Vivo က တရုတ်နာမည်ကြီးအဆိုတော် CaiXukunမှာ Vivo S5 ရဲ့ ပြောရေးဆိုခွင့်ရှိသူအသစ် ဖြစ်လာမှာဖြစ်ကြောင်းနှင့် Vivo S5 ကို လာမယ့်နိုဝင်ဘာလ 14 ရက်နေ့မှာ ဟန်ကျိုးမှာ မိတ်ဆက်မယ်လို့ ကြေညာလာပါတယ်။

Vivo S5 မှာ မျက်နှာပြင် 6.44 လက်မ AMOLED FHD+ ရုပ်ထွက် သုံးလာပါမယ်။ 1080 x 2400 px Resolution သုံးလာမှာ ဖြစ်ပါတယ်။ ဘက်ထရီ 4010 mAh ပါဝင်ပါမယ်။ ဖုန်းရဲ့အတိုင်းအတာက 157.9 x 73.92 x 8.64 mm ရှိပါမယ်။ အလေးချိန်က 188 ဂရမ် ရှိပါတယ်။

Vivo S5 ကို 2.3GHz Processor နဲ့ ပါဝါထောက်ပံ့လာပါမယ်။ RAM8/256GB ဗားရှင်းအထိ ရွေးချယ်လာနိုင်ပါမယ်။ ဒီဖုန်းမှာ ကျောဘက်ကင်မရာလေးလုံး ပါဝင်လာမှာဖြစ်ပြီး 48MP+8MP+5MP+2MP ဖြစ်ပါတယ်။ ရှေ့ကင်မရာက 32MP ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

နိုဝင်ဘာလ 14 ရက်နေ့တွင် Vivo S5 ကို ကြေညာမည်



