ပြီးခဲ့တဲ့ စက်တင်ဘာလလောက်က Huawei ရဲ့ upper mid range ဖုန်းတစ်လုံးဖြစ်တဲ့ Huawei Nova 5T ကို တရားဝင်မိတ်ဆက်ပေးခဲ့ပြီး အခုဆိုရင် ၎င်းဖုန်းကို မြန်မာနိုင်ငံမိုဘိုင်းဖုန်းစျေးကွက်ထဲမှာ စတင်ဝယ်ယူနိုင်ပါပြီ။ အလယ်အလတ်တန်းစား စမတ်ဖုန်းတွေထဲမှာ Huawei ရဲ့ Nova Series ကလည်း လူကြိုက်များကြတာကြောင့် ဒီတစ်ခေါက်ထွက်လာတဲ့ ဖုန်းအသစ်ကလည်း လူတိုင်းနှစ်သက်သဘောကျစေမယ့် Specs တွေနဲ့ Features တွေကို ထည့်သွင်းပေးထားပါတယ်။ ၎င်းဖုန်းရဲ့ အားသာချက်တွေကတော့ ကျယ်ပြန့်တဲ့ All View Display ၊ စွမ်းအားအမြင့်မားဆုံး အနောက်ကင်မရာ ၊ အရည်အသွေးမြင့် CPU တွေကို အသုံးပြုထားခြင်းတွေပါပဲ။ ဒါ့အပြင် ဒီဇိုင်းပုံစံကလည်း ခေတ်မီဆန်းသစ်မှုရှိပြီး ဖုန်းထဲမှာ Data တွေကို သိုလှောင်နိုင်စွမ်းအားလည်း မြင့်မားပါတယ်။ ဖုန်းလိုင်းဆွဲအားကောင်းမွန်ပြီး အင်တာနက်အသုံးပြုရတာလည်း လျင်မြန်မှု ရှိပါတယ်။ ၎င်းဖုန်းကို GSM, HSPA နဲ့ LTE networks တွေမှာ သုံးနိုင်ပြီး Nano Dual SIM စနစ်ဖြစ်တာကြောင့် Nano SIM card 2 card ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်ပါတယ်။

(1). Design & Build

ဒီဇိုင်းပုံစံက ခေတ်မီဆန်းသစ်မှုရှိပြီး အရောင်အတွဲအစပ်ပုံစံလေးတွေကလည်း ဆွဲဆောင်မှုရှိတာကြောင့် တစ်ချက်ကြည့်လိုက်တာနဲ့ အရည်အသွေးမြင့် စမတ်ဖုန်းတစ်လုံးမှန်း သိသာစေပါတယ်။ အရှေ့ဘက်မျက်နှာပြင်နဲ့ နောက်ကျောဘက်ကို အလွန်အကြမ်းခံတဲ့ Glass တွေနဲ့ ပြုလုပ်ထားပြီး ဘေးဘောင်တွေကိုတော့ ခိုင်ခံ့တဲ့ အလူမီနီယံနဲ့ တည်ဆောက်ပေးထားပါတယ်။ အရှေ့မျက်နှာပြင်အပေါ်ညာဘက်ထောင့်လေးမှာ အရှေ့ဘက်ကင်မရာအတွက် Notch အဝိုင်းသေးသေးလေးသာပါရှိတာကြောင့် ထောက်ပံ့ပေးထားတဲ့ မျက်နှာပြင်အရွယ်အစားအတိုင်း ကြည်လင်ပြတ်သားတဲ့ မြင်ကွင်းတွေကို ကြည့်ရှုနိုင်မှာပါ။ နောက်ကျောဘက်မှာ အနောက်ကင်မရာ 4 လုံးနဲ့ LED Flash မီးလုံးတို့ကို ဒေါင်လိုက်တပ်ဆင်ပေးထားပြီး ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်တဲ့ Fingerprint Sensor က ဘေးဘက်မှာ တပ်ဆင်ပေးထားပါတယ်။ ထုံးစံအတိုင်းပဲ ပါဝါခလုတ်နဲ့ အသံအတိုးအကျယ်ခလုတ်တွေကတော့ ညာဘက်ဘေးဘောင်မှာ တည်ရှိပါတယ်။ ဖုန်းအရွယ်အစားက 154.3 x 74 x 7.8 mm ရှိပြီး ရွေးချယ်ဝယ်ယူနိုင်မယ့် အရောင်တွေကတော့ အမဲရောင်၊ အပြာရောင်နဲ့ ခရမ်းရောင်တွေပဲ ဖြစ်ပါတယ်။

