Samsung အနေနဲ့ နိုဝင်ဘာ ၁၉ ရက်နေ့ တရုတ်နိုင်ငံမှာ foldable phone အသစ်ကို ထုတ်ပြဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။ ကောလာဟလ သတင်းတွေအရ clamshell foldable phone ဖြစ်မယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့်လည်း အခြားသတင်းတွေမှာတော့ ဒါဟာW20 5G ဖုန်းဖြစ်မယ်လို့လည်း ပြောနေကြပါတယ်။ တကယ်တော့ Galaxy W20 ဟာ Galaxy Fold ဖုန်းရဲ့ 5G version ဖုန်းဖြစ်လာမှာပါ။
ဒီနေ့မှာတော့ Galaxy W20 5G ဖုန်းနဲ့ပတ်သတ်တဲ့ အချက်အလက်တွေ တရုတ်ဆက်သွယ်ရေး အေဂျင်ဆီ TENAA မှာထွက်ရှိလာပါတယ်။
ပြထားတဲ့ အချက်အလက်တွေအရ W20 5G ဟာအရွယ်အစား 160.9×117.9×6.9mm ရှိမယ်လို့ ဆိုပါတယ်။ 4.6 လက်မ ဒုတိယမျက်နှာပြင် တခုကိုလည်း ဒီစာရင်းထဲမှာ ထည့်ထားပါတယ်။
ဘက်ထရီကတော့ 4,135 mAh လို့သိရပါတယ်။ ဒါဟာ Galaxy Fold မှာသုံးထားတဲ့ 4,380 mAh ထက် လျော့နည်းတဲ့ ပမာဏပါ။
Samsung အနေနဲ့ Galaxy W20 ဖုန်းကို 19 ရက်နေ့မှာ တရားဝင်ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။ ဈေးနှုန်းနဲ့အခြား အသေးစိတ်အချက်တွေကိုတော့ မသိရသေးပါဘူး။ တရုတ်နိုင်ငံမှာ Galaxy Fold ရဲ့
လူကြိုက်များမှုပေါ် မူတည်ပြီး W20 5G လည်း မိတ်ဆက်တဲ့ အခါမှာ ချက်ချင်းရောင်းထွက်နိုင်ပါတယ်။

++++

TENAA စာရင္းကို ေရာက္လာတဲ့ Galaxy W20 5G စမတ္ဖုန္း

Samsung အေနနဲ႔ ႏိုဝင္ဘာ ၁၉ ရက္ေန႔ တ႐ုတ္ႏိုင္ငံမွာ foldable phone အသစ္ကို ထုတ္ျပဖို႔ ျပင္ဆင္လ်က္ရွိေနပါတယ္။ ေကာလာဟလ သတင္းေတြအရ clamshell foldable phone ျဖစ္မယ္လို႔ ဆိုၾကပါတယ္။ ဒါေပမယ့္လည္း အျခားသတင္းေတြမွာေတာ့ ဒါဟာW20 5G ဖုန္းျဖစ္မယ္လို႔လည္း ေျပာေနၾကပါတယ္။ တကယ္ေတာ့ Galaxy W20 ဟာ Galaxy Fold ဖုန္းရဲ႕ 5G version ဖုန္းျဖစ္လာမွာပါ။
ဒီေန႔မွာေတာ့ Galaxy W20 5G ဖုန္းနဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေတြ တ႐ုတ္ဆက္သြယ္ေရး ေအဂ်င္ဆီ TENAA မွာထြက္ရွိလာပါတယ္။
ျပထားတဲ့ အခ်က္အလက္ေတြအရ W20 5G ဟာအ႐ြယ္အစား 160.9×117.9×6.9mm ရွိမယ္လို႔ ဆိုပါတယ္။ 4.6 လက္မ ဒုတိယမ်က္ႏွာျပင္ တခုကိုလည္း ဒီစာရင္းထဲမွာ ထည့္ထားပါတယ္။
ဘက္ထရီကေတာ့ 4,135 mAh လို႔သိရပါတယ္။ ဒါဟာ Galaxy Fold မွာသုံးထားတဲ့ 4,380 mAh ထက္ ေလ်ာ့နည္းတဲ့ ပမာဏပါ။
Samsung အေနနဲ႔ Galaxy W20 ဖုန္းကို 19 ရက္ေန႔မွာ တရားဝင္ထုတ္ေပးေတာ့မွာ ျဖစ္ပါတယ္။ ေဈးႏႈန္းနဲ႔အျခား အေသးစိတ္အခ်က္ေတြကိုေတာ့ မသိရေသးပါဘူး။ တ႐ုတ္ႏိုင္ငံမွာ Galaxy Fold ရဲ႕
လူႀကိဳက္မ်ားမႈေပၚ မူတည္ၿပီး W20 5G လည္း မိတ္ဆက္တဲ့ အခါမွာ ခ်က္ခ်င္းေရာင္းထြက္ႏိုင္ပါတယ္။