Instagram ဟာ Stories Camera ဖြင့် ဗီဒီယိုများကို Editing လုပ်ဆောင်နိုင်မယ့် Tools များ ပါဝင်တဲ့ စနစ်ကို စမ်းသပ်နေပါတယ်။ Instagram ဟာ ယင်းစနစ်ကို Reels လို့ အမည်ပေးထားပါတယ်။ Instagram အသုံးပြုသူ များအနေဖြင့် Reels Editing Tools ကို အသုံးပြုပြီး 15 စက္ကန့်စာ ဗီဒီယိုများကို သီချင်းနောက်ခံများဖြင့် ဖန်တီးနိုင်ပါတယ်။ ပြောရမယ်ဆိုရင် အသုံးပြုပုံစနစ်ကတော့ TikTokမှာ သုံးနေတဲ့စနစ်နဲ့အတူတူ ဖြစ်ပါတယ်။

ဒါပေမယ့် Instagram ကတော့ Reels က TikTokနဲ့ ကွဲပြားစွာ ခံစားစေရမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။ Instagram အသုံးပြုသူများအနေဖြင့် ဗီဒီယိုနဲ့ အသံဖိုင်တို့ကို အသုံးပြုကာ ကိုယ်ဟန်အမူအယာဖြင့် ဗီဒီယိုဖိုင်ငယ်များ ဖန်တီးရမှာ ဖြစ်ပါတယ်။ TikTokမှာလိုဘဲ ကြည့်ရသူများကို ဆွဲဆောင်နိုင်မယ့် Editing Tools များစွာလည်း ပါဝင်လာပါမယ်။

လက်ရှိအချိန်မှာ Instagram ဟာ Reels ကို ဘရာဇီးမှာ စမ်းသပ်မှု ပြုလုပ်နေပြီး အားလုံးအဆင်ပြေတယ်ဆိုရင် တော့ မကြာမီကာလအတွင်းမှာ တစ်ကမ္ဘာလုံးမှ Instagram သုံးသူများ သုံးနိုင်အောင် လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

TikTok လိုမ်ိဳး ဗီဒီယိုဖိုင္ငယ္မ်ား ျပဳလုပ္နိုင္မယ့္ Reels Editing Tools မ်ားကို Instagram စမ္းသပ္ေန

Instagram ဟာ Stories Camera ျဖင့္ ဗီဒီယိုမ်ားကို Editing လုပ္ေဆာင္နိုင္မယ့္ Tools မ်ား ပါဝင္တဲ့ စနစ္ကို စမ္းသပ္ေနပါတယ္။ Instagram ဟာ ယင္းစနစ္ကို Reels လို႔ အမည္ေပးထားပါတယ္။ Instagram အသုံးျပဳသူ မ်ားအေနျဖင့္ Reels Editing Tools ကို အသုံးျပဳၿပီး 15 စကၠန႔္စာ ဗီဒီယိုမ်ားကို သီခ်င္းေနာက္ခံမ်ားျဖင့္ ဖန္တီးနိုင္ပါတယ္။ ေျပာရမယ္ဆိုရင္ အသုံးျပဳပုံစနစ္ကေတာ့ TikTokမွာ သုံးေနတဲ့စနစ္နဲ႔အတူတူ ျဖစ္ပါတယ္။
ဒါေပမယ့္ Instagram ကေတာ့ Reels က TikTokနဲ႔ ကြဲျပားစြာ ခံစားေစရမွာျဖစ္ေၾကာင္း ေျပာၾကားသြားပါတယ္။ Instagram အသုံးျပဳသူမ်ားအေနျဖင့္ ဗီဒီယိုနဲ႔ အသံဖိုင္တို႔ကို အသုံးျပဳကာ ကိုယ္ဟန္အမူအယာျဖင့္ ဗီဒီယိုဖိုင္ငယ္မ်ား ဖန္တီးရမွာ ျဖစ္ပါတယ္။ TikTokမွာလိုဘဲ ၾကည့္ရသူမ်ားကို ဆြဲေဆာင္နိုင္မယ့္ Editing Tools မ်ားစြာလည္း ပါဝင္လာပါမယ္။
လက္ရွိအခ်ိန္မွာ Instagram ဟာ Reels ကို ဘရာဇီးမွာ စမ္းသပ္မွု ျပဳလုပ္ေနၿပီး အားလုံးအဆင္ေျပတယ္ဆိုရင္ေတာ့ မၾကာမီကာလအတြင္းမွာ တစ္ကမၻာလုံးမွ Instagram သုံးသူမ်ား သုံးနိုင္ေအာင္ လုပ္ေဆာင္သြားဖို႔ ရွိေနပါတယ္။

NetGuide Journal (Every Wednesday)