ပြီးခဲ့တဲ့ 2019 ခုနှစ် ဧပြီလလောက်ကတည်းက OPPO ကနေ Reno series စမတ်ဖုန်းတွေကို ဆက်တိုက်ထုတ်လုပ်ပေးခဲ့ပါတယ်။ ၎င်း Reno Series ဖုန်းတွေအကုန်လုံးက မျက်နှာပြင်ကျယ်ပြန့်ပြီး ကင်မရာစွမ်းအား အထူးကောင်းမွန်တာကို တွေ့ရပါတယ်။ Reno Series ထဲမှာ နောက်ဆုံးထွက်ရှိထားတဲ့ စမတ်ဖုန်းကတော့ OPPO Reno 2 ပဲဖြစ်ပြီး ၎င်းကို ပြီးခဲ့တဲ့ စက်တင်ဘာလကမှ စတင်မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် OPPO Reno 2 ကို မြန်မာနိုင်ငံမှာ စတင်ဝယ်ယူနိုင်နေပါပြီ။ ၎င်းဖုန်းဟာ အရည်အသွေးမြင့်စမတ်ဖုန်းတစ်လုံးဖြစ်ပြီး စျေးနှုန်းကလည်း အနည်းငယ်မြင့်မားပါတယ်။ အားသာချက်တွေကတော့ ဒီဇိုင်းပုံစံဆန်းသစ်လှပခြင်း၊ မျက်နှာပြင်ကြီးမားကျယ်ပြန့်ခြင်း၊ ကင်မရာစွမ်းအားကောင်းမွန်ခြင်း၊ စက်စွမ်းဆောင်ရည်မြင့်မားခြင်းတွေအပြင် ဘက်ထရီစွမ်းအားလည်း ပြည့်ဝမှုရှိတာကြောင့် အဘက်ဘက်က ပြီးပြည့်စုံမှုရှိတဲ့ စမတ်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။

အရှေ့ဘက်မျက်နှာပြင်က အကြမ်းခံတဲ့ Corning Glass 6 နဲ့ ဖုံးအုပ်ထားသလို နောက်ကျောဘက်ကိုတော့ Corning Glass 5 ကိုသုံးထားပြီး ဘေးဘောင်တွေက အလူမီနီယံဘောင်တွေ ဖြစ်ပါတယ်။ အခုခေတ်စားနေတဲ့ Motorized pop-up camera ကို တပ်ဆင်ပေးထားပြီး တပ်ဆင်ထားတဲ့ ဒီဇိုင်းပုံစံလေးကလည်း တခြား Pop-up camera တွေနဲ့ မတူပဲ ထူးခြားဆန်းသစ်မှု ရှိပါတယ်။ နောက်ကျောဘက် အပေါ်အလယ်တည့်တည့်မှာ အနောက် Camera 4 လုံးနဲ့ LED Flash မီးလုံးတို့ ဒေါင်လိုက်တည်ရှိပါတယ်။ နောက်ကျောဘက်အရောင်တွေကလည်း အတွဲအစပ်အရောင်ပြေးလေးတွေနဲ့မို့ တော်တော်လေးကို လှပဆန်းသစ်မှု ရှိပါတယ်။ အရှေ့ဘက်က လုံးဝဘောင်ပျောက်ဒီဇိုင်းမို့ ကျယ်ပြန့်တဲ့ မြင်ကွင်းတွေကို ပြည့်ပြည့်ဝဝ အသုံးပြုနိုင်ပါတယ်။ ဖုန်းအရွယ်အစားက 160 x 74.3 x 9.5 mm (6.30 x 2.93 x 0.37 in) ရှိပြီး 189g လေးပါတယ်။

