Motorola Razr တစ်ကျော့ပြန် ပြန်လည်ရှင်သန်လာခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာ Motorola Razr ဟာ မော်ဒန်ခေတ်မှာ ပြန်လည်မွေးဖွားလာတာနဲ့အညီ ခေါက်နိုင်တဲ့ ရုပ်ထွက် အသုံးပြုလာပါတယ်။ Motorola Razr က ခေါက်ထားချိန်မှာ စမတ်ဖုန်းအဖြစ် အသုံးမပြုနိုင်ဘဲ ဖြန့်လိုက်ချိန်မှာမှ စမတ်ဖုန်းအဖြစ် သုံးနိုင်တာကြောင့် Samsung Galaxy Fold ၊ Huawei Mate X တို့နဲ့ ဒီဇိုင်းပိုင်း ကွဲပြားပါတယ်။

Samsung ကလည်း Motorola Razr လိုမျိုး ခါးလယ်တစ်ဝက်မှ ခေါက်ချိုးသုံးရတဲ့ စမတ်ဖုန်းမျိုးအဖြစ် Samsung W20 5G ကို ထုတ်လုပ်လာမှာ ဖြစ်ပါတယ်။ တကယ်တော့ Samsung တစ်ခုတည်းဘဲ ယင်းဒီဇိုင်းမျိုးသုံးထားတဲ့ ခေါက်နိုင်တဲ့ ရုပ်ထွက်ပါစမတ်ဖုန်း ထုတ်လုပ်လာမှာ မဟုတ်ပါဘူး။

Xiaomi ကလည်း ယင်းဒီဇိုင်းသုံးထားတဲ့ စမတ်ဖုန်းမျိုး ထုတ်လုပ်ရောင်းချသွားဦးမှာ ဖြစ်ပါတယ်။ Xiaomi ဟာ ခေါက်ဖုန်းဒီဇိုင်းစမတ်ဖုန်းထုတ်လုပ်ဖို့ ဒီဇိုင်းမူပိုင်ခွင့် ရယူလာပါတယ်။

Xiaomi စမတ်ဖုန်းမှာ ကျောဘက်ကင်မရာနှစ်လုံးပါဝင်သလို ခေါက်ထားချိန်မှာလည်း ဖုန်းအတွင်းသို့ ဝင်ရောက်လာတဲ့ Notifications များကို သိနိုင်ဖို့ ရုပ်ထွက်ငယ်တစ်ခု ပါဝင်တာ တွေ့ရပါတယ်။ ဒီဖုန်းက Motorola Razr လိုဘဲ ဖြန့်ထားတဲ့အချိန်မှာဘဲ စမတ်ဖုန်းအဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Motorola Razr လို ေခါက္စမတ္ဖုန္း ထုတ္လုပ္ေရာင္းခ်လာမယ့္ Xiaomi

Motorola Razr တစ္ေက်ာ့ျပန္ ျပန္လည္ရွင္သန္လာခဲ့ပါၿပီ။ ဒီတစ္ႀကိမ္မွာ Motorola Razr ဟာ ေမာ္ဒန္ေခတ္မွာ ျပန္လည္ေမြးဖြားလာတာနဲ႔အညီ ေခါက္နိုင္တဲ့ ႐ုပ္ထြက္ အသုံးျပဳလာပါတယ္။ Motorola Razr က ေခါက္ထားခ်ိန္မွာ စမတ္ဖုန္းအျဖစ္ အသုံးမျပဳနိုင္ဘဲ ျဖန႔္လိုက္ခ်ိန္မွာမွ စမတ္ဖုန္းအျဖစ္ သုံးနိုင္တာေၾကာင့္ Samsung Galaxy Fold ၊ Huawei Mate X တို႔နဲ႔ ဒီဇိုင္းပိုင္း ကြဲျပားပါတယ္။

Samsung ကလည္း Motorola Razr လိုမ်ိဳး ခါးလယ္တစ္ဝက္မွ ေခါက္ခ်ိဳးသုံးရတဲ့ စမတ္ဖုန္းမ်ိဳးအျဖစ္ Samsung W20 5G ကို ထုတ္လုပ္လာမွာ ျဖစ္ပါတယ္။ တကယ္ေတာ့ Samsung တစ္ခုတည္းဘဲ ယင္းဒီဇိုင္းမ်ိဳးသုံးထားတဲ့ ေခါက္နိုင္တဲ့ ႐ုပ္ထြက္ပါစမတ္ဖုန္း ထုတ္လုပ္လာမွာ မဟုတ္ပါဘူး။

Xiaomi ကလည္း ယင္းဒီဇိုင္းသုံးထားတဲ့ စမတ္ဖုန္းမ်ိဳး ထုတ္လုပ္ေရာင္းခ်သြားဦးမွာ ျဖစ္ပါတယ္။ Xiaomi ဟာ ေခါက္ဖုန္းဒီဇိုင္းစမတ္ဖုန္းထုတ္လုပ္ဖို႔ ဒီဇိုင္းမူပိုင္ခြင့္ ရယူလာပါတယ္။

Xiaomi စမတ္ဖုန္းမွာ ေက်ာဘက္ကင္မရာႏွစ္လုံးပါဝင္သလို ေခါက္ထားခ်ိန္မွာလည္း ဖုန္းအတြင္းသို႔ ဝင္ေရာက္လာတဲ့ Notifications မ်ားကို သိနိုင္ဖို႔ ႐ုပ္ထြက္ငယ္တစ္ခု ပါဝင္တာ ေတြ႕ရပါတယ္။ ဒီဖုန္းက Motorola Razr လိုဘဲ ျဖန႔္ထားတဲ့အခ်ိန္မွာဘဲ စမတ္ဖုန္းအျဖစ္ အသုံးျပဳနိုင္မွာ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)