မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော့်ဖုန်းက OPPO အမျိုးအစားပါ။ System Update တင်ချင်လို့ ဘယ်လို လုပ်ဆောင်ရမလဲခင်ဗျာ။
ဖြေ – မည်သည့်ဖုန်းမဆို Phone Internet (or) Wifi Internet နဲ့ Update လုပ်လို့ရပါတယ်။ သို့သော် Internet လိုင်းမကောင်းရင်ဖြစ်စေ ဖုန်းရဲ့ Internal Storage ပြည့်နေတာကြောင့်သော်လည်းကောင်း Update ပြီးဆုံးအောင် Install မပြီးဆုံးပါက Logo တွင်ရပ်နေခြင်း၊ ရပ်လိုက်တတ်လိုက်ဖြစ်ခြင်းနှင့် အခြား သော User တွေမမြင်နိုင်တဲ့ Error တွေရှိနိုင်တာကြောင့် Service ဆိုင်မှာ သွားရောက် Update လုပ်ခြင်းက ပိုမိုအဆင်ပြေပါမယ်လို့ ပြောပါရစေ။

မေး – ဖုန်းတစ်လုံးဝယ်မယ်ဆိုရင် ဘာတွေကြည့်ပြီး ဝယ်သင့်လဲ အစ်ကိုရေ။ ကျွန်တော်အမြဲခေါင်းစားနေတဲ့ ကိစ္စလေးပါ။ အဆင်ပြေရင် အကြံပေးပါဦး။
ဖြေ – ဖုန်းတစ်လုံးဝယ်မယ်ဆိုရင် အရင်ဆုံးကိုယ်နိုင်တဲ့ငွေကို ကြည့်ရပါမယ်။ နောက်ပြီး ကိုယ်က iOS ကို ကြိုက်တာလား Android ဘဲ သုံးတတ်တာလား ဒါမျိုးလေးတွေကအစ စဉ်းစားဖို့လိုပါတယ်။ မဟုတ်ရင် ဝယ်ပြီး တဲ့အခါမှမကြိုက်လို့ ပြန်ရောင်းတဲ့အခါ ထက်ဝက်နီးပါးရှုံးတာကြောင့်သေချာရွေးချယ်မှုပြုလုပ်ပါ။ ဆုံးဖြတ်ပြီးပြီ ဆိုရင် RAM အနည်းဆုံး 4GB နဲ့ ROM အနည်းဆုံး 32GB (or) 64GB လောက်ကိုဝယ်စေချင်ပါတယ်။ ဒါမှသာ နောက်ပိုင်း Update App တွေကို သုံးနိုင်မှာဖြစ်သလို ကိုယ့်အမှတ်တရတွေကိုလည်း ကိုယ်နဲ့တစ်ပါတည်း သယ်ဆောင်နိုင်မှာဖြစ်ပါတယ်။

မေး – ကျွန်တော့်ဖုန်းက Samsung A80 ပါ။ တစ်နေ့က မိုးနည်းနည်း စိုသွားတာမှာ အားသွင်းလို့မရ ဖြစ်နေတာ ပါ။ ဖုန်းမှာပေါ်လာတာကတော့ ရေငွေ့ရိုက်သွားတာလို့ပြောပါတယ်။ တော်တော်နဲ့မခြောက်လို့ ဘယ်လိုလုပ်ရ မှာပါလဲခင်ဗျာ။
ဖြေ – ရေဝင်တာဖြစ်စေ၊ ဝင်သလိုလိုသံသယဖြစ်သည်ဖြစ်စေ နီးစပ်ရာ Service ဆိုင်မှာ Service လုပ်လိုက်ပါ။ ဆန်အိုးထဲထည့်ခြင်း၊ နေရောင်အောက်ချထားခြင်းတွေဟာ ဖုန်းတစ်လုံးရဲ့ အတွင်းပတ်လမ်းများကို ထိခိုက် သည့်အပြင် IC အကြီးအသေးများကိုပါ ရေဂျိုးရေဂျီးများကြောင့်ပျက်စီးစေပါတယ်။ ဒါကြောင့် အပ်နဲ့ထွင်ရမှာကို ပုဆိန်နဲ့မပေါက်ရလေအောင် နီးစပ်ရာ Service မှာကုသခြင်းဖြင့် သင့်ရဲ့ဖုန်းကျန်းမာရေးကို ဂရုစိုက်လိုက်ပါ ခင်ဗျာ။

မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော် လက်ရှိသုံးနေတဲ့ဖုန်းက Samsung J7 ပါ။ Storage မဆံ့တော့လို့ Reset လည်းချပါတယ်။ တကယ်တမ်းကူးလည်းကြည့်ရော လက်ကျန်ပြထားသလောက် လက်မခံဘူးဖြစ်နေ လို့ပါ။ ဘာဖြစ်တာပါလဲခင်ဗျာ။
ဖြေ – Samsung ဖုန်းတွေမှာ 16GB ROM ဝယ်လျှင် 13GB (or) 14GB လောက်သာ User က အသုံးပြုရပါ တယ်။ ကျန်တာက ဖုန်းရဲ့ System ပိုင်းက စက်ရုံကလာကတည်းက ယူထားပြီးသားမို့ပါ။ Samsumg ဖုန်း တွေဝယ်ယူတဲ့ Storage မပြည့်ဝလို့ဆိုပြီး 2016 လောက်က Customer တွေ Complain တတ်တာတောင် ကြားမိပါသေးတယ်။ တကယ်လို့ Storage မလုံလောက်တော့ဘူး။ သုံးရတာဟန်းနေပြီဆိုရင်တော့ ဖုန်းကို Factory Data Reset လုပ်မှသာရပါလိမ့်မယ်။ ဒါမှသာ စက်ရုံကနေ ထုတ်ပေးလိုက်တဲ့အတိုင်း ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်မှာပါ။

မေး – အစ်ကိုရေ တစ်ခုလောက်မေးချင်လို့ပါ။ ကျွန်တော် iPhone Second Hand ဝယ်မလို့ပါ။ အတုအပ ဘယ်လိုခွဲခြားလို့ရနိုင်ပါသလဲ။
ဖြေ – iPhone အတုအပကတော့ လွန်စွာများပြားပါတယ်ခင်ဗျာ။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့လို ပြုပြင်သူ တွေတောင် ဝေဝါးသွားလောက်အောင်တုပနိုင်ပါတယ်။ အဲ့ဒီတော့ iPhone Second ကိုင်ချင်ရင် iOS အကြောင်းနားလည်သူ အသုံးပြုနေသူနဲ့အတူသွားဝယ်ပါ။ ဒါမှမဟုတ် ဘယ်သူမှမရှိဘူး။ ကိုယ့်ဟာကိုယ်ပဲ သွားရမယ်ဆိုရင်တော့ နီးစပ်ရာ Service ဆိုင်မှာ Apple ID သွားဖွင့်ပါ။ ရပြီဆိုရင် ကိုယ်ဝယ်မယ့်ဖုန်းထဲ Apple ID ထည့်သွင်းပြီး စမ်းသပ်ဝယ်ယူနိုင်ပါတယ်။ တစ်ခုရှိတာက iPhone ဝယ်မယ်ဆို ရောင်းတဲ့လူရှေ့မှာ Erase All Contact And Setting လုပ်ပြီးမှ ဝယ်ယူပါ။

မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော့်ဖုန်းက Meizu M3 Note ပါ။ Speaker က ကွဲရှရှအသံထွက်နေလို့ပါ။ ပြုပြင်ရင် အကုန်အကျများနိုင်ပါသလားခင်ဗျာ။
ဖြေ – Meizu တွေက အပိုပစ္စည်းရှားပါးမှုပြဿနာရှိတယ်ဗျ။ အဲ့တော့ နီးစပ်ရာဆိုင်မှာစုံစမ်းတာ ပိုမိုအဆင်ပြေပါ လိမ့်မယ်။ ခန့်မှန်းခြေစျေးဆိုရင်တော့ Speaker လဲတဲ့ စျေးနှုန်းက 10000 မှ 15000 အထိ ကျသင့်နိုင်ပါတယ်။
Hello Phone Service & Training (တာမွေ) ဖုန်း- 09-5406286 ၊ 09-450400006 မှ ကူညီပံ့ပိုးပါသည်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

“အေမးမ်ားေသာ မိုဘိုင္းဖုန္းဆိုင္ရာ ျပႆနာမ်ား”