ဒါကြောင့် သာမန်ဖုန်းတွေထက် အနည်းငယ်တော့ ပိုထူပါတယ်။ ၎င်းကို GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Hybrid Dual Nano SIM ဖြစ်လို့ Nano SIM card 2 card ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်ပါတယ်။ မျက်နှာပြင်က 6.5-inch အကျယ်ရှိပြီး AMOLED capacitive touchscreen, 16M colors display နဲ့ ပြုလုပ်ထားပါတယ်။ ၎င်းမျက်နှာပြင်က 20:9 ratio မှာ 1080 x 2400 pixels စွမ်းအားရှိတဲ့ မြင်ကွင်းတွေကို ပြသနိုင်ပါတယ်။ အထဲမှာတော့ နောက်ဆုံးပေါ် Android 9.0 (Pie) ကို အခြေခံထားတဲ့ အဆင့်မြင့် ColorOS 6.1 User Interface ကို run ပေးထားတဲ့အတွက် သုံးစွဲရတာ အဆင့်မြင့်မားမှု ရှိပါတယ်။ ဒါ့အပြင် စက်စွမ်းဆောင်ရည်ပိုင်းအတွက်လည်း အရည်အသွေးအလွန်မြင့်မားတဲ့ chipset နဲ့ RAM 8GB ပါရှိတဲ့ အဆင့်မြင့် processor တို့ကို ပ့ံပိုးပေးထားတဲ့အပြင် ရုပ်ထွက်ပိုင်းအတွက်လည်း အဆင့်မြင့်ဆုံး GPU ကို သုံးထားပါတယ်။ ဒါကြောင့် ဖုန်းလုပ်ဆောင်ချက်တွေအားလုံးက တိကျလျင်မြန်မှု ရှိပါတယ်။

ကင်မရာစွမ်းဆောင်ရည်ပိုင်းအတွက်တော့ အနောက်ကင်မရာက 48 MP, f/1.7, 26mm (wide), 1/2.0″, 0.8µm, PDAF, OIS + 13MP, f/2.4, (telephoto), 1/3.4″, 1.0µm, PDAF + 8 MP, f/2.2, 13mm (ultrawide), 1/3.2″, 1.4µm + 2 MP B/W, f/2.4, 1/5″, 1.75µm စွမ်းအားတွေပါရှိပြီး Dual-LED flash, HDR, panorama ဆိုတဲ့ functions တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် အရှေ့ကင်မရာကလည်း Motorized pop-up 16 MP, f/2.0, 26mm (wide), 1/3.1″, 1.0µm စွမ်းအားတွေကို ထောက်ပံ့ပေးထားတာကြောင့် အရှေ့ကင်မရာရော အနောက်ကင်မရာကပါ အရည်အသွေး အလွန်ကောင်းမွန်တဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို အကောင်းဆုံး ရိုက်ကူးပေးနိုင်ပါတယ်။ ဖုန်းလုံခြုံရေးပိုင်းအတွက်လည်း Fingerprint (under display) စနစ်ပါရှိလို့ စမတ်ကျကျ အသုံးပြုနိုင်ပါတယ်။ ၎င်းဖုန်းကို ရွေးချယ်ဝယ်ယူနိုင်မယ့် အရောင်တွေကတော့ Luminous Black, Ocean Blue နဲ့ Sunset Pink ဆိုတဲ့ အမဲရောင်၊ အပြာရောင်နဲ့ ပန်းရောင် စုစုပေါင်း အရောင် 3 မျိုးပဲ ဖြစ်ပါတယ်။

(1). Design

တည်ဆောက်ပုံဒီဇိုင်းက ကျစ်ကျစ်လျစ်လျစ်နဲ့ တောင့်တင်းခိုင်မာပြီး သစ်လွင်တောက်ပနေတဲ့ နောက်ဆုံးပေါ် ကိုယ်ထည်ဒီဇိုင်းကြောင့် ဆွဲဆောင်မှုလည်း ရှိပါတယ်။ အရှေ့ဘက်မျက်နှာပြင်က ကျယ်ပြန့်ရှင်းလင်းမှုရှိသလို နောက်ကျောဘက်ကလည်း ခေတ်မီဆန်းသစ်မှု ရှိပါတယ်။

(2). Processor

ဖုန်းစွမ်းဆောင်ရည်ပိုင်းအတွက် Qualcomm SDM730 Snapdragon 730G (8 nm) chipset နဲ့ RAM 8GB ပါရှိတဲ့ Octa-core (2×2.2 GHz Kryo 470 Gold & 6×1.8 GHz Kryo 470 Silver) processor တို့ကို ပ့ံပိုးထားတာကြောင့် လျင်မြန်တိကျတဲ့ လုပ်ဆောင်ချက်တွေကို ပေးစွမ်းနိုင်သလို ရုပ်ထွက်ပိုင်းအတွက်လည်း အဆင့်မြင့် Adreno 618 GPU ကို သုံးထားပါတယ်။

