဘက်ထရီလိုအရာမျိုးတွေအတွက် နေရာလွတ်တွေဖန်တီးပေးခဲ့တယ်လို့သိရပါတယ်။ recognition area ဟာ 10% ပိုကြီးလာပြီးသုံးရတာ ပိုတိကျပြီးပိုမြန်ဆန်လာပါတယ်။

XiaomiMi CC9 Pro အတွင်းပိုင်းကို ကြည့်လိုက်မယ်ဆိုရင်တော့ 8nm Snapdragon 730G chipset ပါဝါစွမ်းအားကို သုံးထားပါတယ်။ဒီပရိုဆက်ဆာဟာ flagship processor လို့မသတ်မှတ်နိုင်ပေမယ့်လက်ရှိအချိန်မှာတော့ Qualcomm ရဲ့ midrange chipset ထဲမှာထိပ်တန်းအဆင့်ရှိပါတယ်။G ဆိုတာGaming SoC ဖြစ်တာကြောင့် Gaming Features တွေမှာစွမ်းဆောင်ရည်မြင့်စေတဲ့အပြင် AI Function, Image Capture တွေနဲအတူစမတ်ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်းကို အားသာအောင်ဆောင်ရွက်ပေးပါတယ်။ တရုတ်နိုင်ငံအတွက် ထုတ်ပေးမယ့် Mi CC9 Pro ကို 6/128GB, 8/128GB နဲ့ 8/256GB ဆိုပြီးဗားရှင်း 3 မျိုးထုတ်ထားပါတယ်။ GPU အမြန်နှုန်းမှာလည်း vanilla SD730 ထက်ယှဉ်လိုက်ရင် 15% နှုန်း ဂရပ်ဖစ်ပိုင်းကို တိုးမြင့်ထားပါတယ်။ Snapdragon 730G: octa-core CPU ရဲ့ပေါင်းစပ်မှုဟာ 2×2.2 GHz Kryo 470 Gold & 6×1.8 GHz Kryo 470 Silver) ဖြစ်ပြီး Adreno 618 GPU သုံးထားပါတယ်။ Premium edition ကတော့ 128/256GB storage တွေပါ။

OpenGL နဲ့ Vulkanမှာ 2,384 နဲ့ 2,240 အသီးသီးရရှိထားပါတယ်။ Snapdragon 730 ပါဝါစွမ်းအားသုံးXiaomiMi 9T ကတော့ တူညီတဲ့စမ်းသပ်ချက်တွေမှာ 2,197 နဲ့ 2,064 အသီးသီးရရှိထားပါတယ်။ AnTuTuစမ်းသပ်ချက်မှာတော့ CC9 Pro က 259,773 ရထားပြီး Mi 9T ကတော့ 211,963 score ရထားပါတယ်။ Geekbench စမ်းသပ်ချက် ရလာဒ်တွေကို ထပ်ကြည့် လိုက်မယ်ဆိုရင် single-coreမှာ 2,535 နဲ့ multi-core မှာ 6,821 ရထားပါတယ်။ Mi 9T ကတော့ single-core မှာ 2,550 နဲ့ multi-core မှာ 6,948 ရတာကြောင့် ဒီရလာဒ်မှာတော့သိပ်ကွာဟခြင်းမရှိပါဘူး။

ကွန်ရက်ချိတ်ဆက်မှုနဲ့ ဘက်ထရီ

XiaomiMi CC9 Pro မှာ ကွန်ရက်ချိတ်ဆက်မှုအနေနဲ့ Wi-Fi 802.11 a/b/g/n/ac, GPS, Bluetooth v5.00, NFC, USB Type-C, FM radioWi-Fi Direct တို့ ထောက်ပံ့ပေးထားပါတယ်။ ဆင်းကတ် 2 မျိုးလုံးဟာ 4G ချိတ်ဆက်နိုင်မှာပါ။ ဆင်ဆာပိုင်းမှာတော့ accelerometer, ambient light sensor, compass/ magnetometer, gyroscope, proximity sensor, fingerprint sensor တို့ပါဝင်ပြီးMi CC9 Pro Premium Edition ကတော့ face unlock ထောက်ပံ့ပါတယ်။ Battery ပိုင်းမှာ တော့ 5260mAh Li-Ion Battery ကို ထည့်သွင်းအသုံးပြုထားတာဖြစ်ပြီး 30W fast charging ဖြစ်ပြီး 0-100% ကဖို့အတွက် 65min မိနစ်မှာကြာမှာပါ။

