ပူပူနွေးနွေးကြေညာရောင်းချနေတဲ့ Apple AirPods Pro ရဲ့ ဈေးနူန်းက ဒေါ်လာ 350 ဖြစ်ပါတယ်။ AirPods Pro ရဲ့ဈေးနူန်းကို နည်းတယ်လို့ ယူဆတဲ့သူတွေအတွက် ရုရှားတန်ဖိုးကြီးပစ္စည်းများ ဖန်တီးတဲ့ Cavierက AirPods Pro Gold Edition ကို ကြေညာလာပါတယ်။

AirPods Pro Gold Editionမှာ Wireless Charging Case ပါဝင်ပြီး Case နဲ့ နားကြပ်တို့က 18 ကာရက်ရွှေဖြင့် ဖန်တီးထားပါတယ်။ ရွှေဖြင့်ဖန်တီးထားတာနဲ့အညီ ဈေးနူန်းကလည်း ဒေါ်လာ ၆၇၇၉၀ သတ်မှတ်ထားပါတယ်။ နားကြပ်နဲ့ Case တို့ကို ရွှေဖြင့်ဖန်တီးထားတာကလွဲရင် အတွင်းပိုင်း နည်းပညာမှာတော့ AirPods Pro နဲ့အတူတူ ဖြစ်ပါတယ်။

AirPods Pro Gold Editionကို H1 Chipset ဖြင့် ပါဝါထောက်ပံ့ထားပါတယ်။ နားကြပ်မှာ အားအပြည့်ရှိနေရင် သီချင်းနားထောင်မှုကို 5 နာရီအထိ ပြုလုပ်နိုင်ပါမယ်။ Case မှာ အားသွင်းပြီး အသုံးပြုမယ်ဆိုရင် သီချင်းနားထောင်မှုကို 24 အထိ ပြုလုပ်နိုင်ပါမယ်။ Active Noise Reduction ပါဝင်ပြီး အသုံးပြုသူများအနေဖြင့် သီချင်းနားထောင်တဲ့အခါ အပြင်အသံမပါဘဲ နားထောင်နိုင်ပါမယ်။ ဒါ့အပြင် အသုံးပြုသူရဲ့နားမှာ သက်တောင့် သက်သာဖြင့် တပ်ဆင်အသုံးပြုနိုင်အောင်လည်း လုပ်ဆောင်ထားပါသေးတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

ေဈးႏူန္းေဒၚလာ 67790 သတ္မွတ္ထားတဲ့ Apple AirPods Pro Gold Edition ကို Cavier ေၾကညာ

ပူပူေႏြးေႏြးေၾကညာေရာင္းခ်ေနတဲ့ Apple AirPods Pro ရဲ့ ေဈးႏူန္းက ေဒၚလာ 350 ျဖစ္ပါတယ္။ AirPods Pro ရဲ့ေဈးႏူန္းကို နည္းတယ္လို႔ ယူဆတဲ့သူေတြအတြက္ ႐ုရွားတန္ဖိုးႀကီးပစၥည္းမ်ား ဖန္တီးတဲ့ Cavierက AirPods Pro Gold Edition ကို ေၾကညာလာပါတယ္။
AirPods Pro Gold Editionမွာ Wireless Charging Case ပါဝင္ၿပီး Case နဲ႔ နားၾကပ္တို႔က 18 ကာရက္ေရႊျဖင့္ ဖန္တီးထားပါတယ္။ ေရႊျဖင့္ဖန္တီးထားတာနဲ႔အညီ ေဈးႏူန္းကလည္း ေဒၚလာ ၆၇၇၉၀ သတ္မွတ္ထားပါတယ္။ နားၾကပ္နဲ႔ Case တို႔ကို ေရႊျဖင့္ဖန္တီးထားတာကလြဲရင္ အတြင္းပိုင္း နည္းပညာမွာေတာ့ AirPods Pro နဲ႔အတူတူ ျဖစ္ပါတယ္။
AirPods Pro Gold Editionကို H1 Chipset ျဖင့္ ပါဝါေထာက္ပံ့ထားပါတယ္။ နားၾကပ္မွာ အားအျပည့္ရွိေနရင္ သီခ်င္းနားေထာင္မွုကို 5 နာရီအထိ ျပဳလုပ္နိုင္ပါမယ္။ Case မွာ အားသြင္းၿပီး အသုံးျပဳမယ္ဆိုရင္ သီခ်င္းနားေထာင္မွုကို 24 အထိ ျပဳလုပ္နိုင္ပါမယ္။ Active Noise Reduction ပါဝင္ၿပီး အသုံးျပဳသူမ်ားအေနျဖင့္ သီခ်င္းနားေထာင္တဲ့အခါ အျပင္အသံမပါဘဲ နားေထာင္နိုင္ပါမယ္။ ဒါ့အျပင္ အသုံးျပဳသူရဲ့နားမွာ သက္ေတာင့္ သက္သာျဖင့္ တပ္ဆင္အသုံးျပဳနိုင္ေအာင္လည္း လုပ္ေဆာင္ထားပါေသးတယ္။

NetGuide Journal (Every Wednesday)