ယခုတစ်ပတ်အတွက် ထွက်ရှိလာတဲ့ အခွေကတော့ ကားဂိမ်မာတွေ အကြိုက်တွေ့စေမယ့် ထရပ်ကားဂိမ်း FIA European Truck Racing Championship ဆိုတဲ့ အခွေလေးပဲ ဖြစ်ပါတယ်။ ဒီခွေလေးကို ရေးဆွဲဖန်တီးပေးထားတဲ့ Developer ကတော့ N-RACING အုပ်စုဖြစ်ပြီး ဖြန့်ချိပေးတဲ့ Publisher ကတော့ Bigben Interactive ကုမ္ပဏီပါ။
ဒီဂိမ်းလေးမှာ နောက်ခံအနေနဲ့ အမေရိကန်၊ ဂျပန် အစရှိတဲ့ ဥရောပ၊ အာရှ၊ အမေရိက နာမည်ကျော်နိုင်ငံတွေရဲ့ Landmark တွေ Circuit တွေ စုံလင်အောင်ဖန်တီးပေးထားပြီး Circuit ပေါင်း 14 ခု ပါ၀င်မှာ ဖြစ်ပါတယ်။ အသင်းပေါင်း 20 ဖန်တီးပေးထားပြီး ချန်ပီယံအသင်းအရွေးခံရတာတွေ၊ အကောင်းဆုံးဒရိုင်ဘာရရှိရေး ယှဉ်ပြိုင်ရတာတွေ ပြုလုပ်ရပါမယ်။
ထရပ်ကားရဲ့ အလေးချိန်ကိုချိန်ဆပြီး ကွေ့ရတာတွေ၊ စတီယာရင် အယူအဆတွေ၊ တာယာကောင်းမကောင်း ဆုံးဖြတ်ရတာတွေနဲ့ အပြင်လက်တွေကလိုမျိုး အပူလွန်ကဲပြီး ဘရိတ်ပေါက်တာတွေ မဖြစ်အောင် Real Life ပုံစံမျိုးနဲ့ ကစားရမှာပါ။ 5 တန် သယ်ဆောင်ပြီး 1000 HP အထိ ပါဝါတင်နိုင်တဲ့ Volvo, Man, Freightliner, Western Star အစရှိတဲ့ နာမည်ကျော် ထရပ်ကားအမျိုးအစား မော်ဒယ်အလန်းစား 50 နီးပါး ရွေးချယ်ခွင့်ရမှာဖြစ်ပြီး အခြားအပိုပစ္စည်း Accessories တွေကိုတော့ Upgrade လုပ်ခွင့်ရမှာ ဖြစ်ပါတယ်။
Single Player အနေနဲ့ကတော့ Mode 5 ခု ပါ၀င်မှာဖြစ်ပြီး ဂိမ်းစျေးကွက်ရဲ့အသက် Multiplayer ပိုင်းမှာတော့ 12 ဦးထိ ကစားနိုင်တဲ့ Mode 3 မျိုး ဖန်တီးပေးထားမှာပါ။
FIA European Truck Racing Championship အခွေလေးကို ကစားမယ်ဆိုရင်တော့ OS : Windows 7 64 bits, Processor : Intel Core i3-540 or AMD Phenom II X4 940, Memory : 4GB RAM, Graphics : Nvidia GeForce GTX 460 2GB or AMD Radeon HD 5870 2GB, DirectX : Version 11, Storage : 12GB အနည်းဆုံး လိုအပ်မှာဖြစ်ပြီး အမြို့မြို့အနယ်နယ်တိုင်းက Excellent Softwares & Games ဆိုင်တိုင်းမှာ ၀ယ်ယူရရှိနိုင်ပြီဖြစ်တဲ့အကြောင်း သတင်းကောင်းလေး ပေးလိုက်ရပါတယ်။
စာရေးသူ : GT (Excellent)

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

FIA European Truck Racing Championship (PC)

