Websites စာမျက်နှာများ

www.betvmyanmar.com/

www.betvmyanmar.com ဟာ အွန်လိုင်းစီးပွားရေးသတင်းမီဒီယာဝက်ဘ်ဆိုက်ဖြစ်ပြီး ယုံကြည်စိတ်ချရဆုံး သတင်းအချက်အလက်တွေကို နေ့စဉ်ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ အစိုးရအသုံးစရိတ်နဲ့ ဘတ်ဂျက်များအပါအဝင် နေ့စဉ်ကုန်စည်စျေးနှုန်းများ၊ နိုင်ငံခြားငွေလဲနှုန်းများ၊ စတော့စျေးကွက်ရှိ နေ့စဉ်စျေးနှုန်းများနဲ့ ယင်းစျေးကွက်ထဲရှိအဓိက Key Player များအကြောင်း၊ ကုမ္ပဏီများအကြောင်းနဲ့ လုပ်ငန်းအစီရင်ခံစာများအကြောင်း ရေးသားပေးနေပါတယ်။

www.edge.com.mm/

www.edge.com.mm ဟာ နောက်ဆုံးရပညာရေးသတင်းတွေနဲ့ လုပ်ငန်းလိပ်စာတွေ အပြည့်အစုံရှာဖွေနိုင်တဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းပြောင်းလဲနေတဲ့ ပညာရေးအခြေအနေတွေ၊ အခြေခံပညာရေးနဲ့ ကလေးသူငယ်စောင့်ရှောက်ရေးမှသည် စီးပွားရေးနဲ့ဆိုင်တဲ့ စီမံခန့်ခွဲမှုသင်တန်းတွေ၊ အလုပ်ခွင်ဝင်ရန် လိုအပ်တဲ့သင်တန်းတွေနဲ့ အခမဲ့သင်ကြားပေးနေတဲ့ သင်တန်းကျောင်းတွေကို စုစည်းဖော်ပြပေးနေတာ ဖြစ်ပါတယ်။ ပညာရေးနဲ့ပတ်သက်တဲ့ အလုပ်ခေါ်စာတွေလည်း တင်ပေးနေပါတယ်။

www.foodindustrydirectory.com.mm/

www.foodindustrydorectory.com.mm ဟာ အစားအစာနဲ့ စားသောက်ကုန်လုပ်ငန်းတွေအကြောင်း သိရှိရမယ့်ဝက်ဘ်ဆိုက်ဖြစ်ပြီး နောက်ဆုံးရစားသောက်ကုန် Export and Import သတင်းတွေနဲ့ လုပ်ငန်းလိပ်စာတွေ အပြည့်အစုံရှာဖွေနိုင်မှာပါ။ မြန်မာတစ်နိုင်ငံလုံးရဲ့ စားသောက်ကုန်အခြေအနေနဲ့ နယ်စပ်ကုန်သွယ်ရေးသတင်းတွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။ အစားအသောက်ဆိုင်ရာလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ အလုပ်ခေါ်စာတွေလည်း တင်ပေးနေတာ ဖြစ်ပါတယ်။

Facebook စာမျက်နှာများ

www.facebook.com/myjusticemyanmar/

MyJustice ဟာ ဥရောပသမဂ္ဂကပံ့ပိုးကူညီပြီး ဗြိတိသျှကောင်စီက အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ MyJustice ဟာ ဆင်းရဲပြီး အန္တရာယ်ကျရောက်လွယ်တဲ့ လူတွေအတွက် ဥပဒေအကာအကွယ်ပေးနိုင်ရန် မြန်မာနိုင်ငံအနှံ့ တရားမျှတမှုစင်တာတွေ တည်ထောင်ပြီး အခမဲ့ဥပဒေအထောက်အကူများ ပေးနေပါတယ်။ တရားမျှတမှုစင်တာတွေ ဘယ်မှာတည်ရှိတယ်ဆိုတာ စတဲ့ တရားမျှတမှုစင်တာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ အမေးများတဲ့ မေးခွန်းတွေကို အပတ်စဉ် ဖော်ပြပေးနေတာ ဖြစ်ပါတယ်။

www.facebook.com/HealthyLifestylePlusbyMediMyanmar/

Healthy Lifestyle Plus by Medi Myanmar ဟာ လူတိုင်းအတွက် အရေးကြီးတဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ ဗဟုသုတတွေ တိုးပွားစေဖို့အတွက် Health Talk ဗီဒီယိုတွေ တင်ပေးနေတဲ့ page ဖြစ်ပါတယ်။ ကျန်းမာရေးလိုက်စားသူများ၊ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားသူတွေ like လုပ်ထားသင့်ပါတယ်။ ကျန်းမာရေးအမေးအဖြေကဏ္ဍလည်းရှိသလို သိချင်တဲ့အကြောင်းအရာတွေကို message box ကတစ်ဆင့် မေးမြန်းနိုင်ပါတယ်။

