Sharp ဟာ AQUOS V လို့အမည်ပေးထားတဲ့ စမတ်ဖုန်းသစ်တစ်လုံးကို ကြေညာလာပါတယ်။ ဒီဖုန်းက အလယ်အလတ်တန်း စမတ်ဖုန်းလို့ ပြောလို့ရပေမယ့် စိတ်ဝင်စားဖို့ကောင်းတာကတော့ 2017 ခုနှစ်ထွက် အဆင့်မြင့် စမတ်ဖုန်းများမှာ အသုံးပြုတဲ့ Snapdragon  835 Chipset ကို အသုံးပြုလာတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဖုန်းမှာ Notch ပါဝင်ခြင်းမရှိသလို ဘက်ထရီ 3090 mAh ပါဝင်ပါတယ်။

Sharp AQUOS V မှာ မျက်နှာပြင် 5.93 လက်မ IPS LCD FHD+ ရုပ်ထွက်သုံးထားပြီး ရှေ့ကင်မရာ 8MP ပါဝင်ပါတယ်။ ကျောဘက်ကင်မရာနှစ်လုံးပါဝင်ပြီး အဓိကင်မရာက 13MP f/2.0 ဖြစ်ကာ OIS ထောက်ပံ့ထားပါတယ်။ ဒုတိယကင်မရာက 13MP ဖြစ်ပါတယ်။ လက်ဗွေရာစနစ်ကို ကျောဘက်မှာ ထည့်သွင်းထားပါတယ်။

Snapdragon 835 ကို RAM4GB နဲ့ ထောက်ပံ့ထားကာ Storage 64GB ပါဝင်ပါတယ်။ micrSD ကနေ ထပ်တိုးလို့ ရပါတယ်။ ဘက်ထရီ 3090 mAh ပါဝင်ကာ USB Type C သုံးထားပါတယ်။ Android Pie သုံးထားပါတယ်။ Bluetooth 5.0 နဲ့ နားကြပ်ပေါက်တို့ ပါဝင်ပါတယ်။

Sharp AQUOS V ကို ဈေးနူန်း ဒေါ်လာ 230 သတ်မှတ်ထားပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Snapdragon 835 သုံးထားတဲ့ Sharp AQUOS V ကို ေၾကညာလာ

Sharp ဟာ AQUOS V လို႔အမည္ေပးထားတဲ့ စမတ္ဖုန္းသစ္တစ္လုံးကို ေၾကညာလာပါတယ္။ ဒီဖုန္းက အလယ္အလတ္တန္း စမတ္ဖုန္းလို႔ ေျပာလို႔ရေပမယ့္ စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ 2017 ခုႏွစ္ထြက္ အဆင့္ျမင့္ စမတ္ဖုန္းမ်ားမွာ အသုံးျပဳတဲ့ Snapdragon 835 Chipset ကို အသုံးျပဳလာတာျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဖုန္းမွာ Notch ပါဝင္ျခင္းမရွိသလို ဘက္ထရီ 3090 mAh ပါဝင္ပါတယ္။

Sharp AQUOS V မွာ မ်က္ႏွာျပင္ 5.93 လက္မ IPS LCD FHD+ ႐ုပ္ထြက္သုံးထားၿပီး ေရွ႕ကင္မရာ 8MP ပါဝင္ပါတယ္။ ေက်ာဘက္ကင္မရာႏွစ္လုံးပါဝင္ၿပီး အဓိကင္မရာက 13MP f/2.0 ျဖစ္ကာ OIS ေထာက္ပံ့ထားပါတယ္။ ဒုတိယကင္မရာက 13MP ျဖစ္ပါတယ္။ လက္ေဗြရာစနစ္ကို ေက်ာဘက္မွာ ထည့္သြင္းထားပါတယ္။

Snapdragon 835 ကို RAM4GB နဲ႔ ေထာက္ပံ့ထားကာ Storage 64GB ပါဝင္ပါတယ္။ micrSD ကေန ထပ္တိုးလို႔ ရပါတယ္။ ဘက္ထရီ 3090 mAh ပါဝင္ကာ USB Type C သုံးထားပါတယ္။ Android Pie သုံးထားပါတယ္။ Bluetooth 5.0 နဲ႔ နားၾကပ္ေပါက္တို႔ ပါဝင္ပါတယ္။

Sharp AQUOS V ကို ေဈးႏူန္း ေဒၚလာ 230 သတ္မွတ္ထားပါတယ္။

NetGuide Journal (Every Wednesday)