XiaomiMi Watch

Mi CC9 Pro စမတ်ဖုန်းနဲ့အတူ Mi အမှတ်တံဆိပ်နဲ့ ပထမဆုံးစမတ်နာရီ Mi Watch ကို မိတ်ဆက်လိုက်ပါတယ်။ Mi Watch မှာ မျက်နှာပြင် 1.78 လက်မ AMOLED Screen သုံးထားပြီး 44 မီလီမီတာဒိုင်ခွက်မှာ Always-on Capabilities သုံးထားပါတယ်။ ကျောဘက်မှာ စီရာမစ်သုံးထားပြီး ခလုတ်တစ်ခုတည်းပါဝင်ပါတယ်။ သော့တံကိုညာခြမ်းမှာ ထည့်သွင်းထားပြီး Interface အတွက်အသုံးပြုနိုင်ပါတယ်။ ဘယ်ဖက်မှာ စပီကာတစ်လုံးနဲ့မိုက်ခရိုဖုန်းတို့ပါဝင်ပါတယ်။ Mi Watch မှာ Google ရဲ့ Wear OS အခြေခံထားတဲ့ MIUI Wear OS ကို အသုံးပြုထားပါတယ်။ နာရီအတွက်ထုတ်လုပ်ထားတဲ့ MIUI မှာ app အခု 40 ကျော်နဲ့ third-party developer တွေအတွက်သီးခြား app store ပါဝင်လာပါတယ်။ သူ့မှာရေကူးတာနဲ့ ကိုယ်လက်ကြံ့ခိုင်ရေးကို ခြေရာခံတဲ့ feature များစွာပါဝင်လာပါတယ်။ လေ့ကျင့်ခန်းအမျိုးမျိုးလုပ်တာအပေါ်အခြေခံပြီး နှလုံးခုန်နှုန်းအချက်အလက် တွေကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာပေးတဲ့ Firstbeat ရဲ့စွမ်းဆောင်ရည်လေ့လာချက်နဲ့လည်း တွဲဖက်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
Mi Watch မှာ Snapdragon Wear 3100 4G chipset နဲ့အတူ RAM 1GB အပြင် storage 8GB ကို အသုံးပြုထားပါတယ်။ Mi Watch မှာ 570mAh ဘက်ထရီကို အသုံးပြုထားပြီး ဘက်ထရီသက်တမ်းကတော့ 4G ကိုဖွင့်လိုက်ရင် 36 နာရီဆက်တိုက် အသုံးပြုနိုင်ပါတယ်။ Bluetooth, NFC နဲ့ eSIM ထောက်ပံ့မှုတို့ပါဝင်လာပါတယ်။ တရုတ်နိုင်ငံမှာပဲသီးသန့်ရောင်းချမှာ ဖြစ်ပြီးနိုင်ငံတကာကို ဘယ်အချိန်မှာ ဖြန့်ချိမလဲဆိုတာမသိသေးပါဘူး။ နိုဝင်ဘာ 11 ရက်မှာ တရုတ်ဈေးကွက်အတွင်း 185 ဒေါ်လာနဲ့ရောင်းချပါမယ်။ Premium Edition Mi Watch ကတော့ sapphire crystal မျက်နှာပြင်နဲ့ဖြစ်ပြီး စတီးကိုယ်ထည်နဲ့ကြိုးအသုံးပြုထားပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ 285 သတ်မှတ်ထားပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