(2). Display

မျက်နှာပြင်က 6.26 inch အကျယ်ရှိပြီး IPS LCD capacitive touchscreen, 16M colors display နဲ့ ပြုလုပ်ထားပါတယ်။ ၎င်းက 1080 x 2340 pixels စွမ်းအားရှိတဲ့ မြင်ကွင်းတွေကို ပြသနိုင်တာကြောင့် ကြည်လင်ပြတ်သားတဲ့ မြင်ကွင်းတွေကိုလည်း ပြသနိုင်ပါတယ်။ ဒါ့အပြင် မျက်နှာပြင်ပေါ်မှာ Multi-touch စနစ်လည်းပါရှိလို့ လုပ်ဆောင်ချက်တွေကို တစ်ပြိုက်နက်တည်း ပြုလုပ်နိုင်ပါတယ်။

(3). Operating System and Camera

အထဲမှာ နောက်ဆုံးပေါ် Android 9.0 (Pie) ကို အခြေခံထားတဲ့ EMUI 9.1 User Interface ကို run ထားပါတယ်။ အနောက်ကင်မရာက 48MP, f/1.8, 28mm (wide), 1/2″, 0.8µm, PDAF + 16 MP, f/2.2, 13mm (ultrawide), 1/3.1″ + 2 MP, f/2.4, 27mm (wide), dedicated macro camera + 2 MP, f/2.4, depth sensor ပါရှိပြီး အရှေ့ကင်မရာက 32 MP, f/2.0, 0.8µm စွမ်းအားတွေ ပါရှိပါတယ်။

(4). Performance

ဖုန်းစွမ်းဆောင်ရည်ပိုင်းအတွက် နောက်ဆုံးပေါ် အဆင့်မြင့် HiSilicon Kirin 980 (7 nm) chipset နဲ့ Octa-core (2×2.6 GHz Cortex-A76 & 2×1.92 GHz Cortex-A76 & 4×1.8 GHz Cortex-A55 Chipset နဲ့ Mali-G76 MP10 GPU ကို သုံးထားပါတယ်။ ဒါကြောင့် အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပေးစွမ်းနိုင်လို့ နောက်ဆုံးပေါ် Apps တွေနဲ့ ဂိမ်းတွေကို အကောင်းဆုံး အသုံးပြုနိုင်ပြီး ရုပ်ထွက်တွေကလည်း အထူးကောင်းမွန်ပါတယ်။

(5). Battery

ဘက်ထရီစွမ်းအားအနေနဲ့တော့ Non-removable Li-Po 3750 mAh battery ကိုထည့်ထားပြီး အားသွင်းမြန်တဲ့ Fast battery charging 22.5W စနစ်လည်းပါရှိလို့ မိနစ် 20 ကျော်အတွင်းမှာ ဖုန်းဘက်ထရီစွမ်းအား 50 ရာခိုင်နှုန်းကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

(6). Specification

» Display : 6.26 inches, IPS LCD capacitive touchscreen
» Memory : 128GB, 6GB RAM, (No Card Slot)
» Camera : Quad : 48+16+2+2 MP / Single : 32 MP (Front)
» OS : Android 9.0 (Pie)
» Battery : Non-removable Li-Po 3750 mAh battery

» Price : 599,000 Ks

» Phone : 09-785222888 (Win Mobile World)

