အိန္ဒိယရဲ့ နာမည်ကျော် e-commerce ဆိုက်ဖြစ်တဲ့ Flipkart ကနေ လာမယ့် ၂၀ ရက်နေ့မှာ ထွက်လာမယ့် Realme 5s ဖုန်းနဲ့ပတ်သတ်ပြီး အချက်အလက်တွေကို တင်ပေးနေပါတယ်။ နိုဝင်ဘာ ၂၀ရက်နေ့မှာ ထွက်လာမယ့် အဲ့ဒီစမတ်ဖုန်းမှာ 48MP quad camera သုံးထားမယ်လို့ သိရပါတယ်။ ပြီးတော့ waterdrop notch display ကိုအရှေ့ဘက်မှာ မြင်ရမှာပါ။ ဒါဟာ သိပ်အံ့သြစရာ ကိစ္စတော့ မဟုတ်ပါဘူး။
Flipkart ရဲ့စာမျက်နှာမှာ Realme 5s ဖုန်းနဲ့ ပတ်သတ်လို့ နောက်ထပ် အချက်အလက်တခုကိုပါ တွေ့လိုက်ရပါသေးတယ်။ အဲ့ဒါကတော့ ဒီဖုန်းမှာ 5,000 mAh ဘက်ထရီစွမ်းအား သုံးလာမယ်ဆိုတာပါ။blue shade ကာလာမျိုးဖြစ်ပြီး ဖုန်းကို အနီရောင်နဲ့ အပြာရောင် ၂ မျိုး ထုတ်ပေးဖို့ များပါတယ်။ မကြာခင် အချိန်မှာ Flipkart ကနေပဲ Realme 5s ဖုန်းနဲ့ပတ်သတ်တဲ့ အခြားအချက်အလက်တွေ ထပ်မံတင်ပေးနိုင်ပါသေးတယ်။
Realme 5s ဖုန်းနဲ့ပတ်သတ်လို့ ပေါက်ကြားထွက်ရှိထားတဲ့ အချက်အလက်တွေကတော့ သူ့မှာ 6.50လက်မမျက်နှာပြင်နဲ့ဖြစ်ပြီး ပရိုဆက်ဆာကတော့ snapdragon 665AIE သုံးထားမှာဖြစ်ပါတယ်။ကင်မရာ ၄ လုံးဆိုတဲ့နေရာမှာ 48MP, 8MP , 2 MP နဲ့ 2MP တွေပဲဖြစ်ပါတယ်။

Realme 5s တွင် 5,000 mAh ဘက်ထရီသုံးလာမည်