‘world’s first’ 108MP penta-camera smartphone : Mi CC9 Pro

တရုတ္စမတ္ဖုန္းထုတ္လုပ္သူ Xiaomi အေနနဲ႔ ‘world’s first’ လို႔ဆိုရမယ့္ 108MP penta-camera စမတ္ဖုန္းကို ထုတ္ေပးလိုက္ပါၿပီ။ စိတ္ဝင္စားစရာအေကာင္းဆုံးကေတာ့ဒီစမတ္ဖုန္းရဲ႕ကင္မရာပိုင္းပါ။ေနာက္ေက်ာဘက္ကင္မရာ 5 လုံး 108MP penta-camera နဲ႔ဆိုတာလက္ရွိေခတ္စကားနဲ႔ေျပာရမယ္ဆိုရင္ ကင္မရာႀကီးကဆာလုိက္တာလုိ႔ေျပာရမွာပါ။ သူ႕ရဲ႕ကင္မရာဒီဇိုင္းဟာ အေတာ္ၾကည့္ေကာင္းတဲ့ ဒီဇိုင္းပုံစံမ်ိဳးနဲ႔ျဖစ္ပါတယ္။ Xiaomiအေနနဲ႔XiaomiMi CC9 Pro ဖုန္းကို တရုတ္ေစ်းကြက္အတြက္သတ္မွတ္ထားတာျဖစ္ၿပီး ဂလိုဘယ္ေစ်းကြက္အတြက္ကိုေတာ့ ေမာ္ဒယ္နာမည္Mi Note 10 ဆိုၿပီး ေရာင္းခ်လာမွာျဖစ္ပါတယ္။ ကင္မရာလုပ္ေဆာင္ခ်က္ပုိင္းအဆင္ျမင့္တင္မႈေတြနဲ႔ penta-camera နဲ႔ ဖုန္းမွာ ဘယ္လိုလုပ္ေဆာင္ခ်က္ေကာင္းေတြပါဝင္လာမလဲဆိုတာ စိတ္ဝင္စားစရာပါ။ ဒါေၾကာင့္ ဒီတပတ္မွာေတာ့ Mi CC9 Pro/ Mi Note 10 အေၾကာင္း ေရြးခ်ယ္ေဖာ္ျပေပးလိုက္ပါတယ္  . . .

ဖုန္းအေၾကာင္းစတင္မိတ္ဆက္ျခင္း

Mi CC9 Pro စမတ္ဖုန္းဟာ 108MP camera ဆိုတာနဲ႔ သုံးစြဲသူေတြကိုဆြဲေဆာင္လိုက္တာ ျဖစ္ပါတယ္။ ကင္မရာဆင္ဆာဟာ Quad Bayer unit ျဖစ္ၿပီး 27MP photos အရည္အေသြးကို outputs ထုတ္ေပးမွာပါ။ ကင္မရာေတြရဲ႕ တည္ေဆာက္မႈပုံစံဟာ အရွည္လုိက္ပုံစံနဲ႔ျဖစ္ပါတယ္။  telephoto cameras 2 ခုနဲ႔ျဖစ္ၿပီး တမ်ိဳးက  2x zoom နဲ႔ ေနာက္တမ်ိဳးကေတာ့  5x optical zoom သုံးႏုိင္မွာပါ။ ေနာက္ထပ္ ကင္မရာေတြကေတာ့  autofocus ပါဝင္တဲ့ 20MP ultrawide ကင္မရာနဲ႔ 2MP macro shooter ေတြပဲျဖစ္ပါတယ္။ ဒီဇိုင္းပိုင္းအေနနဲ႔  အၾကမ္းမ်ဥ္းၾကည့္လိုက္မယ္ဆုိရင္ 3D curved screen ကိုသုံးထားပါတယ္။ မ်က္ႏွာျပင္ကေတာ့ 6.47″ AMOLED panel ပါ။ ဂိမ္းပိုင္းကိုဦးစားေပးကစားႏိုင္ေစဖို႔အတြက္ Snapdragon 730G ပရိုဆက္ဆာကိုသံုးေပးထားပါတယ္။

