Call of Duty : Mobile ဟာ မိုဘိုင်းဖုန်းတွေအတွက် အထူးဖန်တီးပေးထားတဲ့ first-person shooting ဂိမ်းအမျိုးအစားဖြစ်ပြီး 2019 ခုနှစ် အောက်တိုဘာလ 1 ရက်နေ့ကမှ ထွက်ရှိထားတာပါ။ ထွက်ရှိပြီး တစ်ပတ်အတွင်း ဒေါင်းလုတ်ဆွဲယူမှုပေါင်း သန်း 100 ကျော်သွားကာ အမေရိကန်ဒေါ်လာ 18 သန်း ကျော်အထိ ဝင်ငွေရှာပေးနိုင်တဲ့အထိအောင်မြင်မှုရခဲ့တဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ထွက်ခဲ့တဲ့ Call of Duty : Black Ops မှာလိုပဲ ဒီဂိမ်းမှာလည်း Single-player mode မပါဘဲ multiplayer mode 2 ခုကို ရွေးချယ်ကစားရမှာဖြစ်ပါတယ်။ ပထမတစ်ခုက ပုံမှန် Call of Duty multiplayer mode ဖြစ်ပြီး Frontline , Team Deathmatch , Domination , Searh & Destroy နဲ့ Practice Vs. AI တို့လို mode တွေမှာ 5 ဦးတစ်ဖွဲ့ပြိုင်ရတဲ့ battle တွေကိုကစားရမှာဖြစ်ပါတယ်။

ဒုတိယတစ်ခုကတော့ battle royale ဖြစ်ပြီး ဒီမှာတော့တစ်ယောက်တည်းဖြစ်စေ၊ 2 ယောက်တွဲဖြစ်စေ၊ 4 ယောက်အဖွဲ့လိုက်ဖြစ်စေ ကစားရမှာပါ။ အချိန် အကြာကြီးဆော့ရတာကို မကြိုက်တဲ့သူတွေအတွက်က 5-on-5 mode ကို ပိုကြိုက်မှာဖြစ်ပြီး၊ 5-on-5 match အများစုက အချိန် 5 မိနစ်နဲ့ 10 မိနစ်ကြားသာကြာမြင့်ပါတယ်။ ဒီဂိမ်းကိုကစားဖို့အတွက် အင်တာနက် လိုအပ်ပြီး Android 4.3 နဲ့အထက်မှာ ကစားနိုင်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Call of Duty : Mobile



