Samsung ဟာ Galaxy S10 မှာ Punch-Hole Selfie Camera ဒီဇိုင်း စတင်အသုံးပြုခဲ့ပါတယ်။ ယင်းနောက်မှာ Samsung ဟာ ယခုနှစ်ထွက် Galaxy A စီးရီးစမတ်ဖုန်းများမှာသာမက Galaxy Note10 တို့မှာလည်း Punch-Hole ဒီဇိုင်းကို ဆက်လက်အသုံးပြုခဲ့ပါတယ်။ Samsung ဟာ Galaxy Note10 မှာတော့ Punch-Hole ဒီဇိုင်းကို အပြောင်းအလဲလုပ်ကာ အလယ်မှာ ထည့်သွင်းခဲ့ပါတယ်။

Samsung ဟာ Punch-Hole Selfie Camera ကို Galaxy Note 10 မှာ ထည့်သွင်းခဲ့မှုက ဒီဇိုင်းပိုင်းမှာရော နည်းပညာပိုင်းမှာပါ အကြီးအကျယ် အောင်မြင်မှုရရှိတယ်လို့ ယုံကြည်နေပုံပါပဲ။ Samsung ဟာ လာမယ့် 2020 ခုနှစ် အစောပိုင်းမှာ ထွက်လာမယ့် Galaxy S11 မှာ Galaxy Note 10 လိုမျိုး ဒီဇိုင်းအသုံးပြုလာပါမယ်။

Samsung Galaxy S11 မှာ ထူးခြားလာမယ့်အချက်ကတော့ Galaxy S10 ထက် အရွယ်အစားကြီးလာမှာဖြစ်ပြီး ထောင့်ကွေးမှုကလည်း ပိုမြင့်မားလာပါမယ်။ ဒါပေမယ့် Huawei Mate 30 Pro လောက်တော့ ထောင့်ကွေးမှုဖြစ်လာမှာ မဟုတ်ပါဘူး။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Samsung Galaxy S11 မှာ Galaxy Note 10 ဒီဇိုင်း အသုံးပြုလာမည်



