ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက တရုတ်စမတ်ဖုန်းကုမ္ပဏီ Gionee ဟာ ဒေဝါလီခံခဲ့ရာကနေ ပြန်လည်ရုန်းထွက်ခဲ့ပါတယ်။ Gionee ရဲ့ အဓိကရှယ်ယာရှင်နှစ်ဦးက ကြွေးမြီများကို ရှင်းလင်းပြီး ပြန်လည်နလန်ထူခဲ့တာ ဖြစ်ပါတယ်။ ယင်းနောက်မှာ Gionee ဟာ Gold Quility and The World ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပြန်လည် ရှင်သန်လာခဲ့ပါတယ်။

Gionee ဟာ စမတ်ဖုန်း ဈေးကွက်သို့ မဝင်ရောက်မီမှာ ခေါက်ဖုန်း ဈေးကွက်သို့ အရင်ဆုံး ဝင်ရောက်လာပါတယ်။ Gionee ဟာ Gionee A326 ကို ကြေညာလာတာလည်း ဖြစ်ပါတယ်။

Gionee A326 မှာ မျက်နှာပြင် 6.2 လက်မ ရုပ်ထွက်ပါဝင်ပြီး MediaTek Helio P23 Processor နဲ့ ပါဝါထောက်ပံ့ထားပါမယ်။ ဘက်ထရီ 5000 mAh ပါဝင်ပြီး ကျောဘက်ကင်မရာနှစ်လုံး ပါဝင်ပါတယ်။ RAM4GB နဲ့ Storage 64GB ပါဝင်ပါတယ်။ ဈေးနှုန်းက ဒေါ်လာ 115 ဖြစ်ပါတယ်။

Gionee A326 ကို Twilight Black ၊ Starry Blue ၊ Elegant Red ၊ Walkin အရောင်တို့နဲ့ ရွေးချယ်နိုင်ပါမယ်။ အခု Gionee ပြန်လည် ပြန်လာမှုအပေါ်မှာ ပရိသတ်တွေ ဘယ်လိုမြင်လဲ။ နောက်ထပ် Gionee က ဆန်းသစ် တီထွင်လာမယ့် စမတ်ဖုန်းများကို စောင့်မျှော်နေပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

ဖုန္းေလာကသို႔ ျပန္လည္ဝင္ေရာက္လာၿပီျဖစ္တဲ့ Gionee

ၿပီးခဲ့တဲ့ ဩဂုတ္လတုန္းက တ႐ုတ္စမတ္ဖုန္းကုမၸဏီ Gionee ဟာ ေဒဝါလီခံခဲ့ရာကေန ျပန္လည္႐ုန္းထြက္ခဲ့ပါတယ္။ Gionee ရဲ့ အဓိကရွယ္ယာရွင္ႏွစ္ဦးက ေႂကြးၿမီမ်ားကို ရွင္းလင္းၿပီး ျပန္လည္နလန္ထူခဲ့တာ ျဖစ္ပါတယ္။ ယင္းေနာက္မွာ Gionee ဟာ Gold Quility and The World ဆိုတဲ့ ေဆာင္ပုဒ္နဲ႔ ျပန္လည္ ရွင္သန္လာခဲ့ပါတယ္။

Gionee ဟာ စမတ္ဖုန္း ေဈးကြက္သို႔ မဝင္ေရာက္မီမွာ ေခါက္ဖုန္း ေဈးကြက္သို႔ အရင္ဆုံး ဝင္ေရာက္လာပါတယ္။ Gionee ဟာ Gionee A326 ကို ေၾကညာလာတာလည္း ျဖစ္ပါတယ္။

Gionee A326 မွာ မ်က္ႏွာျပင္ 6.2 လက္မ ႐ုပ္ထြက္ပါဝင္ၿပီး MediaTek Helio P23 Processor နဲ႔ ပါဝါေထာက္ပံ့ထားပါမယ္။ ဘက္ထရီ 5000 mAh ပါဝင္ၿပီး ေက်ာဘက္ကင္မရာႏွစ္လုံး ပါဝင္ပါတယ္။ RAM4GB နဲ႔ Storage 64GB ပါဝင္ပါတယ္။ ေဈးႏွုန္းက ေဒၚလာ 115 ျဖစ္ပါတယ္။

Gionee A326 ကို Twilight Black ၊ Starry Blue ၊ Elegant Red ၊ Walkin အေရာင္တို႔နဲ႔ ေရြးခ်ယ္နိုင္ပါမယ္။ အခု Gionee ျပန္လည္ ျပန္လာမွုအေပၚမွာ ပရိသတ္ေတြ ဘယ္လိုျမင္လဲ။ ေနာက္ထပ္ Gionee က ဆန္းသစ္ တီထြင္လာမယ့္ စမတ္ဖုန္းမ်ားကို ေစာင့္ေမၽွာ္ေနပါတယ္။

NetGuide Journal (Every Wednesday)