2019 ခုနှစ် ကုန်ဆုံးဖို့ နီးလာပြီဖြစ်လို့ Qualcomm ရဲ့ အဆင့်မြင့် Chipset သစ်ကို ကြေညာဖို့လည်း သိပ် မဝေးတော့ပါဘူး။ Qualcomm က Snapdragon 865 ကို ဒီဇင်ဘာလ အစောပိုင်းမှာ ပြုလုပ်မယ့် Tech Summit မှာ ကြေညာမယ်လို့ ထုတ်ပြန်ထားပြီးပါပြီ။ Snapdragon 865 က Snapdragon 855+ ရဲ့ ခြေရာကို ဆက်ခံတဲ့ Chipset ဖြစ်ပါတယ်။ Qualcomm က Snapdragon 865 မှာ ပါဝင်လာမယ့်စနစ်များကို တစ်စုံ တစ်ရာပြောကြားထားခြင်းမရှိပေမယ့် ယနေ့မှာ ပေါက်ကြားလာပြီ ဖြစ်ပါတယ်။

Snapdragon 865 ကို Samsung ရဲ့ 7nm EUV Process ဖြင့် တည်ဆောက်လာပါမယ်။ 4G ဗားရှင်းနဲ့ 5G ဗားရှင်းဆိုပြီး နှစ်မျိုးထွက်လာပါမယ်။ မြန်နူန်း 2.84GHz ရှိ ARM Cortex A77 ဖြင့် အထိုင်ချထားပါတယ်။ ဒါ့အပြင် 2.42GHz ရှိ 3x A77 Cores နဲ့ 1.8GHz ရှိ 4x A55 ပါဝင်ပါတယ်။

Snapdragon 865 မှာ Adreno 650 GPU ပါဝင်ပြီး Adreno 640 ထက် 20 ရာခိုင်နူန်း ပိုကောင်းပါတယ်။

CPU ကလည်း Snapdraogn 855+ ထက် 20 ရာခိုင်နူန်းအထိ ပိုမြန်သလို LPDDR5 RAM ထောက်ပံ့ထားပါတယ်။ Snapdragon 865 ကို Samsung ၊ Xiaomi ၊ Sony ၊ OnePlus အဆင့်မြင့် စမတ်ဖုန်းများမှာ မြင်တွေ့ရပါမယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Snapdragon 865 မှာ ပါဝင်လာမယ့်စနစ်များ ပေါက်ကြားလာ