Design

ဒီဖုန္းရဲ႕ ပုံစံကို ၾကည့္လုိက္မယ္ဆုိရင္ ကၽြန္ေတာ္တု႔ိအတြက္ ၿပီးႏွီးၿပီးသားပုံစံမ်ိဳးနဲ႔ျဖစ္ပါတယ္။ သုိ႔ေပမယ့္ ေရွ႕၊အေနာက္ ဖန္သားေတြကိုေတာ့ ပုံမွန္မဟုတ္ပဲ curves ပုံစံမ်ိဳးေလးသုံးေပးထားပါတယ္။ အျခားဖုန္းေတြမွာဆိုရင္ေတာ့ ခပ္ျပားျပားပုံစံဒီဇုိင္းမ်ိဳးကိုသာ ျမင္ရမွာပါ။ အခုအသစ္ထြက္လာတဲ့ Mi CC9 မွာေတာ့ ခပ္ေကြးေကြးပုံစံနဲ႔ Gorilla Glass 5 panels ကိုအေရွ႕ဘက္ေရာ၊ အေနာက္ဘက္မွာေရာပါ တပ္ဆင္ေပးထားပါတယ္။ ၿပီးေတာ့ ပါးလႊာတဲ့ အလူမီနီယမ္ေဘာင္ အနားသတ္ေတြကိုခံစားရမွာပါ။

Xiaomi အမွတ္တံဆိပ္ေလးဟာ ေနာက္ေက်ာေအာက္ဘက္နားမွာ ေဒါင္လုိက္ေလးခပ္ႏွိပ္ထားပါတယ္။

ကင္မရာေတြမွာေတာ့ သင့္အေနနဲ႔ 108MP လို႔ေရးထားတာကိုေတြ႕ရပါလိမ့္မယ္။ ထိပ္ဘက္မွာေတာ့  IR blaster နဲ႔ အတူေအာက္ေျခဘက္မွာေတာ့ loudspeaker ၊ USB-C port ၊ micနဲ႔ audio jack အစဥ္လိုက္တပ္ဆင္ေပးထားပါတယ္။ Mi CC9 Pro မွာ ေနာက္ထပ္ ဆြဲေဆာင္ထားတဲ့ အခ်က္ေလးေတြ ရွိေနပါေသးတယ္ … ။ အဲ့ဒါေတြကေတာ့ ဖုန္းရဲ႕အေရာင္တြဲစပ္မႈ ပုံစံေတြျဖစ္ပါတယ္။ ေက်ာဘက္ကေတာ့ အနည္းငယ္ေခ်ာေမြ႕ေနကိုေတြ႕ရမွာပါ။ 200 ဂရမ္ေက်ာ္ဆိုတာ ေလးလံတဲ့ပမာဏလို႔ ဆိုႏုိင္ေပမယ့္ လက္ထဲကိုင္တြယ္ရတာ လြယ္ကူၿပီးသက္ေတာင့္သက္သာရွိမွာပါ။ XiaomiကXiaomiMi CC9 Pro က ကမာၻ႔ပထမဆုံး Ultra-Thin Optical In-Display Fingerprint Sensor သုံးထားတဲ့ စမတ္ဖုန္းျဖစ္ေၾကာင္း ဂုဏ္ယူစြာဆိုသြားပါတယ္။ လက္ေဗြရာစနစ္ေနရာကႀကီးမားတဲ့အျပင္ ေရစိုလက္နဲ႔လည္းဖုန္းဖြင့္ႏိုင္ပါတယ္။

Display

အေရွ႕ဘက္မ်က္ႏွာျပင္ပိုင္းကေန စေျပာရမယ္ဆိုရင္ Mi CC9 Pro ရဲ႕ screen ဟာ 6.47″ AMOLED panel ျဖစ္ၿပီး curved edges ပုံစံပါ။ ေသးငယ္တဲ့ waterdrop-shaped notch ေလးကိုဖုန္းရဲ႕အေရွ႕ဘက္မွာထည့္ထားၿပီးသူ႕ထဲမွာ 32MP selfie ကင္မရာကိုထည့္ထားပါတယ္။ အေရွ႕ဘက္မွာ တပ္ဆင္ထားတဲ့ ဖုန္းသားေကြးေလးကို Xiaomi ကေတာ့ 3D display ေလးနာမည္ေပးထားပါတယ္။ 2340 x 1080px resolution မွာ 19.5:9 aspect ratio သုံးထားၿပီး 398ppi; HDR 10 နဲ႔ DCI-P3 compliant တို႔ေထာက္ပံ့ထားပါတယ္။ ေအာက္ဘက္ခ်င္းကေတာ့ အေတာ္ေသးတယ္လို႔ ဆိုရမွာပါ။ TUV Rheinland ေထာက္ခံခ်က္ ရရွိထားတာေၾကာင့္ မ်က္စိထိခိုက္မႈမျဖစ္ေစပါဘူး။

