LG ဟာ နည်းပညာမူပိုင်ခွင့် ချိုးဖောက်တယ်ဆိုပြီး ဂျာမနီမှာ TCL ကို တရားစွဲဆိုလိုက်ပါတယ်။ LG ဟာ Uplink Transmission နဲ့ဆက်စပ်တဲ့ 4G နည်းပညာများကို ခိုးယူသုံးစွဲတယ်ဆိုပြီး တရားစွဲထားတာပါ။

တောင်ကိုရီးယားနည်းပညာကုမ္ပဏီဟာ အစောပိုင်းမှာ TCL နဲ့ ဆက်သွယ်ပြီး အပြင်မှာ ပြေလည်မှုရယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် ယခုလိုတရားရုံးမှာ အမှုဖွင့်တဲ့အထိ လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

LG ဟာ သူတို့ရဲ့ 4G နည်းပညာများနဲ့ပတ်သက်ပြီး အကြီးအကျယ်ကာကွယ်မှုတွေလုပ်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ၎င်းတို့ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Wiko ကို တရားစွဲခဲ့သလို 2017 ခုနှစ်တုန်းကလည်း BLU ကို တရားစွဲခဲ့ပါသေးတယ်။ Wiko က နည်းပညာသုံးခု၊ BLU က ငါးခုတို့ကို ချိုးဖောက်ခဲ့တာပါ။ ယခု TCL ဟာ LG ရဲ့ နည်းပညာမူပိုင်ခွင့်သုံးခုကို ချိုးဖောက်အသုံးပြုထားတာ ဖြစ်ပါတယ်။

LG ဟာ 2012 ခုနှစ်မှ 2016 ခုနှစ်အတွင်းမှာ 4G နည်းပညာမူပိုင်ခွင့် အမြောက်အမြားပိုင်ဆိုင်မှု လျှောက်ထားခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး 5G နည်းပညာအားလုံးရဲ့ 11 ရာခိုင်နူန်းခန့်ကို ပိုင်ဆိုင်တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာ LG ဟာ ပြီးခဲ့တဲ့အပတ်တုန်းက TV နည်းပညာမူပိုင်ခွင့်လေးခုကို ချိုးဖောက်တယ်ဆိုပြီး တီဗွီကုမ္ပဏီ Hisense ကို တရားစွဲဆိုထားပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

4G နည္းပညာမူပိုင္ခြင့္အတြက္ TCL ကို LG တရားစြဲ

LG ဟာ နည္းပညာမူပိုင္ခြင့္ ခ်ိဳးေဖာက္တယ္ဆိုၿပီး ဂ်ာမနီမွာ TCL ကို တရားစြဲဆိုလိုက္ပါတယ္။ LG ဟာ Uplink Transmission နဲ႔ဆက္စပ္တဲ့ 4G နည္းပညာမ်ားကို ခိုးယူသုံးစြဲတယ္ဆိုၿပီး တရားစြဲထားတာပါ။

ေတာင္ကိုရီးယားနည္းပညာကုမၸဏီဟာ အေစာပိုင္းမွာ TCL နဲ႔ ဆက္သြယ္ၿပီး အျပင္မွာ ေျပလည္မွုရယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ မေအာင္ျမင္ခဲ့တာေၾကာင့္ ယခုလိုတရား႐ုံးမွာ အမွုဖြင့္တဲ့အထိ လုပ္ေဆာင္လာတာလည္း ျဖစ္ပါတယ္။

LG ဟာ သူတို႔ရဲ့ 4G နည္းပညာမ်ားနဲ႔ပတ္သက္ၿပီး အႀကီးအက်ယ္ကာကြယ္မွုေတြလုပ္ခဲ့တဲ့ ကုမၸဏီျဖစ္ပါတယ္။ ၎တို႔ဟာ ၿပီးခဲ့တဲ့ႏွစ္တုန္းက Wiko ကို တရားစြဲခဲ့သလို 2017 ခုႏွစ္တုန္းကလည္း BLU ကို တရားစြဲခဲ့ပါေသးတယ္။ Wiko က နည္းပညာသုံးခု၊ BLU က ငါးခုတို႔ကို ခ်ိဳးေဖာက္ခဲ့တာပါ။ ယခု TCL ဟာ LG ရဲ့ နည္းပညာမူပိုင္ခြင့္သုံးခုကို ခ်ိဳးေဖာက္အသုံးျပဳထားတာ ျဖစ္ပါတယ္။

LG ဟာ 2012 ခုႏွစ္မွ 2016 ခုႏွစ္အတြင္းမွာ 4G နည္းပညာမူပိုင္ခြင့္ အေျမာက္အျမားပိုင္ဆိုင္မွု ေလၽွာက္ထားခဲ့တဲ့ ကုမၸဏီျဖစ္ၿပီး 5G နည္းပညာအားလုံးရဲ့ 11 ရာခိုင္ႏူန္းခန႔္ကို ပိုင္ဆိုင္တဲ့ ကုမၸဏီလည္း ျဖစ္ပါတယ္။

အျခားတစ္ဖက္မွာ LG ဟာ ၿပီးခဲ့တဲ့အပတ္တုန္းက TV နည္းပညာမူပိုင္ခြင့္ေလးခုကို ခ်ိဳးေဖာက္တယ္ဆိုၿပီး တီဗြီကုမၸဏီ Hisense ကို တရားစြဲဆိုထားပါတယ္။

NetGuide Journal (Every Wednesday)