ဒီတစ်ပတ်မှာတော့ Honor Series များထဲက Honor 7s နှင့် Honor 9 Lite တို့ကို နှိုင်းယှဉ်ကြည့်ရအောင်။ Honor 9 Lite မှာတော့ နောက်ဆုံးပေါ် Quad-lens စမတ်ဖုန်းဖြစ်ပြီး Dual-SIM အသုံးပြုနိုင်တဲ့ Honor 7s တို့ပဲ ဖြစ်ပါတယ်။ Honor 9 Lite တွင် ရှေ့နှင့်နောက်နှစ်ဖက်လုံး၌ Dual-lens 13MP + 2MP ကင်မရာများကို တပ်ဆင်ပေးထားပြီး 7s မှာတော့ နောက်ကင်မရာက 13MP ဖြစ်ပြီး Selfie အတွက်ကတော့ Dual-lens 5MP + 24MP ကို တပ်ဆင်ပေးထားပါတယ်။ ဒီဇိုင်းပိုင်းအနေနဲ့ 9 Lite မှာ စိန်ကဲ့သို့တောက်ပတဲ့ 2.5D ဖန်သားနောက်ကျောပြင်ဖြင့် တည်ဆောက်ထားပါတယ်။ Android version Oreo ကို သုံးစွဲပေးထားတာခြင်းတူညီပြီး 9 Lite မှာတော့ Face Unlock, Fingerprint Sensor တို့ပါဝင်ပြီး 7s မှာတော့ Face Unlock ပဲ ပါဝင်ပါတယ်။ Feature နဲ့ Specification ပါဝင်မှုတွေကလည်း ဖုန်းနှစ်ခုစလုံးမှာ တူညီမှုမရှိတဲ့အတွက် ဘာတွေကွာခြားလဲ လေ့လာကြည့်ရအောင်။
(1). Design
Honor 7s
Honor 7s ဟာ 146.5 x 70.9 x 8.3 mm အရွယ်အစားရှိကာ 142g အလေးချိန်ပဲ ရှိပါတယ်။ အရောင်အနေနဲ့ကတော့ Black, Gold, Blue ဆိုပြီး အရောင် 3 ရောင် ရွေးချယ်နိုင်ပြီး Face Unlock စနစ်ပဲ ပါဝင်ပါတယ်။
Honor 9 Lite
Honor 9 Lite မှာတော့ 151 x 71.9 x 7.6 mm အရွယ်အစားရှိကာ 149g အလေးချိန် ရှိပါတယ်။ အရောင်က Midnight Black, Sapphire Blue, Glacier Gray, Navy, Seagull Gray, Magic Nightfall, Pearl White တို့ ရရှိနိုင်ပြီး Face Unlock နဲ့ Fingerprint Sensor စနစ်တို့ ပါဝင်ပါတယ်။
(2). Processor
Honor 7s
Honor 7s မှာ Processor ပိုင်းအနေနဲ့ Mediatek MT6739 ကို သုံးထားပြီး 1.5GHz မြန်နှုန်းရှိ Cortex-A53 အမျိုးအစား Quad-core ကို သုံးပေးထားပါတယ်။ ဂရပ်ဖစ်ကတော့ PowerVR GE8100 ဖြစ်ပါတယ်။
Honor 9 Lite
HiSIlicon Kirin 659 Octa-core Processor ကို 9 Lite မှာ သုံးထားပြီး 2.36GHz မြန်နှုန်းရှိ Cortex-A53 နှင့် 1.7GHz မြန်နှုန်းရှိ Cortex-A53 အမျိုးအစားကို သုံးထားပါတယ်။ ဂရပ်ဖစ်ကတော့ Mali-T830 MP2 ဖြစ်ပါတယ်။
(3). Display
Honor 7s
Honor 7s ရဲ့ 5.45 လက်မ Display ဟာ 720 x 1440 pixels resolution ရှိပြီး 18:9 ratio ရှိတဲ့ LCD Touchscreen အမျိုးအစားဖြစ်ပါတယ်။ Screen-to-body အချိုးဟာ 73.8% ရှိပါတယ်။ pixel density 295 ppi ရှိပါတယ်။
Honor 9 Lite
Honor 9 Lite ရဲ့ 5.65 လက်မ Display ဟာ 1080 x 2160 pixels resolution ရှိပြီး 18:9 ratio ရှိတဲ့ IPS LCD အမျိုးအစား ဖြစ်ပါတယ်။ Screen-to-body အချိုးဟာ 75.5% ရှိပါတယ်။ Pixel Density 428 ppi ရှိပါတယ်။
(4). Verdict
Honor 7s
စွမ်းဆောင်ရည်အတွက် 7s မှာ RAM အနေနဲ့ 2GB ပါဝင်ပြီး Storage အနေနဲ့ 16GB Version တစ်မျိုးပဲ ရရှိနိုင်ပါတယ်။ အဓိကကင်မရာဟာ 13MP ဖြစ်ပြီး Selfie အတွက် Dual : 5MP + 24MP ကင်မရာ အရှေ့မှာ ပါဝင်ပါတယ်။ Android Version 8.1 (Oreo) ကို သုံးထားပြီး Li-Ion 3020 mAh ဘက်ထရီကို တပ်ဆင်ပေးထားပါတယ်။
Honor 9 Lite
Honor 9 Lite မှာ စွမ်းဆောင်ရည်အတွက် 64GB/4GB RAM နဲ့ 32GB/ 3/4GB RAM ဆိုပြီး ရွေးချယ်နိုင်ပါတယ်။ အဓိကကင်မရာက Dual : 13MP + 2MP ဖြစ်ပြီး Selfie အတွက် Dual 13MP + 2MP ကင်မရာ အရှေ့မှာ ပါဝင်ပါတယ်။ Android Version 8.0 (Oreo) နဲ့ Li-Po 3000 mAh ဘက်ထရီ သုံးပေးထားပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Honor 7s VS Honor 9 Lite


(1). Design

Honor 7s


Honor 9 Lite


(2). Processor

Honor 7s


Honor 9 Lite


(3). Display

Honor 7s    


Honor 9 Lite


(4). Verdict

Honor 7s


Honor 9 Lite

