နောက်ပိုင်းမှာ MediaTek ဟာ မိုဘိုင်း Chipset များကို အထူးအားစိုက် လုပ်ဆောင်လာပါတယ်။ ၎င်းတို့ဟာ သူတို့ရဲ့ Chipset သစ်များမှာ စွမ်းဆောင်ရည်ပိုင်း၊ စနစ်ပိုင်းတို့ကို အကောင်းဆုံးထောက်ပံ့နိုင်အောင် ကြိုးစားလာခဲ့ပါတယ်။ MediaTek ဟာ ဇူလိုင်လတုန်းက ဂိမ်းအသားပေး Chipset အဖြစ် MediaTek Helio G90 ကို ကြေညာခဲ့ပြီးနောက် 5G Chipset ထုတ်လုပ်နိုင်ရေးအတွက် အားစိုက်လုပ်ဆောင်လာခဲ့ပါတယ်။ ယခု သူတို့ဟာ အလယ်အလတ်တန်းနဲ့ အဆင့်မြင့် 5G Chipset များထုတ်လုပ်ဖို့ အဆင်သင့်အနေအထားသို့ ရောက်နေပြီ ဖြစ်ပါတယ်။

MediaTek ဟာ သူတို့ရဲ့ပထမဆုံး Chipset ဖြစ်တဲ့ Helio P70 ကို လာမယ့်နိုဝင်ဘာလ 26 ရက်နေ့မှာ မိတ်ဆက်သွားပါမယ်။ ယင်း Chipset ကို MediaTek Summit ကို ကျင်းပသွားပါမယ်။

MediaTek Helio P70 က အလယ်အလတ်တန်း Chipset ဖြစ်ပြီး Cortex-A77 Core နဲ့ Mali-G77 GPU ပါဝင်လာဖို့ ရှိပါတယ်။ 7nm FinFET Process ဖြင့် တည်ဆောက်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Chipset က SA/NSA Dual Mode 5G Modem ပါဝင်လာမလားဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

တတိယမျိုးဆက် AI Processing Engine ပါဝင်လာမှာဖြစ်ပြီး ကင်မရာပိုင်းကို 80MP အထိ ထောက်ပံ့လာမှာဖြစ်ကာ ဗီဒီယိုရိုက်ကူးမှုကို 4K@60fps ဖြင့် ထောက်ပံ့လာပါမယ်။

MediaTek Helio P70 ကို 2020 ခုနှစ် ပထမသုံးလအတွင်းမှာ ထွက်လာမယ့် OPPO နဲ့ Vivo စမတ်ဖုန်းများမှာ မြင်တွေ့ရဖို့ သေချာနေပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

နိုဝင္ဘာလ 26 ရက္တြင္ 5G Chipset သစ္ကို MediaTek ေၾကညာမည္

ေနာက္ပိုင္းမွာ MediaTek ဟာ မိုဘိုင္း Chipset မ်ားကို အထူးအားစိုက္ လုပ္ေဆာင္လာပါတယ္။ ၎တို႔ဟာ သူတို႔ရဲ့ Chipset သစ္မ်ားမွာ စြမ္းေဆာင္ရည္ပိုင္း၊ စနစ္ပိုင္းတို႔ကို အေကာင္းဆုံးေထာက္ပံ့နိုင္ေအာင္ ႀကိဳးစားလာခဲ့ပါတယ္။ MediaTek ဟာ ဇူလိုင္လတုန္းက ဂိမ္းအသားေပး Chipset အျဖစ္ MediaTek Helio G90 ကို ေၾကညာခဲ့ၿပီးေနာက္ 5G Chipset ထုတ္လုပ္နိုင္ေရးအတြက္ အားစိုက္လုပ္ေဆာင္လာခဲ့ပါတယ္။ ယခု သူတို႔ဟာ အလယ္အလတ္တန္းနဲ႔ အဆင့္ျမင့္ 5G Chipset မ်ားထုတ္လုပ္ဖို႔ အဆင္သင့္အေနအထားသို႔ ေရာက္ေနၿပီ ျဖစ္ပါတယ္။

MediaTek ဟာ သူတို႔ရဲ့ပထမဆုံး Chipset ျဖစ္တဲ့ Helio P70 ကို လာမယ့္နိုဝင္ဘာလ 26 ရက္ေန႔မွာ မိတ္ဆက္သြားပါမယ္။ ယင္း Chipset ကို MediaTek Summit ကို က်င္းပသြားပါမယ္။

MediaTek Helio P70 က အလယ္အလတ္တန္း Chipset ျဖစ္ၿပီး Cortex-A77 Core နဲ႔ Mali-G77 GPU ပါဝင္လာဖို႔ ရွိပါတယ္။ 7nm FinFET Process ျဖင့္ တည္ေဆာက္လာမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီ Chipset က SA/NSA Dual Mode 5G Modem ပါဝင္လာမလားဆိုတာကိုေတာ့ အတိအက် မသိရေသးပါဘူး။

တတိယမ်ိဳးဆက္ AI Processing Engine ပါဝင္လာမွာျဖစ္ၿပီး ကင္မရာပိုင္းကို 80MP အထိ ေထာက္ပံ့လာမွာျဖစ္ကာ ဗီဒီယိုရိုက္ကူးမွုကို 4K@60fps ျဖင့္ ေထာက္ပံ့လာပါမယ္။

MediaTek Helio P70 ကို 2020 ခုႏွစ္ ပထမသုံးလအတြင္းမွာ ထြက္လာမယ့္ OPPO နဲ႔ Vivo စမတ္ဖုန္းမ်ားမွာ ျမင္ေတြ႕ရဖို႔ ေသခ်ာေနပါတယ္။

NetGuide Journal (Every Wednesday)