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Huawei Nova 5T

ၿပီးခဲ့တဲ့ စက္တင္ဘာလေလာက္က Huawei ရဲ႕ upper mid range ဖုန္းတစ္လံုးျဖစ္တဲ့ Huawei Nova 5T ကို တရားဝင္မိတ္ဆက္ေပးခဲ့ၿပီး အခုဆိုရင္ ၎ဖုန္းကို ျမန္မာႏုိင္ငံမိုဘိုင္းဖုန္းေစ်းကြက္ထဲမွာ စတင္ဝယ္ယူႏုိင္ပါၿပီ။ အလယ္အလတ္တန္းစား စမတ္ဖုန္းေတြထဲမွာ Huawei ရဲ႕ Nova Series ကလည္း လူႀကိဳက္မ်ားၾကတာေၾကာင့္ ဒီတစ္ေခါက္ထြက္လာတဲ့ ဖုန္းအသစ္ကလည္း လူတိုင္းႏွစ္သက္သေဘာက်ေစမယ့္ Specs ေတြနဲ႔ Features ေတြကို ထည့္သြင္းေပးထားပါတယ္။ ၎ဖုန္းရဲ႕ အားသာခ်က္ေတြကေတာ့ က်ယ္ျပန္႔တဲ့ All View Display ၊ စြမ္းအားအျမင့္မားဆံုး အေနာက္ကင္မရာ ၊ အရည္အေသြးျမင့္ CPU ေတြကို အသံုးျပဳထားျခင္းေတြပါပဲ။ ဒါ့အျပင္ ဒီဇုိင္းပံုစံကလည္း ေခတ္မီဆန္းသစ္မႈရွိၿပီး ဖုန္းထဲမွာ Data ေတြကို သိုေလွာင္ႏုိင္စြမ္းအားလည္း ျမင့္မားပါတယ္။ ဖုန္းလုိင္းဆြဲအားေကာင္းမြန္ၿပီး အင္တာနက္အသံုးျပဳရတာလည္း လ်င္ျမန္မႈ ရွိပါတယ္။ ၎ဖုန္းကို GSM, HSPA နဲ႔ LTE networks ေတြမွာ သံုးႏိုင္ၿပီး Nano Dual SIM စနစ္ျဖစ္တာေၾကာင့္ Nano SIM card 2 card ကို တစ္ၿပိဳင္နက္တည္း ထည့္သံုးႏိုင္ပါတယ္။

(1). Design & Build

ဒီဇုိင္းပံုစံက ေခတ္မီဆန္းသစ္မႈရွိၿပီး အေရာင္အတြဲအစပ္ပံုစံေလးေတြကလည္း ဆြဲေဆာင္မႈရွိတာေၾကာင့္ တစ္ခ်က္ၾကည့္လုိက္တာနဲ႔ အရည္အေသြးျမင့္ စမတ္ဖုန္းတစ္လံုးမွန္း သိသာေစပါတယ္။ အေရွ႕ဘက္မ်က္ႏွာျပင္နဲ႔ ေနာက္ေက်ာဘက္ကို အလြန္အၾကမ္းခံတဲ့ Glass ေတြနဲ႔ ျပဳလုပ္ထားၿပီး ေဘးေဘာင္ေတြကိုေတာ့ ခုိင္ခံ့တဲ့ အလူမီနီယံနဲ႔ တည္ေဆာက္ေပးထားပါတယ္။ အေရွ႕မ်က္ႏွာျပင္အေပၚညာဘက္ေထာင့္ေလးမွာ အေရွ႕ဘက္ကင္မရာအတြက္ Notch အဝိုင္းေသးေသးေလးသာပါရွိတာေၾကာင့္ ေထာက္ပံ့ေပးထားတဲ့ မ်က္ႏွာျပင္အရြယ္အစားအတိုင္း ၾကည္လင္ျပတ္သားတဲ့ ျမင္ကြင္းေတြကို ၾကည့္႐ႈႏုိင္မွာပါ။ ေနာက္ေက်ာဘက္မွာ အေနာက္ကင္မရာ 4 လံုးနဲ႔ LED Flash မီးလံုးတို႔ကို ေဒါင္လုိက္တပ္ဆင္ေပးထားၿပီး ယံုၾကည္စိတ္ခ်စြာ အသံုးျပဳႏုိင္တဲ့ Fingerprint Sensor က ေဘးဘက္မွာ တပ္ဆင္ေပးထားပါတယ္။ ထံုးစံအတိုင္းပဲ ပါဝါခလုတ္နဲ႔ အသံအတိုးအက်ယ္ခလုတ္ေတြကေတာ့ ညာဘက္ေဘးေဘာင္မွာ တည္ရွိပါတယ္။ ဖုန္းအရြယ္အစားက 154.3 x 74 x 7.8 mm ရွိၿပီး ေရြးခ်ယ္ဝယ္ယူႏုိင္မယ့္ အေရာင္ေတြကေတာ့ အမဲေရာင္၊ အျပာေရာင္နဲ႔ ခရမ္းေရာင္ေတြပဲ ျဖစ္ပါတယ္။