(3). Display and Camera

6.5-inch ကျယ်တဲ့ မျက်နှာပြင်ကို AMOLED capacitive touchscreen, 16M colors display နဲ့ ပြုလုပ်ထားပြီး Full HD မြင်ကွင်းစွမ်းအားတွေကို အပြည့်အဝ ရရှိနိုင်မှာပါ။ ၎င်းမှာ Quad 48MP + 13MP + 8MP + 2MP ရှိတဲ့ အနောက်ကင်မရာနဲ့ 16MP ရှိတဲ့ အရှေ့ selfie ကင်မရာတို့ကို တပ်ဆင်ထားပြီး အလွန်အသုံးဝင်တဲ့ features တွေလည်း ပါရှိပါတယ်။

(4). Verdict

OPPO Reno 2 စမတ်ဖုန်းဟာ တကယ့်အရည်အသွေးမြင့် ကင်မရာဖုန်းတစ်လုံးဖြစ်ပြီး ဒီဇိုင်းပိုင်းမှာရော စက်စွမ်းဆောင်ရည်ပိုင်းမှာပါ အကောင်းဆုံး User Experiences တွေကို ပေးစွမ်းနိုင်တာကြောင့် ပေးရတဲ့စျေးနှုန်းနဲ့ သုံးစွဲရတာ ထိုက်တန်မှု ရှိပါတယ်။

(5). Battery Life

ဘက်ထရီစွမ်းအားအနေနဲ့တော့ Non-removable Li-Po 4000 mAh battery ကို ထည့်သွင်းပေးထားလို့ လုပ်ဆောင်ချက်တွေ တော်တော်များများကို အချိန်ကြာမြင့်စွာ ပြုလုပ်နိုင်မှာပါ။ ဒါ့အပြင် ဖုန်းအားသွင်းမြန်ဆန်တဲ့ Fast battery charging 20W (VOOC Flash Charge 3.0) စနစ်လည်း ပါရှိပါသေးတယ်။

(6). Specification

» Network : GSM/HSPA/LTE (Hybrid Dual SIM)
» Weight : 189 g
» Display : 6.5″, AMOLED capacitive touchscreen
» Resolution : 1080 x 2400 pixels, 20:9 ratio (~401 ppi)
» Dimensions : 160 x 74.3 x 9.5 mm
» Memory : 256GB, 8GB RAM
» Camera : Quad 48MP, f/1.7, 1/2.0″, 0.8µm, 13MP, f/2.4, 1/3.4″, 1.0µm PDAF, 8MP, f/2.2, 13mm, 1/3.2″, 1.4µm, 2MP B/W, f/2.4, 1/5″, 1.75µm, Dual-LED flash, HDR, panorama, Selfie : Motorized pop-up 16Mp, f/2.0
» OS : Android 9.0 (Pie); ColorOS 6.1
» Chipset : Qualcomm SDM730 Snapdragon 730G
» CPU : Octa-core (2×2.2 GHz Kryo 470 Gold & 6×1.8 GHz Kryo 470)
» GPU : Adreno 618
» Sensor : Fingerprint (Under-dispaly optical), accelerometer

» Price : 799,900 Ks

» Contact Phone : 09-785222888 (Win Mobile World)

