E-Reader တွေထဲမှာ နာမည်အကျော်ကြားဆုံးကတော့ Amazon ရဲ့ Kindle ဖြစ်ပါတယ်။ ဒါပေမယ့် အခြား အောင်မြင်နေတဲ့ အမှတ်တံဆိပ်များအဖြစ် Barnes ၊ Noble Nook Glowlightနဲ့ Kobo eReaders တို့လည်း ရှိပါ သေးတယ်။ ယခု Xiaomiကလည်း eReader ဈေးကွက်သို့ ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။

Xiaomi ရဲ့ Majia က eReader ထုတ်လုပ်ရောင်းချသွားမယ်လို့ အတည်ပြုကြေညာလာပြီ ဖြစ်ပါတယ်။Xiaomi Mijiae Readerကို လာမယ့် နိုဝင်ဘာလ 20 ရက်နေ့မှာ ကြေညာသွားပါမယ်။

Xiaomi Readerက အနားသပ်မဲ့လုနီးပါး ရုပ်ထွက်ဒီဇိုင်းသုံးထားပြီး ထိပ်မှာခလုတ်ပါဝင်ပါတယ်။ ဘေးတွေမှာ တော့ ခလုတ်တွေ မပါဝင်ပါဘူး။  ဒါကို ကြည့်ရင် ထိန်းချုပ်မှု ခလုတ်အားလုံးကို Screen မှာဘဲ ရှိနေမှာ သေချာ နေပါတယ်။

Xiaomi ဟာ ကိုယ်တိုင် စာကြည့်တိုက်လုပ်ဆောင်ထားသလို Audio Book ထောက်ပံ့လာမလားဆိုတာနဲ့ ပတ် သက်ပြီး အတိအကျတော့မ သိရသေးပါဘူး။ နားကြပ်ပေါက် ပါဝင်လာဖို့ တော့ ရှိပါတယ်။ ဒါ့အပြင် Bluetooth စပီကာ၊ နားကြပ်တို့နဲ့ ချိတ်ဆက်နားဆင်နိုင်အောင် Bluetooth ပါဝင်လာဖို့ ရှိပါတယ်။

အခြား Xiaomi Product များလိုဘဲ အခု ကြေညာလာမယ့် eReaderကလည်း ဈေးနူန်းသက်သာလာဖို့ သေချာ နေပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

ႏိုဝင္ဘာလ 20 ရက္ေန႔မွာ eReader ေၾကညာလာမယ့္ Xiaomi

E-Reader ေတြထဲမွာ နာမည္အေက်ာ္ၾကားဆုံးကေတာ့ Amazon ရဲ႕ Kindle ျဖစ္ပါတယ္။ ဒါေပမယ့္ အျခား ေအာင္ျမင္ေနတဲ့ အမွတ္တံဆိပ္မ်ားအျဖစ္ Barnes ၊ Noble Nook Glowlightနဲ႔ Kobo eReaders တို႔လည္း ရွိပါ ေသးတယ္။ ယခု Xiaomiကလည္း eReader ေဈးကြက္သို႔ ဝင္ေရာက္လာေတာ့မွာ ျဖစ္ပါတယ္။

Xiaomi ရဲ႕ Majia က eReader ထုတ္လုပ္ေရာင္းခ်သြားမယ္လို႔ အတည္ျပဳေၾကညာလာၿပီ ျဖစ္ပါတယ္။Xiaomi Mijiae Readerကို လာမယ့္ ႏိုဝင္ဘာလ 20 ရက္ေန႔မွာ ေၾကညာသြားပါမယ္။

Xiaomi Readerက အနားသပ္မဲ့လုနီးပါး ႐ုပ္ထြက္ဒီဇိုင္းသုံးထားၿပီး ထိပ္မွာခလုတ္ပါဝင္ပါတယ္။ ေဘးေတြမွာ ေတာ့ ခလုတ္ေတြ မပါဝင္ပါဘူး။ ဒါကို ၾကည့္ရင္ ထိန္းခ်ဳပ္မႈ ခလုတ္အားလုံးကို Screen မွာဘဲ ရွိေနမွာ ေသခ်ာေနပါတယ္။

Xiaomi ဟာ ကိုယ္တိုင္ စာၾကည့္တိုက္လုပ္ေဆာင္ထားသလို Audio Book ေထာက္ပံ့လာမလားဆိုတာနဲ႔ ပတ္ သက္ၿပီး အတိအက်ေတာ့မ သိရေသးပါဘူး။ နားၾကပ္ေပါက္ ပါဝင္လာဖို႔ ေတာ့ ရွိပါတယ္။ ဒါ့အျပင္ Bluetooth စပီကာ၊ နားၾကပ္တို႔နဲ႔ ခ်ိတ္ဆက္နားဆင္ႏိုင္ေအာင္ Bluetooth ပါဝင္လာဖို႔ ရွိပါတယ္။

အျခား Xiaomi Product မ်ားလိုဘဲ အခု ေၾကညာလာမယ့္ eReaderကလည္း ေဈးႏူန္းသက္သာလာဖို႔ ေသခ်ာ ေနပါတယ္။

NetGuide Journal (Every Wednesday)