ကင္မရာစြမ္းေဆာင္ခ်က္

ကင္မရာစြမ္းေဆာင္ခ်က္ေတြ အေၾကာင္းမေျပာခင္သူ႕မွာတပ္ေပးထားတဲ့ ကင္မရာေတြအေၾကာင္းအၾကမ္းဖ်ဥ္းၾကည့္ရေအာင္ ဟုတ္ၿပီ…. အဓိကကင္မရာကေတာ့ ဇာတ္လုိက္ေက်ာ္ႀကီး 1/1.33″  Quad-Bayer sensor ျဖစ္တဲ့  108MP ပါ။ 0.8µm pixel size, 25mm f/1.7 lens နဲ႔ပါ။ Premium edition မွာေတာ့ 8P lens ကို သုံးထားပါတယ္။ ေနာက္တခုက  2x zoom ျဖစ္တဲ့12MP, f/2.0, 1.4µm pixel size, dual-pixel AF ၊ၿပီးေတာ့ 5x zoom ကင္မရာ 5M, f/2.0, saves 8MP ၊ Ultra wide-angle က 20MP, 13mm f/2.2, 1.12µm pixel size ၊ၿပီးေတာ့Macro ကင္မရာ 2MP, 1/5″, 1.75µm pixel size, f/2.4; AF, 1.5-10cm focusing distance. ေတြပဲျဖစ္ပါတယ္။အေရွ႕ဘက္ notch ထဲမွာေတာ့  32MP, 0.8µm pixel size, f/2.0 ကိုထည့္ေပးထားပါတယ္။ၿပီးေတာ့ကင္မရာေတြအတြက္ Dual flashes တပ္ေပးထားၿပီး hard light နဲ႔  soft light ကိုခြဲျခားေပးပါလိမ့္မယ္။

XiaomiMi CC9 Pro Premium Edition ရဲ႕ကင္မရာစြမ္းေဆာင္ရည္အဆင့္ သတ္မွတ္ခ်က္ဟာ DXOMARK Camera tests ျပဳလုပ္ၿပီး ေနာက္ overall score အမွတ္ေပါင္း 121 မွတ္ရရွိၿပီးထိပ္ဆံုးမွာ Huawei Mate 30 Pro နဲ႔အတူ ရပ္တည္လ်က္ရွိပါတယ္။ Photo score မွာ Mate 30 Pro ေနာက္ 2 မွတ္ေလ်ာ့တဲ့ 130 ရရိွထားၿပီး၊ Video score မွာေတာ့ Google Pixel 4 ၊ Samsung Note 10+ 5G ထက္ပိုတဲ့အမွတ္နဲ႔ 102 မွတ္နဲ႔အျမင့္ဆုံးရပ္တည္ေနပါတယ္။ Mi CC Pro ရဲ႕ကင္မရာစနစ္အလုပ္လုပ္ပုံဟာ စိတ္ဝင္စားစရာေကာင္းလြန္းလွပါတယ္။ ဆင္ဆာအားလုံးေပါင္းအလုပ္လုပ္ၿပီး အေကာင္းဆုံး 1 ခုအျဖစ္ ဖန္တီးေပးတာပါ။ 1.1x ကေန  1.9x  အထိခ်ဲ႕ဖို႔အတြက္ အဓိကအာရုံခံကိရိယာကိုသုံးပါတယ္။ 2x ကေန 3.7x အထိခ်ဲ႕ဖို႔ကိုေတာ့ 12MP 2x telephoto  ကင္မရာကိုသုံးပါတယ္။ 3.8x ကေန 50x အထိခ်ဲ႕ဖို႕ကိုေတာ့5MP 5x telephoto ကိုအသုံးျပဳပါတယ္။ 10x hybrid zoom  အတြက္  5 MP sensor ကိုသုံးၿပီး 10x zoom အထက္ကိုေတာ့  5 MP ကင္မရာရဲ႕  digital zoom ကိုအသုံးျပဳပါတယ္။