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

OPPO Reno 2

ၿပီးခဲ့တဲ့ 2019 ခုႏွစ္ ဧၿပီလေလာက္ကတည္းက OPPO ကေန Reno series စမတ္ဖုန္းေတြကို ဆက္တုိက္ထုတ္လုပ္ေပးခဲ့ပါတယ္။ ၎ Reno Series ဖုန္းေတြအကုန္လံုးက မ်က္ႏွာျပင္က်ယ္ျပန္႔ၿပီး ကင္မရာစြမ္းအား အထူးေကာင္းမြန္တာကို ေတြ႕ရပါတယ္။ Reno Series ထဲမွာ ေနာက္ဆံုးထြက္ရွိထားတဲ့ စမတ္ဖုန္းကေတာ့ OPPO Reno 2 ပဲျဖစ္ၿပီး ၎ကို ၿပီးခဲ့တဲ့ စက္တင္ဘာလကမွ စတင္မိတ္ဆက္ေပးခဲ့တာ ျဖစ္ပါတယ္။ အခုဆိုရင္ OPPO Reno 2 ကို ျမန္မာႏိုင္ငံမွာ စတင္ဝယ္ယူႏိုင္ေနပါၿပီ။ ၎ဖုန္းဟာ အရည္အေသြးျမင့္စမတ္ဖုန္းတစ္လံုးျဖစ္ၿပီး ေစ်းႏႈန္းကလည္း အနည္းငယ္ျမင့္မားပါတယ္။ အားသာခ်က္ေတြကေတာ့ ဒီဇုိင္းပံုစံဆန္းသစ္လွပျခင္း၊ မ်က္ႏွာျပင္ႀကီးမားက်ယ္ျပန္႔ျခင္း၊ ကင္မရာစြမ္းအားေကာင္းမြန္ျခင္း၊ စက္စြမ္းေဆာင္ရည္ျမင့္မားျခင္းေတြအျပင္ ဘက္ထရီစြမ္းအားလည္း ျပည့္ဝမႈရွိတာေၾကာင့္ အဘက္ဘက္က ၿပီးျပည့္စံုမႈရွိတဲ့ စမတ္ဖုန္းတစ္လံုးပဲ ျဖစ္ပါတယ္။

အေရွ႕ဘက္မ်က္ႏွာျပင္က အၾကမ္းခံတဲ့ Corning Glass 6 နဲ႔ ဖုံးအုပ္ထားသလုိ ေနာက္ေက်ာဘက္ကိုေတာ့ Corning Glass 5 ကိုသံုးထားၿပီး ေဘးေဘာင္ေတြက အလူမီနီယံေဘာင္ေတြ ျဖစ္ပါတယ္။ အခုေခတ္စားေနတဲ့ Motorized pop-up camera ကို တပ္ဆင္ေပးထားၿပီး တပ္ဆင္ထားတဲ့ ဒီဇုိင္းပံုစံေလးကလည္း တျခား Pop-up camera ေတြနဲ႔ မတူပဲ ထူးျခားဆန္းသစ္မႈ ရွိပါတယ္။ ေနာက္ေက်ာဘက္ အေပၚအလယ္တည့္တည့္မွာ အေနာက္ Camera 4 လံုးနဲ႔ LED Flash မီးလံုးတို႔ ေဒါင္လုိက္တည္ရွိပါတယ္။ ေနာက္ေက်ာဘက္အေရာင္ေတြကလည္း အတြဲအစပ္အေရာင္ေျပးေလးေတြနဲ႔မို႔ ေတာ္ေတာ္ေလးကို လွပဆန္းသစ္မႈ ရွိပါတယ္။ အေရွ႕ဘက္က လံုးဝေဘာင္ေပ်ာက္ဒီဇုိင္းမုိ႔ က်ယ္ျပန္႔တဲ့ ျမင္ကြင္းေတြကို ျပည့္ျပည့္ဝဝ အသံုးျပဳႏုိင္ပါတယ္။ ဖုန္းအရြယ္အစားက 160 x 74.3 x 9.5 mm (6.30 x 2.93 x 0.37 in) ရွိၿပီး 189g ေလးပါတယ္။

