Sony 64GB FDR-AXP55 4K Handycam with Built-In Projector ကတော့ လက်ဖဝါးအရွယ်သာရှိတဲ့ Handycam camcorder ဖြစ်ကာ Zeiss 20x optical zoom lens နှင့် high-sensitivity image sensor တို့ကို ပေါင်းစပ်ပေးထားပါတယ်။ အရည်အသွေးမြင့် UHD 4K သို့မဟုတ် HD video တွေကို ရိုက်ကူးနိုင်ကာ Exmor R CMOS image sensor က UHD 4K video ကို ထောက်ပံ့ပေးပြီး အလင်းရောင်အားနည်းတဲ့ အနေအထားတွေမှာ လုပ်ဆောင်ချက်ကို မြှင့်တင်ပေးဖို့ ယခင်မော်ဒယ်တွေထက် ပိုကြီးတဲ့ pixels ကို ပေးစွမ်းကာ Sony ရဲ့ XAVC S codec ကို အသုံးပြုပြီး 24 or 25 fps ကို ထောက်ပံ့ပေးပါတယ်။
Sony ရဲ့ Balance Optical SteadyShot image stabilization technology ကိုလည်း ထည့်သွင်းပေးထားပြီး ပိုမိုကောင်းမွန်တဲ့ autofocus speed ၊ lower-noise built-in microphone နှင့် high-speed 1080p 100 fps recording mode တို့ပါဝင်ကာ high-resolution slow-motion content တွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ 921K dot resolution ရှိတဲ့ 3.0″ Xtra Fine LCD touchscreen display နှင့် 0.24″ 1,555K dot OLED EVF တို့က shooting ရိုက်နေစဉ် ကောင်းစွာ စောင့်ကြည့်စစ်ဆေးနိုင်မှာပါ
ပိုမိုကြီးမားတဲ့ screen playback အတွက် built-in projector ကနေတစ်ဆင့် camcorder ကနေ တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ကာ HDMI output port တစ်ခုလည်းပါဝင်ပြီး HDTV နှင့် ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ Wi-Fi and NFC enabled လည်းဖြစ်တဲ့အပြင် အဝေးက ပုံရိပ်တွေကို ဆွဲယူရိုက်ကူးဖို့ Carl Zeiss Vario-Sonnar T* Lens with 20x Optical Zoom က ပြုလုပ်ပေးပါတယ်။ 64GB of Built-In Memory ၊ Fast Intelligent AF ၊ 5.1 Channel On-Board Audio Capture ၊ Lower Noise Audio Performance အစရှိတာတွေအပြင် လုပ်ဆောင်ချက်တွေ စုံလင်စွာပါရှိပါတယ်။ တန်ဖိုးကတော့ 1,919,000 Ks ကျသင့်မှာဖြစ်ကာ Sony Showroom (Myanmar Plaza), Ph : 09-455533667 တွင် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Sony FDR AXP55