Mi CC9 Pro မွာ ကင္မရာလုပ္ေဆာင္ခ်က္အသစ္  Night Mode (သို႔) Night Mode 2.0, ေထာက္ပံ့ေပးထားပါတယ္။ Night Mode 2.0 ဟာ Night Mode 1.0 ထက္စာရင္ RAW frames ေတြကြန္ထရိုးလုပ္တဲ့အပိုင္းမွာ ပိုေကာင္းလာပါတယ္။ Xiaomi အေနနဲ႔ ultrawide angle 20MP ကင္မရာနဲ႔အတူ 117 ဒီဂရီ field of view ပါဝင္လာၿပီး 2 စင္တီမီတာကေန 10 စင္တီမီတာ macro lens အေသးစားကင္မရာေလးလည္း ပါဝင္လာပါတယ္။ အဲဒီကင္မရာေတြက 1.5 စင္တီမီတာအကြာက အနီးကပ္ပုံအေသးစိတ္ကို ႐ိုက္ကူးႏိုင္ပါတယ္။ 5 လုံးေျမာက္ကင္မရာကေတာ့ portrait အတြက္ျဖစ္ၿပီး 2MP depth sensor မဟုတ္ဘဲ 2x zoom နဲ႔အတူ 12MP telephoto ႐ိုက္ကူးႏိုင္ေအာင္ ျပဳလုပ္ေပးထားပါတယ္။ ဒါေၾကာင့္အေကာင္းဆုံးရႈေထာင့္ကေန 50 မီလီမီတာ focal အကြာအေဝးကေနခ်ိန္႐ြယ္ႏိုင္ပါတယ္။ Phone 11 Max Pro ဟာ DxOMark မွာ ရမွတ္ 117 သာရရွိခဲ့ၿပီး တတိယေနရာမွာဘဲရပ္တည္ႏိုင္ခဲ့ပါတယ္။ iPhone 11 Pro Max ဟာ Huawei Mate 30 Pro နဲ႔ ပူပူေႏြးေႏြးေၾကညာထားတဲ့ XiaomiMi CC9 Pro Premium Edition/XiaomiMi Note 10 Pro ကို မေက်ာ္ျဖတ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

စြမ္းေဆာင္ရည္

ဒီဖုန္းမွာ Snapdragon 730G ပရိုဆက္ဆာကို သုံးထားပါတယ္။  1080p resolution ဟာ ဂိမ္းကစားတဲ့အခ်ိန္ေတြမွာ ႀကီးမားျပည့္စုံတဲ့ framerates နဲ႔ေဆာ့ႏိုင္မွာပါ။ XiaomiMi CC9 Pro ဖုန္းသစ္မွာ Android 9 အေျချပဳေနာက္ဆုံးေပၚ  MIUI 11 ကို တပါတည္းထည့္ေပးထားပါတယ္။ လက္ရွိအခ်ိန္မွာစမတ္ဖုန္းေတြထြက္လာရင္ Android 10 ကိုတပါတည္း ထည့္သြင္းေပးလာမယ္လို႔ ထင္ၾကေပမယ့္ထုတ္လုပ္သူေတြဟာ Android 10 ေပၚ စိုးရိပ္စိတ္ရွိေနၾကတဲ့ပုံပါ။ Xiaomi ရဲ႕ ေျပာၾကားခ်က္အရ under-display fingerprint reader ဟာ ယခင္မ်ိဳးဆက္မ်ားထက္ 88 ရာခိုင္ႏႈန္းပိုမိုပါးလႊာၿပီး ဘက္ထရီလိုအရာမ်ိဳးေတြအတြက္ ေနရာလြတ္ေတြဖန္တီးေပးခဲ့တယ္လို႔သိရပါတယ္။ recognition area ဟာ  10% ပိုႀကီးလာၿပီးသုံးရတာ ပိုတိက်ၿပီးပိုျမန္ဆန္လာပါတယ္။