www.facebook.com/hla365myanmar/

Hla 365 ဟာ မြန်မာအမျိုးသမီးတွေအတွက် အလှအပ၊ ကျန်းမာရေး၊ ဖက်ရှင်၊ Lifestyle ကဏ္ဍတို့ကို တင်ဆက်ပေးနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဖြစ်ပါတယ်။ အလှအပရေးရာကဏ္ဍတွေဖြစ်တဲ့ မိတ်ကပ်နဲ့ပတ်သက်တာတွေ၊ အသားအရေထိန်းသိမ်းပြုပြင်မှုတွေ၊ ဆံပင်ပြုစုစောင့်ရှောက်မှုတွေ၊ ဖက်ရှင်ကျကျလှနေဖို့ ဖက်ရှင်ဆိုင်ရာအကြံပြုချက်တွေ၊ ကျန်းမာရေးနဲ့ lifestyle တို့အပြင် ခေတ်နဲ့အညီ နောက်ဆုံးရသတင်းများကို အချိန်နဲ့တစ်ပြေးညီ တင်ဆက်ပေးနေတဲ့ ဒီ page ကို ဝင်ရောက်လေ့လာသင့်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Websites & Facebook စာမ်က္ႏွာမ်ား

Websites စာမ်က္ႏွာမ်ား

www.betvmyanmar.com/

www.betvmyanmar.com ဟာ အြန္လိုင္းစီးပြားေရးသတင္းမီဒီယာဝက္ဘ္ဆုိက္ျဖစ္ၿပီး ယံုၾကည္စိတ္ခ်ရဆံုး သတင္းအခ်က္အလက္ေတြကို ေန႔စဥ္ဖတ္႐ႈႏိုင္မွာ ျဖစ္ပါတယ္။ ႏိုင္ငံရဲ႕ျပည္တြင္းျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈက႑၊ ကုန္သြယ္ေရးက႑၊ အစိုးရအသံုးစရိတ္နဲ႔ ဘတ္ဂ်က္မ်ားအပါအဝင္ ေန႔စဥ္ကုန္စည္ေစ်းႏႈန္းမ်ား၊ ႏိုင္ငံျခားေငြလဲႏႈန္းမ်ား၊ စေတာ့ေစ်းကြက္ရွိ ေန႔စဥ္ေစ်းႏႈန္းမ်ားနဲ႔ ယင္းေစ်းကြက္ထဲရွိအဓိက Key Player မ်ားအေၾကာင္း၊ ကုမၸဏီမ်ားအေၾကာင္းနဲ႔ လုပ္ငန္းအစီရင္ခံစာမ်ားအေၾကာင္း ေရးသားေပးေနပါတယ္။

www.edge.com.mm/

www.edge.com.mm ဟာ ေနာက္ဆံုးရပညာေရးသတင္းေတြနဲ႔ လုပ္ငန္းလိပ္စာေတြ အျပည့္အစံုရွာေဖြႏိုင္တဲ့ ဝက္ဘ္ဆိုက္ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံအတြင္းေျပာင္းလဲေနတဲ့ ပညာေရးအေျခအေနေတြ၊ အေျခခံပညာေရးနဲ႔ ကေလးသူငယ္ေစာင့္ေရွာက္ေရးမွသည္ စီးပြားေရးနဲ႔ဆိုင္တဲ့ စီမံခန္႔ခြဲမႈသင္တန္းေတြ၊ အလုပ္ခြင္ဝင္ရန္ လိုအပ္တဲ့သင္တန္းေတြနဲ႔ အခမဲ့သင္ၾကားေပးေနတဲ့ သင္တန္းေက်ာင္းေတြကို စုစည္းေဖာ္ျပေပးေနတာ ျဖစ္ပါတယ္။ ပညာေရးနဲ႔ပတ္သက္တဲ့ အလုပ္ေခၚစာေတြလည္း တင္ေပးေနပါတယ္။

