LastPass ဟာ သင့်ရဲ့ password တွေ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို လုံခြုံစိတ်ချရတဲ့နေရာမှာ သိမ်းပေးထားနိုင်တဲ့ password manager နဲ့ password generator app တစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ password တွေ၊ logins တွေကိုသိမ်းဆည်းထားနိုင်သလို၊ online shopping profiles တွေဖန်တီးတာ၊ strong ဖြစ်တဲ့ password တွေထုတ်ပေးတာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေကို မှတ်သားထားပေးနိုင်ပါတယ်။ သင့်အတွက် web browser နဲ့ app longin အားလုံးကို အလိုအလျောက်ဖြည့်ပေးတာဖြစ်လို့ online account တွေ lockout ကျတာ၊ password reset လုပ်ရတာတို့ မရှိအောင် သင့်ရဲ့ကိုယ်စား password  တွေ မှတ်ထားပေးဖို့အသုံးပြုနိုင်မှာဖြစ်ပါတယ်။ online account အားလုံးရဲ့ user name တွေနဲ့ password တွေ အားလုံးကို လုံခြံုစိတ်ချစွာသိမ်းဆည်းပေးပြီး၊ site တွေ၊ app တွေကို သင်သုံးတဲ့အချိန်မှာ password တွေကို အလိုအလျောက်ဖြည့်ပေးလို့ password တွေ မှတ်ရတာသက်သာသွားမှာပါ။ LastPass ရဲ့ master password တစ်ခုတည်းကိုပဲ မှတ်ထားဖို့လိုပါတယ်။ အသုံးပြုဖို့အတွက် Android 2.2 နဲ့အထက် လိုအပ်ပါတယ်။
NetGuide Journal (Every Wednesday)
—————————————————————————————
(Zawgyi Version)
LastPass Password Manager