Xiaomi Redmi 8 နဲ့ Redmi 8A တို့ဟာ MIUI 11 Global Stable Update ရရှိလာပြီ ဖြစ်ပါတယ်။ ဖုန်းနှစ်မျိုးစလုံးဟာ 11.0.1.0.PCPINXM ဖြစ်ပါတယ်။ ဒါပေမယ့် ဖိုင်အရွယ်အစားက ကွာခြားပါတယ်။ Redmi 8 အတွက် ဖိုင်အရွယ်အစားက 600MB ဖြစ်ပြီး Redmi 8A အတွက် ဖိုင်အရွယ်အစားက 544MB ဖြစ်ပါတယ်။

Xiaomi Redmi 8 နဲ့ Redmi 8A တို့ဟာ Android 10 အခြေခံ MIUI 11 Update ရရှိလာတာမဟုတ်ဘဲ Android Pie အခြေခံ MIUI 11 Update ရရှိလာတာ ဖြစ်ပါတယ်။ ယခု Update မှာ အောက်တိုဘာလအတွက် လုံခြုံရေး တိုးမြှင့်မှုလည်း တပါတည်း ပါဝင်ပါတယ်။

Android 10 မရရှိပေမယ့် Xiaomi Redmi 8 နဲ့ Redmi 8A တို့ဟာ MIUI 11 မှာ အသုံးပြုနိုင်တဲ့စနစ်အမြောက်အမြား ပါဝင်တာကြောင့် စနစ်သစ်တွေ အများကြီး သုံးနိုင်ပါမယ်။ MIUI 11 မှာ ထူးခြားမှုများ အနေဖြင့် Dark Mode ၊ သဘာဝအသံ Ringtone ၊ အလျင်အမြန် Relies စနစ်တို့ ပါဝင်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Xiaomi Redmi 8 နဲ့ Redmi 8A တို့ MIUI 11 Global Stable Update ရရှိ