www.foodindustrydirectory.com.mm/

www.foodindustrydorectory.com.mm ဟာ အစားအစာနဲ႔ စားေသာက္ကုန္လုပ္ငန္းေတြအေၾကာင္း သိရွိရမယ့္ဝက္ဘ္ဆိုက္ျဖစ္ၿပီး ေနာက္ဆံုးရစားေသာက္ကုန္ Export and Import သတင္းေတြနဲ႔ လုပ္ငန္းလိပ္စာေတြ အျပည့္အစံုရွာေဖြႏိုင္မွာပါ။ ျမန္မာတစ္ႏိုင္ငံလံုးရဲ႕ စားေသာက္ကုန္အေျခအေနနဲ႔ နယ္စပ္ကုန္သြယ္ေရးသတင္းေတြကို ဖတ္႐ႈရမွာ ျဖစ္ပါတယ္။ အစားအေသာက္ဆိုင္ရာလုပ္ငန္းေတြနဲ႔ပတ္သက္တဲ့ အလုပ္ေခၚစာေတြလည္း တင္ေပးေနတာ ျဖစ္ပါတယ္။

Facebook စာမ်က္ႏွာမ်ား

www.facebook.com/myjusticemyanmar/

MyJustice ဟာ ဥေရာပသမဂၢကပံ့ပိုးကူညီၿပီး ၿဗိတိသွ်ေကာင္စီက အေကာင္အထည္ေဖာ္ေဆာင္ရြက္ေနတဲ့ MyJustice ဟာ ဆင္းရဲၿပီး အႏၲရာယ္က်ေရာက္လြယ္တဲ့ လူေတြအတြက္ ဥပေဒအကာအကြယ္ေပးႏိုင္ရန္ ျမန္မာႏိုင္ငံအႏွံ႔ တရားမွ်တမႈစင္တာေတြ တည္ေထာင္ၿပီး အခမဲ့ဥပေဒအေထာက္အကူမ်ား ေပးေနပါတယ္။ တရားမွ်တမႈစင္တာေတြ ဘယ္မွာတည္ရွိတယ္ဆိုတာ စတဲ့ တရားမွ်တမႈစင္တာနဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာေတြ၊ အေမးမ်ားတဲ့ ေမးခြန္းေတြကို အပတ္စဥ္ ေဖာ္ျပေပးေနတာ ျဖစ္ပါတယ္။

www.facebook.com/HealthyLifestylePlusbyMediMyanmar/

Healthy Lifestyle Plus by Medi Myanmar ဟာ လူတိုင္းအတြက္ အေရးႀကီးတဲ့ က်န္းမာေရးနဲ႔ပတ္သက္လုိ႔ ဗဟုသုတေတြ တိုးပြားေစဖို႔အတြက္ Health Talk ဗီဒီယိုေတြ တင္ေပးေနတဲ့ page ျဖစ္ပါတယ္။ က်န္းမာေရးလုိက္စားသူမ်ား၊ က်န္းမာေရးနဲ႔ပတ္သက္တဲ့ အေၾကာင္းအရာေတြကို စိတ္ဝင္စားသူေတြ like လုပ္ထားသင့္ပါတယ္။ က်န္းမာေရးအေမးအေျဖက႑လည္းရွိသလုိ သိခ်င္တဲ့အေၾကာင္းအရာေတြကို message box ကတစ္ဆင့္ ေမးျမန္းႏိုင္ပါတယ္။

www.facebook.com/hla365myanmar/

Hla 365 ဟာ ျမန္မာအမ်ိဳးသမီးေတြအတြက္ အလွအပ၊ က်န္းမာေရး၊ ဖက္ရွင္၊ Lifestyle က႑တို႔ကို တင္ဆက္ေပးေနတဲ့ ေဖ့စ္ဘြတ္စာမ်က္ႏွာ ျဖစ္ပါတယ္။ အလွအပေရးရာက႑ေတြျဖစ္တဲ့ မိတ္ကပ္နဲ႔ပတ္သက္တာေတြ၊ အသားအေရထိန္းသိမ္းျပဳျပင္မႈေတြ၊ ဆံပင္ျပဳစုေစာင့္ေရွာက္မႈေတြ၊ ဖက္ရွင္က်က်လွေနဖုိ႔ ဖက္ရွင္ဆိုင္ရာအႀကံျပဳခ်က္ေတြ၊ က်န္းမာေရးနဲ႔ lifestyle တို႔အျပင္ ေခတ္နဲ႔အညီ ေနာက္ဆံုးရသတင္းမ်ားကို အခ်ိန္နဲ႔တစ္ေျပးညီ တင္ဆက္ေပးေနတဲ့ ဒီ page ကို ဝင္ေရာက္ေလ့လာသင့္ပါတယ္။

NetGuide Journal (Every Wednesday)