Samsung အနေနဲ့ Galaxy S11 lineup ဖုန်းတွေကို ထုတ်လုပ်ဖို့ အတွက် ပြုလုပ်နေပြီ ဖြစ်ပါတယ်။ အခုဆိုရင် အဲ့ဒီဖုန်းမှာ ပါဝင်တဲ့ အချက်အလက်တွေတောင် ပေါက်ကြားထွက်ရှိ နေပါပြီ။ နောက်ဆုံး သတင်းတွေအရ စမတ်ဖုန်းတွေမှာ သုံးလာမယ့် အရှေ့ဘက်နဲ့ အနောက်ဘက် ပုံစံတွေတောင် သိရပါပြီ။ ကိုရီးယားဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ရုံးရဲ့ အဆိုအရ SAMOLED ကို ကုန်အမှတ်တံဆိပ်အဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
ပြောရမယ်ဆိုရင် ဆမ်ဆောင်းအနေနဲ့ Smartphone Displays category အသစ်ဖြစ်သွားမှာပါ။ တခြားပေါက်ကြားလာတဲ့ သတင်းအချက်အလက်တွေအရ ဖုန်းကို အနက်ရောင်၊ မီးခိုးရောင်နဲ့ အပြာရောင်ဆိုပြီး ရောင်းချလာမယ်လို့ သိရပါတယ်။ ဈေးသက်သာတဲ့ Galaxy S11e ကိုတော့ Blue, Grey နဲ့ Pink ဆိုပြီး ထုတ်လာမယ်လို့ သိရပါတယ်။
ဆမ်ဆောင်းအနေနဲ့ Galaxy S10 ကိုမိတ်ဆက်တဲ့ အချိန်တုန်းက HDR10+ အထောက်အပံ့ပါဝင်တဲ့ Dynamic AMOLED screen ကိုသုံးခဲ့တာပါ။ ပြောရမယ်ဆိုရင် အခုအသစ်သုံးလာမယ် SAMOLED ဆိုတာ Samsung နဲ့ OLED ပေါင်းစပ်လိုက်တာပဲ ဖြစ်ပါတယ်။ ပိုစွမ်းအားမြင့်တဲ့ refresh rate ကိုလည်း screen တွေမှာ ထောက်ပံ့လာနိုင်ပါတယ်။ Galaxy S11e ကို6.4-inch curved edge screen ၊ Galaxy S11 ကို 6.7-inch curved edge screen နဲ့ Galaxy S11 Plus ကို 6.9-inch curved edge screen တွေသုံးလာမယ်လို့ သိရပါတယ်။

++++

Galaxy S11 စမတ္ဖုန္းမွာ ပါဝင္မယ့္ အခ်က္အလက္မ်ား ေပါက္ၾကားထြက္ရွိလာ

Samsung အေနနဲ႔ Galaxy S11 lineup ဖုန္းေတြကို ထုတ္လုပ္ဖို႔ အတြက္ ျပဳလုပ္ေနၿပီ ျဖစ္ပါတယ္။ အခုဆိုရင္ အဲ့ဒီဖုန္းမွာ ပါဝင္တဲ့ အခ်က္အလက္ေတြေတာင္ ေပါက္ၾကားထြက္ရွိ ေနပါၿပီ။ ေနာက္ဆုံး သတင္းေတြအရ စမတ္ဖုန္းေတြမွာ သုံးလာမယ့္ အေရွ႕ဘက္နဲ႔ အေနာက္ဘက္ ပုံစံေတြေတာင္ သိရပါၿပီ။ ကိုရီးယားဉာဏပစၥည္းဆိုင္ရာ မူပိုင္ခြင့္႐ုံးရဲ႕ အဆိုအရ SAMOLED ကို ကုန္အမွတ္တံဆိပ္အျဖစ္ သတ္မွတ္ထားတယ္လို႔ ဆိုပါတယ္။
ေျပာရမယ္ဆိုရင္ ဆမ္ေဆာင္းအေနနဲ႔ Smartphone Displays category အသစ္ျဖစ္သြားမွာပါ။ တျခားေပါက္ၾကားလာတဲ့ သတင္းအခ်က္အလက္ေတြအရ ဖုန္းကို အနက္ေရာင္၊ မီးခိုးေရာင္နဲ႔ အျပာေရာင္ဆိုၿပီး ေရာင္းခ်လာမယ္လို႔ သိရပါတယ္။ ေဈးသက္သာတဲ့ Galaxy S11e ကိုေတာ့ Blue, Grey နဲ႔ Pink ဆိုၿပီး ထုတ္လာမယ္လို႔ သိရပါတယ္။
ဆမ္ေဆာင္းအေနနဲ႔ Galaxy S10 ကိုမိတ္ဆက္တဲ့ အခ်ိန္တုန္းက HDR10+ အေထာက္အပံ့ပါဝင္တဲ့ Dynamic AMOLED screen ကိုသုံးခဲ့တာပါ။ ေျပာရမယ္ဆိုရင္ အခုအသစ္သုံးလာမယ္ SAMOLED ဆိုတာ Samsung နဲ႔ OLED ေပါင္းစပ္လိုက္တာပဲ ျဖစ္ပါတယ္။ ပိုစြမ္းအားျမင့္တဲ့ refresh rate ကိုလည္း screen ေတြမွာ ေထာက္ပံ့လာႏိုင္ပါတယ္။ Galaxy S11e ကို6.4-inch curved edge screen ၊ Galaxy S11 ကို 6.7-inch curved edge screen နဲ႔ Galaxy S11 Plus ကို 6.9-inch curved edge screen ေတြသုံးလာမယ္လို႔ သိရပါတယ္။