Honor V30 စီးရီးကို လာမယ့် နိုဝင်ဘာလ 26 ရက်နေ့မှာ မိတ်ဆက်သွားပါမယ်။ Honor ဟာ ယင်းပွဲမှာ စမတ်ဖုန်းသစ်များကိုသာ မိတ်ဆက်သွားမှာ မဟုတ်ပါဘူး။ ကျန်းမာရေး၊ အားကစားနဲ့သက်ဆိုင်တဲ့ ပစ္စည်းများကို လည်း Honor V30 စီးရီးနဲ့အတူ မိတ်ဆက်သွားပါမယ်။

Honor V30 နဲ့ အတူ မိတ်ဆက်လာမယ့် ပထမဆုံး ပစ္စည်းက Honor Watch Magic 2 ဖြစ်ပါတယ်။ Honor Watch Magic 2 က Honor Watch Magic ရဲ့ ခြေရာကို ဆက်ခံတဲ့ စမတ်နာရီဖြစ်ပါတယ်။ Honor စမတ်နာရီများက Huawei Watch GT ရဲ့ တန်ဖိုးနည်းဗားရှင်း ဖြစ်ပါတယ်။ Honor Watch Magic 2 ရဲ့ ဒီဇိုင်းက Huawei Watch GT 2 နဲ့ အတူတူ ဖြစ်လာမှာ ဖြစ်ပြီး နှလုံးခုန်နူန်းတိုင်းဆင်ဆာ၊ GPS ၊ NFC စနစ်တို့ ပါဝင်လာမှာ ဖြစ်ပါတယ်။ Huawei Watch GT 2 ရဲ့ ဈေးနူန်းက ဒေါ်လာ 250 ဖြစ်ပါတယ်။ ဒါကြောင့် Honor Watch Magic 2 ရဲ့ ဈေးနူန်းက ဒေါ်လာ 180 ဝန်းကျင်မျှသာ ဖြစ်လာဖို့ ရှိပါတယ်။

Honor Watch Magic 2 ကို Kirin A1 Chip သုံးလာမှာဖြစ်လို့ စွမ်းဆောင်ရည်ပိုကောင်းလာပါလိမ့်မယ်။ ဒါ့အပြင် ဘက်ထရီခံမှုအပိုင်းနဲ့ ကွန်ယက်ပိုင်းလည်း ပိုကောင်းလာမှာ သေချာပါတယ်။

Honor ဟာ Honor Watch Magic 2 နဲ့အတူ Honor Smart Body Composition Scale သစ်ကိုလည်း ကြေညာလာပါမယ်။ Honor Smart Scale 2 ကို ဒီဇိုင်းနဲ့ ဖန်တီးလာမှာဖြစ်ပြီး စနစ်သစ်လည်း ပါဝင်လာပါမယ်။ အသုံးပြုသူများအနေဖြင့် ခန္ဓာကိုယ်အတွင်း ရေရှိမှု၊ အရိုးရှိမှု၊ ကြွက်သားရှိမှု၊ ပရိုတိန်းတို့ကိုလည်း တိုင်းတာနိုင်ပါမယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Honor V30 စီးရီးနဲ့အတူ Honor Watch Magic 2 နဲ့ Honor Smart Scale 2 တို့ကိုလည်း ကြေညာမည်