XiaomiMi CC9 Pro  အတြင္းပိုင္းကို ၾကည့္လုိက္မယ္ဆိုရင္ေတာ့ 8nm Snapdragon 730G chipset ပါဝါစြမ္းအားကို သုံးထားပါတယ္။ဒီပရိုဆက္ဆာဟာ  flagship processor  လို႔မသတ္မွတ္ႏုိင္ေပမယ့္လက္ရွိအခ်ိန္မွာေတာ့ Qualcomm ရဲ႕ midrange chipset ထဲမွာထိပ္တန္းအဆင့္ရွိပါတယ္။G ဆိုတာGaming SoC ျဖစ္တာေၾကာင့္ Gaming Features ေတြမွာစြမ္းေဆာင္ရည္ျမင့္ေစတဲ့အျပင္ AI Function, Image Capture ေတြနဲအတူစမတ္ဖုန္းရဲ႕ စြမ္းေဆာင္ရည္ပိုင္းကို အားသာေအာင္ေဆာင္႐ြက္ေပးပါတယ္။ တရုတ္ႏိုင္ငံအတြက္ ထုတ္ေပးမယ့္ Mi CC9 Pro ကို 6/128GB, 8/128GB နဲ့ 8/256GB  ဆိုၿပီးဗားရွင္း 3 မ်ိဳးထုတ္ထားပါတယ္။  GPU အျမန္ႏႈန္းမွာလည္း vanilla SD730 ထက္ယွဥ္လိုက္ရင္  15% ႏႈန္း ဂရပ္ဖစ္ပိုင္းကို တိုးျမင့္ထားပါတယ္။ Snapdragon 730G: octa-core CPU ရဲ႕ေပါင္းစပ္မႈဟာ 2×2.2 GHz Kryo 470 Gold & 6×1.8 GHz Kryo 470 Silver) ျဖစ္ၿပီး Adreno 618 GPU သုံးထားပါတယ္။ Premium edition ကေတာ့ 128/256GB storage ေတြပါ။

OpenGL နဲ႔ Vulkanမွာ 2,384 နဲ႔ 2,240 အသီးသီးရရွိထားပါတယ္။ Snapdragon 730 ပါဝါစြမ္းအားသုံးXiaomiMi 9T ကေတာ့ တူညီတဲ့စမ္းသပ္ခ်က္ေတြမွာ 2,197 နဲ႔  2,064 အသီးသီးရရွိထားပါတယ္။ AnTuTuစမ္းသပ္ခ်က္မွာေတာ့ CC9 Pro က 259,773 ရထားၿပီး Mi 9T ကေတာ့ 211,963 score ရထားပါတယ္။ Geekbench စမ္းသပ္ခ်က္ ရလာဒ္ေတြကို ထပ္ၾကည့္ လိုက္မယ္ဆိုရင္ single-coreမွာ  2,535  နဲ႔ multi-core မွာ 6,821 ရထားပါတယ္။ Mi 9T ကေတာ့  single-core မွာ 2,550 နဲ႔ multi-core မွာ 6,948  ရတာေၾကာင့္ ဒီရလာဒ္မွာေတာ့သိပ္ကြာဟျခင္းမရွိပါဘူး။

ကြန္ရက္ခ်ိတ္ဆက္မႈနဲ႔ ဘက္ထရီ

XiaomiMi CC9 Pro မွာ ကြန္ရက္ခ်ိတ္ဆက္မႈအေနနဲ႔ Wi-Fi 802.11 a/b/g/n/ac, GPS, Bluetooth v5.00, NFC, USB Type-C,  FM radioWi-Fi Direct တို႔ ေထာက္ပံ့ေပးထားပါတယ္။ ဆင္းကတ္ 2 မ်ိဳးလုံးဟာ 4G ခ်ိတ္ဆက္ႏိုင္မွာပါ။ ဆင္ဆာပိုင္းမွာေတာ့ accelerometer, ambient light sensor, compass/ magnetometer, gyroscope, proximity sensor, fingerprint sensor တို႔ပါဝင္ၿပီးMi CC9 Pro Premium Edition ကေတာ့  face unlock ေထာက္ပံ့ပါတယ္။ Battery ပိုင္းမွာ ေတာ့ 5260mAh Li-Ion Battery ကို ထည့္သြင္းအသုံးျပဳထားတာျဖစ္ၿပီး 30W fast charging ျဖစ္ၿပီး 0-100% ကဖို႔အတြက္ 65min မိနစ္မွာၾကာမွာပါ။