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ့္ဖုန္းက OPPO အမ်ိဳးအစားပါ။ System Update တင္ခ်င္လို႔ ဘယ္လို လုပ္ေဆာင္ရမလဲခင္ဗ်ာ။
ေျဖ – မည္သည့္ဖုန္းမဆို Phone Internet (or) Wifi Internet နဲ႔ Update လုပ္လို႔ရပါတယ္။ သို႔ေသာ္ Internet လိုင္းမေကာင္းရင္ျဖစ္ေစ ဖုန္းရဲ႕ Internal Storage ျပည့္ေနတာေၾကာင့္ေသာ္လည္းေကာင္း Update ၿပီးဆံုးေအာင္ Install မၿပီးဆံုးပါက Logo တြင္ရပ္ေနျခင္း၊ ရပ္လိုက္တတ္လိုက္ျဖစ္ျခင္းႏွင့္ အျခား ေသာ User ေတြမျမင္ႏိုင္တဲ့ Error ေတြရိွႏိုင္တာေၾကာင့္ Service ဆိုင္မွာ သြားေရာက္ Update လုပ္ျခင္းက ပိုမိုအဆင္ေျပပါမယ္လို႔ ေျပာပါရေစ။

ေမး – ဖုန္းတစ္လံုးဝယ္မယ္ဆိုရင္ ဘာေတြၾကည့္ၿပီး ဝယ္သင့္လဲ အစ္ကိုေရ။ ကြၽန္ေတာ္အၿမဲေခါင္းစားေနတဲ့ ကိစၥေလးပါ။ အဆင္ေျပရင္ အႀကံေပးပါဦး။
ေျဖ – ဖုန္းတစ္လံုးဝယ္မယ္ဆိုရင္ အရင္ဆံုးကိုယ္ႏိုင္တဲ့ေငြကို ၾကည့္ရပါမယ္။ ေနာက္ၿပီး ကိုယ္က iOS ကို ႀကိဳက္တာလား Android ဘဲ သံုးတတ္တာလား ဒါမ်ိဳးေလးေတြကအစ စဥ္းစားဖို႔လိုပါတယ္။ မဟုတ္ရင္ ဝယ္ၿပီး တဲ့အခါမွမႀကိဳက္လို႔ ျပန္ေရာင္းတဲ့အခါ ထက္ဝက္နီးပါး႐ံႈးတာေၾကာင့္ေသခ်ာေရြးခ်ယ္မႈျပဳလုပ္ပါ။ ဆံုးျဖတ္ၿပီးၿပီ ဆိုရင္ RAM အနည္းဆံုး 4GB နဲ႔ ROM အနည္းဆံုး 32GB (or) 64GB ေလာက္ကိုဝယ္ေစခ်င္ပါတယ္။ ဒါမွသာ ေနာက္ပိုင္း Update App ေတြကို သံုးႏိုင္မွာျဖစ္သလို ကိုယ့္အမွတ္တရေတြကိုလည္း ကိုယ္နဲ႔တစ္ပါတည္း သယ္ေဆာင္ႏိုင္မွာျဖစ္ပါတယ္။

ေမး – ကြၽန္ေတာ့္ဖုန္းက Samsung A80 ပါ။ တစ္ေန႔က မိုးနည္းနည္း စိုသြားတာမွာ အားသြင္းလို႔မရ ျဖစ္ေနတာ ပါ။ ဖုန္းမွာေပၚလာတာကေတာ့ ေရေငြ႕႐ိုက္သြားတာလို႔ေျပာပါတယ္။ ေတာ္ေတာ္နဲ႔မေျခာက္လို႔ ဘယ္လိုလုပ္ရ မွာပါလဲခင္ဗ်ာ။
ေျဖ – ေရဝင္တာျဖစ္ေစ၊ ဝင္သလိုလိုသံသယျဖစ္သည္ျဖစ္ေစ နီးစပ္ရာ Service ဆိုင္မွာ Service လုပ္လိုက္ပါ။ ဆန္အိုးထဲထည့္ျခင္း၊ ေနေရာင္ေအာက္ခ်ထားျခင္းေတြဟာ ဖုန္းတစ္လံုးရဲ႕ အတြင္းပတ္လမ္းမ်ားကို ထိခိုက္ သည့္အျပင္ IC အႀကီးအေသးမ်ားကိုပါ ေရဂ်ိဳးေရဂ်ီးမ်ားေၾကာင့္ပ်က္စီးေစပါတယ္။ ဒါေၾကာင့္ အပ္နဲ႔ထြင္ရမွာကို ပုဆိန္နဲ႔မေပါက္ရေလေအာင္ နီးစပ္ရာ Service မွာကုသျခင္းျဖင့္ သင့္ရဲ႕ဖုန္းက်န္းမာေရးကို ဂ႐ုစိုက္လိုက္ပါ ခင္ဗ်ာ။

