Huawei CEO ရစ်ချက်ယူက လာမယ့် နိုဝင်ဘာလ 25 ရက်နေ့တွင် တရုတ်နိုင်ငံမှာ Mate စီးရီးသစ်ကို မိတ် ဆက်သွားမှာဖြစ်ကြောင်း ကြေညာသွားပါတယ်။ ဘယ် Product ကို မိတ်ဆက်မလဲဆိုတာကို ပြောကြားထား ခြင်း မရှိပေမယ့် MatePad Pro Tablet သစ်ကို မိတ်ဆက်လာဖို့ သေချာနေပါတယ်။

MatePad Pro နဲ့ပတ်သက်ပြီး သတင်းထွက်ပေါ်ထားတာ တစ်လကျော်ခန့်ရှိပါပြီ။ ပေါက်ကြားထားတဲ့ ဓာတ်ပုံများ အရ Huawei MatePad Pro မှာ ကျောဘက်ကင်မရာနှစ်လုံးနဲ့ LED Flash တို့ ပါဝင်လာမှာ ဖြစ် ကြောင်း သိရပါတယ်။ ဒါ့အပြင် Huawei Pen လည်း ထောက်ပံ့လာပါမယ်။

အစောပိုင်းသတင်းများအရ Huawei MatePad Pro ကို Kirin 990 SoC၊ RAM8GB နဲ့ အထိုင်ချလာမယ်လို့ သိရပါတယ်။ ဒီ Tablet ကို အဖြူရောင်၊ အနက်ရောင်၊ အစိမ်းရောင်၊ လိမ္မော်ရောင်တို့နဲ့ ရွေးချယ်နိုင်မယ်လို့ သိရ ပါတယ်။ ဒါ့အပြင် 40W Fast Charging ထောက်ပံ့လာမယ်လို့လည်း သိရပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Huawei MatePad Pro ကို နိုဝင်ဘာလ 25 ရက်တွင် မိတ်ဆက်ဖွယ်ရှိ