ဒါေၾကာင့္ သာမန္ဖုန္းေတြထက္ အနည္းငယ္ေတာ့ ပိုထူပါတယ္။ ၎ကို GSM, HSPA နဲ႔ LTE networks ေတြမွာ အသံုးျပဳႏုိင္ၿပီး Hybrid Dual Nano SIM ျဖစ္လုိ႔ Nano SIM card 2 card ကို တစ္ၿပိဳင္နက္တည္း ထည့္သံုးႏုိင္ပါတယ္။ မ်က္ႏွာျပင္က 6.5-inch အက်ယ္ရွိၿပီး AMOLED capacitive touchscreen, 16M colors display နဲ႔ ျပဳလုပ္ထားပါတယ္။ ၎မ်က္ႏွာျပင္က 20:9 ratio မွာ 1080 x 2400 pixels စြမ္းအားရွိတဲ့ ျမင္ကြင္းေတြကို ျပသႏုိင္ပါတယ္။ အထဲမွာေတာ့ ေနာက္ဆံုးေပၚ Android 9.0 (Pie) ကို အေျခခံထားတဲ့ အဆင့္ျမင့္ ColorOS 6.1 User Interface ကို run ေပးထားတဲ့အတြက္ သံုးစြဲရတာ အဆင့္ျမင့္မားမႈ ရွိပါတယ္။ ဒါ့အျပင္ စက္စြမ္းေဆာင္ရည္ပိုင္းအတြက္လည္း အရည္အေသြးအလြန္ျမင့္မားတဲ့ chipset နဲ႔ RAM 8GB ပါရွိတဲ့ အဆင့္ျမင့္ processor တို႔ကို ပ့ံပိုးေပးထားတဲ့အျပင္ ႐ုပ္ထြက္ပိုင္းအတြက္လည္း အဆင့္ျမင့္ဆံုး GPU ကို သံုးထားပါတယ္။ ဒါေၾကာင့္ ဖုန္းလုပ္ေဆာင္ခ်က္ေတြအားလံုးက တိက်လ်င္ျမန္မႈ ရွိပါတယ္။

ကင္မရာစြမ္းေဆာင္ရည္ပိုင္းအတြက္ေတာ့ အေနာက္ကင္မရာက 48 MP, f/1.7, 26mm (wide), 1/2.0″, 0.8µm, PDAF, OIS + 13MP, f/2.4, (telephoto), 1/3.4″, 1.0µm, PDAF + 8 MP, f/2.2, 13mm (ultrawide), 1/3.2″, 1.4µm + 2 MP B/W, f/2.4, 1/5″, 1.75µm စြမ္းအားေတြပါရွိၿပီး Dual-LED flash, HDR, panorama ဆိုတဲ့ functions ေတြကိုလည္း ထည့္သြင္းေပးထားပါတယ္။ ဒါ့အျပင္ အေရွ႕ကင္မရာကလည္း Motorized pop-up 16 MP, f/2.0, 26mm (wide), 1/3.1″, 1.0µm စြမ္းအားေတြကို ေထာက္ပံ့ေပးထားတာေၾကာင့္ အေရွ႕ကင္မရာေရာ အေနာက္ကင္မရာကပါ အရည္အေသြး အလြန္ေကာင္းမြန္တဲ့ ဓာတ္ပံုေတြနဲ႔ ဗီဒီယုိေတြကို အေကာင္းဆံုး ႐ိုက္ကူးေပးႏုိင္ပါတယ္။ ဖုန္းလံုၿခံဳေရးပိုင္းအတြက္လည္း Fingerprint (under display) စနစ္ပါရွိလုိ႔ စမတ္က်က် အသံုးျပဳႏုိင္ပါတယ္။ ၎ဖုန္းကို ေရြးခ်ယ္ဝယ္ယူႏုိင္မယ့္ အေရာင္ေတြကေတာ့ Luminous Black, Ocean Blue နဲ႔ Sunset Pink ဆိုတဲ့ အမဲေရာင္၊ အျပာေရာင္နဲ႔ ပန္းေရာင္ စုစုေပါင္း အေရာင္ 3 မ်ိဳးပဲ ျဖစ္ပါတယ္။

(1). Design

တည္ေဆာက္ပံုဒီဇုိင္းက က်စ္က်စ္လ်စ္လ်စ္နဲ႔ ေတာင့္တင္းခုိင္မာၿပီး သစ္လြင္ေတာက္ပေနတဲ့ ေနာက္ဆံုးေပၚ ကိုယ္ထည္ဒီဇုိင္းေၾကာင့္ ဆြဲေဆာင္မႈလည္း ရွိပါတယ္။ အေရွ႕ဘက္မ်က္ႏွာျပင္က က်ယ္ျပန္႔ရွင္းလင္းမႈရွိသလို ေနာက္ေက်ာဘက္ကလည္း ေခတ္မီဆန္းသစ္မႈ ရွိပါတယ္။

