WiFi Analyzer(open-source) ဟာ သင့် ပတ်ဝန်းကျင်က WiFi ကွန်ရက်တွေကိုစစ်ဆေးပြီး လိုင်းဆွဲအား ဘယ်လောက်ရှိတယ်၊ အသုံးပြုနေတဲ့လမ်းကြောင်း ဘယ်လောက်များတယ်ဆိုတာတွေကို တိုင်းတာကြည့်ခြင်း အားဖြင့် သင့်ရဲ့ WiFi ကွန်ရက်ကို သင့်တော်သလိုစီမံနိုင်မယ့် app ဖြစ်ပါတယ်။ သင့်ဖုန်းမှာအသုံးပြုနိုင်တဲ့ အနီးအနားက Access Points တွေကိုပြပေးနိုင်ပြီး၊ လိုင်းဆွဲအားဘယ်လောက်ရှိတယ်ဆိုတာကိုပါ ကြည့်နိုင်မှာ ပါ။ ဒီနေ့ခေတ်မှာ အသုံးပြုသူတွေရဲ့ Privacy နဲ့ Security ဟာ သိပ်ကိုစိုးရိမ်စရာဖြစ်လာတဲ့အတွက် ဒီ app ကို တတ်နိုင်သမျှ permission နည်းနည်းနဲ့အသုံးပြုနိုင်အောင်ဖန်တီးပေးထားပါတယ်။ WiFi ကွန်ရက်တွေကို analysis လုပ်ဖို့လုံလောက်ရုံလောက်ပဲ permission တောင်းမှာဖြစ်လို့အဆင်ပြေပါတယ်။ အင်တာနက်လည်း မလိုတဲ့အတွက် အခြား source တစ်ခုဆီ သင့်ရဲ့ personal/device information တို့ကို ပို့ပေးရတာမျိုး မရှိ သလို၊ အခြား source တွေဆီက information တွေကို လက်ခံရတာမျိုးလည်းမရှိပါဘူး။ Android 2.2 နဲ့ အထက်မှာအသုံးပြုနိုင်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

WiFi Analyzer(open-source)