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ္ လက္ရွိသံုးေနတဲ့ဖုန္းက Samsung J7 ပါ။ Storage မဆံ့ေတာ့လို႔ Reset လည္းခ်ပါတယ္။ တကယ္တမ္းကူးလည္းၾကည့္ေရာ လက္က်န္ျပထားသေလာက္ လက္မခံဘူးျဖစ္ေန လို႔ပါ။ ဘာျဖစ္တာပါလဲခင္ဗ်ာ။
ေျဖ – Samsung ဖုန္းေတြမွာ 16GB ROM ဝယ္လွ်င္ 13GB (or) 14GB ေလာက္သာ User က အသံုးျပဳရပါ တယ္။ က်န္တာက ဖုန္းရဲ႕ System ပိုင္းက စက္႐ံုကလာကတည္းက ယူထားၿပီးသားမို႔ပါ။ Samsumg ဖုန္း ေတြဝယ္ယူတဲ့ Storage မျပည့္ဝလို႔ဆိုၿပီး 2016 ေလာက္က Customer ေတြ Complain တတ္တာေတာင္ ၾကားမိပါေသးတယ္။ တကယ္လို႔ Storage မလံုေလာက္ေတာ့ဘူး။ သံုးရတာဟန္းေနၿပီဆိုရင္ေတာ့ ဖုန္းကို Factory Data Reset လုပ္မွသာရပါလိမ့္မယ္။ ဒါမွသာ စက္႐ံုကေန ထုတ္ေပးလိုက္တဲ့အတိုင္း ေပါ့ေပါ့ပါးပါး အသံုးျပဳႏိုင္မွာပါ။

ေမး – အစ္ကိုေရ တစ္ခုေလာက္ေမးခ်င္လို႔ပါ။ ကြၽန္ေတာ္ iPhone Second Hand ဝယ္မလို႔ပါ။ အတုအပ ဘယ္လိုခြဲျခားလို႔ရႏိုင္ပါသလဲ။
ေျဖ – iPhone အတုအပကေတာ့ လြန္စြာမ်ားျပားပါတယ္ခင္ဗ်ာ။ တစ္ခါတစ္ရံမွာ ကြၽန္ေတာ္တို႔လို ျပဳျပင္သူ ေတြေတာင္ ေဝဝါးသြားေလာက္ေအာင္တုပႏိုင္ပါတယ္။ အဲ့ဒီေတာ့ iPhone Second ကိုင္ခ်င္ရင္ iOS အေၾကာင္းနားလည္သူ အသံုးျပဳေနသူနဲ႔အတူသြားဝယ္ပါ။ ဒါမွမဟုတ္ ဘယ္သူမွမရိွဘူး။ ကိုယ့္ဟာကိုယ္ပဲ သြားရမယ္ဆိုရင္ေတာ့ နီးစပ္ရာ Service ဆိုင္မွာ Apple ID သြားဖြင့္ပါ။ ရၿပီဆိုရင္ ကိုယ္ဝယ္မယ့္ဖုန္းထဲ Apple ID ထည့္သြင္းၿပီး စမ္းသပ္ဝယ္ယူႏိုင္ပါတယ္။ တစ္ခုရိွတာက iPhone ဝယ္မယ္ဆို ေရာင္းတဲ့လူေရွ႕မွာ Erase All Contact And Setting လုပ္ၿပီးမွ ဝယ္ယူပါ။

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ့္ဖုန္းက Meizu M3 Note ပါ။ Speaker က ကြဲရွရွအသံထြက္ေနလို႔ပါ။ ျပဳျပင္ရင္ အကုန္အက်မ်ားႏိုင္ပါသလားခင္ဗ်ာ။
ေျဖ – Meizu ေတြက အပိုပစၥည္းရွားပါးမႈျပႆနာရိွတယ္ဗ်။ အဲ့ေတာ့ နီးစပ္ရာဆိုင္မွာစံုစမ္းတာ ပိုမိုအဆင္ေျပပါ လိမ့္မယ္။ ခန္႔မွန္းေျခေစ်းဆိုရင္ေတာ့ Speaker လဲတဲ့ ေစ်းႏႈန္းက 10000 မွ 15000 အထိ က်သင့္ႏိုင္ပါတယ္။
Hello Phone Service & Training (တာေမြ) ဖုန္း- 09-5406286 ၊ 09-450400006 မွ ကူညီပံ့ပိုးပါသည္။

NetGuide Journal (Every Wednesday)