(2). Processor

ဖုန္းစြမ္းေဆာင္ရည္ပိုင္းအတြက္ Qualcomm SDM730 Snapdragon 730G (8 nm) chipset နဲ႔ RAM 8GB ပါရွိတဲ့ Octa-core (2×2.2 GHz Kryo 470 Gold & 6×1.8 GHz Kryo 470 Silver) processor တို႔ကို ပ့ံပိုးထားတာေၾကာင့္ လ်င္ျမန္တိက်တဲ့ လုပ္ေဆာင္ခ်က္ေတြကို ေပးစြမ္းႏိုင္သလို ႐ုပ္ထြက္ပိုင္းအတြက္လည္း အဆင့္ျမင့္ Adreno 618 GPU ကို သံုးထားပါတယ္။

(3). Display and Camera

6.5-inch က်ယ္တဲ့ မ်က္ႏွာျပင္ကို AMOLED capacitive touchscreen, 16M colors display နဲ႔ ျပဳလုပ္ထားၿပီး Full HD ျမင္ကြင္းစြမ္းအားေတြကို အျပည့္အဝ ရရွိႏိုင္မွာပါ။ ၎မွာ Quad 48MP + 13MP + 8MP + 2MP ရွိတဲ့ အေနာက္ကင္မရာနဲ႔ 16MP ရွိတဲ့ အေရွ႕ selfie ကင္မရာတုိ႔ကို တပ္ဆင္ထားၿပီး အလြန္အသံုးဝင္တဲ့ features ေတြလည္း ပါရွိပါတယ္။

(4). Verdict

OPPO Reno 2 စမတ္ဖုန္းဟာ တကယ့္အရည္အေသြးျမင့္ ကင္မရာဖုန္းတစ္လံုးျဖစ္ၿပီး ဒီဇုိင္းပိုင္းမွာေရာ စက္စြမ္းေဆာင္ရည္ပုိင္းမွာပါ အေကာင္းဆံုး User Experiences ေတြကို ေပးစြမ္းႏိုင္တာေၾကာင့္ ေပးရတဲ့ေစ်းႏႈန္းနဲ႔ သံုးစြဲရတာ ထိုက္တန္မႈ ရွိပါတယ္။

(5). Battery Life

ဘက္ထရီစြမ္းအားအေနနဲ႔ေတာ့ Non-removable Li-Po 4000 mAh battery ကို ထည့္သြင္းေပးထားလုိ႔ လုပ္ေဆာင္ခ်က္ေတြ ေတာ္ေတာ္မ်ားမ်ားကို အခ်ိန္ၾကာျမင့္စြာ ျပဳလုပ္ႏုိင္မွာပါ။ ဒါ့အျပင္ ဖုန္းအားသြင္းျမန္ဆန္တဲ့ Fast battery charging 20W (VOOC Flash Charge 3.0) စနစ္လည္း ပါရွိပါေသးတယ္။

(6). Specification

» Network : GSM/HSPA/LTE (Hybrid Dual SIM)
» Weight : 189 g
» Display : 6.5″, AMOLED capacitive touchscreen
» Resolution : 1080 x 2400 pixels, 20:9 ratio (~401 ppi)
» Dimensions : 160 x 74.3 x 9.5 mm
» Memory : 256GB, 8GB RAM
» Camera : Quad 48MP, f/1.7, 1/2.0″, 0.8µm, 13MP, f/2.4, 1/3.4″, 1.0µm PDAF, 8MP, f/2.2, 13mm, 1/3.2″, 1.4µm, 2MP B/W, f/2.4, 1/5″, 1.75µm, Dual-LED flash, HDR, panorama, Selfie : Motorized pop-up 16Mp, f/2.0
» OS : Android 9.0 (Pie); ColorOS 6.1
» Chipset : Qualcomm SDM730 Snapdragon 730G
» CPU : Octa-core (2×2.2 GHz Kryo 470 Gold & 6×1.8 GHz Kryo 470)
» GPU : Adreno 618
» Sensor : Fingerprint (Under-dispaly optical), accelerometer

» Price : 799,900 Ks

» Contact Phone : 09-785222888 (Win Mobile World)

NetGuide Journal (Every Wednesday)