XiaomiMi Watch

Mi CC9 Pro စမတ္ဖုန္းနဲ႔အတူ Mi အမွတ္တံဆိပ္နဲ႔ ပထမဆုံးစမတ္နာရီ Mi Watch ကို မိတ္ဆက္လိုက္ပါတယ္။ Mi Watch မွာ မ်က္ႏွာျပင္ 1.78 လက္မ AMOLED Screen သုံးထားၿပီး 44 မီလီမီတာဒိုင္ခြက္မွာ Always-on Capabilities သုံးထားပါတယ္။ ေက်ာဘက္မွာ စီရာမစ္သုံးထားၿပီး ခလုတ္တစ္ခုတည္းပါဝင္ပါတယ္။ ေသာ့တံကိုညာျခမ္းမွာ ထည့္သြင္းထားၿပီး Interface အတြက္အသုံးျပဳႏိုင္ပါတယ္။ ဘယ္ဖက္မွာ စပီကာတစ္လုံးနဲ႔မိုက္ခ႐ိုဖုန္းတို႔ပါဝင္ပါတယ္။ Mi Watch မွာ Google ရဲ႕ Wear OS အေျခခံထားတဲ့ MIUI Wear OS ကို အသုံးျပဳထားပါတယ္။ နာရီအတြက္ထုတ္လုပ္ထားတဲ့ MIUI မွာ app အခု 40 ေက်ာ္နဲ႔ third-party developer ေတြအတြက္သီးျခား app store ပါဝင္လာပါတယ္။ သူ႕မွာေရကူးတာနဲ႔ ကိုယ္လက္ႀကံ့ခိုင္ေရးကို ေျခရာခံတဲ့ feature မ်ားစြာပါဝင္လာပါတယ္။ ေလ့က်င့္ခန္းအမ်ိဳးမ်ိဳးလုပ္တာအေပၚအေျခခံၿပီး ႏွလုံးခုန္ႏႈန္းအခ်က္အလက္ ေတြကို အေသးစိတ္ခြဲျခမ္းစိတ္ျဖာေပးတဲ့ Firstbeat ရဲ႕စြမ္းေဆာင္ရည္ေလ့လာခ်က္နဲ႔လည္း တြဲဖက္အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။

Mi Watch မွာ Snapdragon Wear 3100 4G chipset နဲ႔အတူ RAM 1GB အျပင္ storage 8GB ကို အသုံးျပဳထားပါတယ္။ Mi Watch မွာ 570mAh ဘက္ထရီကို အသုံးျပဳထားၿပီး ဘက္ထရီသက္တမ္းကေတာ့ 4G ကိုဖြင့္လိုက္ရင္ 36 နာရီဆက္တိုက္ အသုံးျပဳႏိုင္ပါတယ္။ Bluetooth, NFC နဲ႔ eSIM ေထာက္ပံ့မႈတို႔ပါဝင္လာပါတယ္။ တ႐ုတ္ႏိုင္ငံမွာပဲသီးသန႔္ေရာင္းခ်မွာ ျဖစ္ၿပီးႏိုင္ငံတကာကို ဘယ္အခ်ိန္မွာ ျဖန႔္ခ်ိမလဲဆိုတာမသိေသးပါဘူး။ ႏိုဝင္ဘာ 11 ရက္မွာ တ႐ုတ္ေဈးကြက္အတြင္း 185 ေဒၚလာနဲ႔ေရာင္းခ်ပါမယ္။ Premium Edition Mi Watch ကေတာ့ sapphire crystal မ်က္ႏွာျပင္နဲ႔ျဖစ္ၿပီး စတီးကိုယ္ထည္နဲ႔ႀကိဳးအသုံးျပဳထားပါတယ္။ ေဈးႏႈန္းကေတာ့ ေဒၚလာ 285 သတ္မွတ္ထားပါတယ္။

NetGuide Journal (Every Wednesday)