(2). Display

မ်က္ႏွာျပင္က 6.26 inch အက်ယ္ရွိၿပီး IPS LCD capacitive touchscreen, 16M colors display နဲ႔ ျပဳလုပ္ထားပါတယ္။ ၎က 1080 x 2340 pixels စြမ္းအားရွိတဲ့ ျမင္ကြင္းေတြကို ျပသႏုိင္တာေၾကာင့္ ၾကည္လင္ျပတ္သားတဲ့ ျမင္ကြင္းေတြကိုလည္း ျပသႏိုင္ပါတယ္။ ဒါ့အျပင္ မ်က္ႏွာျပင္ေပၚမွာ Multi-touch စနစ္လည္းပါရွိလုိ႔ လုပ္ေဆာင္ခ်က္ေတြကို တစ္ၿပိဳက္နက္တည္း ျပဳလုပ္ႏိုင္ပါတယ္။

(3). Operating System and Camera

အထဲမွာ ေနာက္ဆံုးေပၚ Android 9.0 (Pie) ကို အေျခခံထားတဲ့ EMUI 9.1 User Interface ကို run ထားပါတယ္။ အေနာက္ကင္မရာက 48MP, f/1.8, 28mm (wide), 1/2″, 0.8µm, PDAF + 16 MP, f/2.2, 13mm (ultrawide), 1/3.1″ + 2 MP, f/2.4, 27mm (wide), dedicated macro camera + 2 MP, f/2.4, depth sensor ပါရွိၿပီး အေရွ႕ကင္မရာက 32 MP, f/2.0, 0.8µm စြမ္းအားေတြ ပါရွိပါတယ္။

(4). Performance

ဖုန္းစြမ္းေဆာင္ရည္ပိုင္းအတြက္ ေနာက္ဆံုးေပၚ အဆင့္ျမင့္ HiSilicon Kirin 980 (7 nm) chipset နဲ႔ Octa-core (2×2.6 GHz Cortex-A76 & 2×1.92 GHz Cortex-A76 & 4×1.8 GHz Cortex-A55 Chipset နဲ႔ Mali-G76 MP10 GPU ကို သံုးထားပါတယ္။ ဒါေၾကာင့္ အေကာင္းဆံုး စြမ္းေဆာင္ရည္ေတြကို ေပးစြမ္းႏိုင္လုိ႔ ေနာက္ဆံုးေပၚ Apps ေတြနဲ႔ ဂိမ္းေတြကို အေကာင္းဆံုး အသံုးျပဳႏုိင္ၿပီး ႐ုပ္ထြက္ေတြကလည္း အထူးေကာင္းမြန္ပါတယ္။

(5). Battery

ဘက္ထရီစြမ္းအားအေနနဲ႔ေတာ့ Non-removable Li-Po 3750 mAh battery ကိုထည့္ထားၿပီး အားသြင္းျမန္တဲ့ Fast battery charging 22.5W စနစ္လည္းပါရွိလုိ႔ မိနစ္ 20 ေက်ာ္အတြင္းမွာ ဖုန္းဘက္ထရီစြမ္းအား 50 ရာခုိင္ႏႈန္းကို ျပန္လည္ျဖည့္တင္းေပးႏိုင္ပါတယ္။

(6). Specification

» Display : 6.26 inches, IPS LCD capacitive touchscreen
» Memory : 128GB, 6GB RAM, (No Card Slot)
» Camera : Quad : 48+16+2+2 MP / Single : 32 MP (Front)
» OS : Android 9.0 (Pie)
» Battery : Non-removable Li-Po 3750 mAh battery

» Price : 599,000 Ks

» Phone : 09-785222888 (Win Mobile World)

NetGuide Journal (Every Wednesday)