ယခုတစ္ပတ္အတြက္ ထြက္ရွိလာတဲ့ အေခြကေတာ့ ကားဂိမ္မာေတြ အႀကိဳက္ေတြ႕ေစမယ့္ ထရပ္ကားဂိမ္း FIA European Truck Racing Championship ဆိုတဲ့ အေခြေလးပဲ ျဖစ္ပါတယ္။ ဒီေခြေလးကို ေရးဆြဲဖန္တီးေပးထားတဲ့ Developer ကေတာ့ N-RACING အုပ္စုျဖစ္ၿပီး ျဖန္႔ခ်ိေပးတဲ့ Publisher ကေတာ့ Bigben Interactive ကုမၸဏီပါ။
ဒီဂိမ္းေလးမွာ ေနာက္ခံအေနနဲ႔ အေမရိကန္၊ ဂ်ပန္ အစရွိတဲ့ ဥေရာပ၊ အာရွ၊ အေမရိက နာမည္ေက်ာ္ႏိုင္ငံေတြရဲ႕ Landmark ေတြ Circuit ေတြ စံုလင္ေအာင္ဖန္တီးေပးထားၿပီး Circuit ေပါင္း 14 ခု ပါ၀င္မွာ ျဖစ္ပါတယ္။ အသင္းေပါင္း 20 ဖန္တီးေပးထားၿပီး ခ်န္ပီယံအသင္းအေရြးခံရတာေတြ၊ အေကာင္းဆံုးဒ႐ိုင္ဘာရရွိေရး ယွဥ္ၿပိဳင္ရတာေတြ ျပဳလုပ္ရပါမယ္။
ထရပ္ကားရဲ႕ အေလးခ်ိန္ကိုခ်ိန္ဆၿပီး ေကြ႕ရတာေတြ၊ စတီယာရင္ အယူအဆေတြ၊ တာယာေကာင္းမေကာင္း ဆံုးျဖတ္ရတာေတြနဲ႔ အျပင္လက္ေတြကလိုမ်ိဳး အပူလြန္ကဲၿပီး ဘရိတ္ေပါက္တာေတြ မျဖစ္ေအာင္ Real Life ပံုစံမ်ိဳးနဲ႔ ကစားရမွာပါ။ 5 တန္ သယ္ေဆာင္ၿပီး 1000 HP အထိ ပါဝါတင္ႏိုင္တဲ့ Volvo, Man, Freightliner, Western Star အစရွိတဲ့ နာမည္ေက်ာ္ ထရပ္ကားအမ်ိဳးအစား ေမာ္ဒယ္အလန္းစား 50 နီးပါး ေရြးခ်ယ္ခြင့္ရမွာျဖစ္ၿပီး အျခားအပိုပစၥည္း Accessories ေတြကိုေတာ့ Upgrade လုပ္ခြင့္ရမွာ ျဖစ္ပါတယ္။
Single Player အေနနဲ႔ကေတာ့ Mode 5 ခု ပါ၀င္မွာျဖစ္ၿပီး ဂိမ္းေစ်းကြက္ရဲ႕အသက္ Multiplayer ပိုင္းမွာေတာ့ 12 ဦးထိ ကစားႏိုင္တဲ့ Mode 3 မ်ိဳး ဖန္တီးေပးထားမွာပါ။
FIA European Truck Racing Championship အေခြေလးကို ကစားမယ္ဆိုရင္ေတာ့ OS : Windows 7 64 bits, Processor : Intel Core i3-540 or AMD Phenom II X4 940, Memory : 4GB RAM, Graphics : Nvidia GeForce GTX 460 2GB or AMD Radeon HD 5870 2GB, DirectX : Version 11, Storage : 12GB အနည္းဆံုး လိုအပ္မွာျဖစ္ၿပီး အၿမိဳ႕ၿမိဳ႕အနယ္နယ္တိုင္းက Excellent Softwares & Games ဆိုင္တိုင္းမွာ ၀ယ္ယူရရွိႏိုင္ၿပီျဖစ္တဲ့အေၾကာင္း သတင္းေကာင္းေလး ေပးလိုက္ရပါတယ္။
စာေရးသူ : GT (Excellent)

NetGuide Journal (Every Wednesday)