Powerbank အမျိုးအစားကောင်းကောင်းကို လိုချင်တဲ့ မိဘပြည်သူတွေအနေနဲ့ ရွေးချယ်ဝယ်ယူသင့်သော Brand အမျိုးအစားလေး ဖြစ်ပါတယ်။ JOYROOM D-M208 30000 mAh Powerbank အမျိုးအစားဖြစ်တဲ့အတွက် တစ်ခါအားသွင်းထားရုံနဲ့ မိမိတို့ဖုန်းရဲ့ဘက်ထရီ အားကုန်နေတာတွေကို လျှင်လျှင်မြန်မြန်နဲ့ အားဖြည့်စေမှာပါ။ JOYROOM D-M208 Powerbank က 30000 mAh လုံး အပြည့်ပါတဲ့အပြင် ဖုန်းတွေကို အားသွင်းဖို့ 5V x 1A တစ်ပေါက်နဲ့ 5V x 2A တစ်ပေါက်ပါတာကြောင့် ဖုန်းနှစ်လုံးကိုလည်း တစ်ပြိုင်နက်တည်း အားသွင်းနိုင်ပြီး အားပမာဏကိုလည်း Digital နဲ့ ပြတာဆိုတော့ အသုံးပြုသူများကို အဆင်ပြေစေမှာ ဖြစ်ပါတယ်။ Powerbank ကို အားပြန်ဖြည့်ရင်လည်း 5V x 2A ကို Three Input Port (Type C, Lightning, Micro) Support ပေးတာကြောင့် ကြိုက်တာနဲ့ ပြန်ဖြည့်လို့ရပါတယ်။ 30000 mAh Powerbank ကို 5V x 2A နဲ့ အားပြန်သွင်းမယ်ဆိုရင် 10 နာရီဝန်းကျင်လောက်ပဲ ကြာတာဆိုတော့ ညဘက်အားသွင်းထားရင်လည်း မနက်ကျရင် အားပြန်ပြည့်နေမှာ ဖြစ်ပါတယ်။ တစ်ခါအားအပြည့်သွင်းထားလို့ အားအပြည့်ဆိုရင် iPhone X ကို 8 ကြိမ်၊ Samsung Galaxy S8 ကို 7 ကြိမ်ခွဲ၊ Mi 8 ကို 6 ကြိ်မ်ခွဲလောက် ပြန်သွင်းနိုင်ပြီး သာမန်ဖုန်းတွေအတွက်တော့ 10 ကြိမ်လောက် အသာလေးသွင်းနိုင်ပါတယ်။ ဒါ့အပြင် 1 နှစ်အာမခံလည်းပါ၀င်တာကြောင့် ၀ယ်ယူပြီးတော့ 1 နှစ်အတွင်းမှာ ပျက်ခဲ့ရင်လည်း အသစ်တစ်ခုနဲ့ ပြန်လဲလှယ်ပေးမှာ ဖြစ်ပါတယ်။
Price : 47,000 Ks
Digiwave Distribution,   Ph : 09-456100811
NetGuide Journal (Every Wednesday)
——————————————————————————————————–
(Zawgyi Version)
Toyroom D-M208 30000 mAh Powerbank
Price : 47,000 Ks