Qualcomm ဟာ လာမယ့် ဒီဇင်ဘာလ 3 ရက်နေ့မှ ဒီဇင်ဘာလ 5 ရက်နေ့အထိ Snapdragon Tech Summit ကို ကျင်းပသွားပါမယ်။ ယင်းပွဲကို ဟာဝေယံမှ မော်ဝေမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ယင်းပွဲမှာ Qualcomm ဟာ လာမယ့်နှစ် စမတ်ဖုန်းများနဲ့ နည်းပညာပစ္စည်းများမှာ မြင်တွေ့ရမယ့် မျိုးဆက်သစ်နည်းပညာသစ်များကို မြင်တွေ့ရပါမယ်။

Qualcomm က မိတ်ဆက်လာမယ့် အရာတွေထဲမှာ လာမယ့် 2020 ခုနှစ် အဆင့်မြင့် စမတ်ဖုန်းများမှာ မြင်တွေ့ရ မယ့် Snapdragon 865 ကိုလည်းကြေညာလာပါမယ်။ Snapdragon 865 Chipset ကို အစောပိုင်းတုန်းက နိုဝင်ဘာလမှာဘဲ မိတ်ဆက်မယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ တရုတ်တန်ဖိုးကြီးပစ္စည်းများထုတ်လုပ်တဲ့ ကုမ္ပဏီ 8848 က လာမယ့် 2020 ခုနှစ်မှာ စတင် ရောင်းချလာမယ့် Titanium M6 5G မှာ အသုံးပြုလာမယ်လို့ ကြေညာထားပြီး ဖြစ်ပါတယ်။

Qualcomm ဟာ Snapdragon 865 ကို 4G နဲ့ 5G ဗားရှင်းဆိုပြီး ထုတ်လုပ်လာဖို့ ရှိနေပြီး CPU Cores သစ်နဲ့ Adreno GPU သစ် သုံးလာဖို့ရှိပါတယ်။ ဒါ့အပြင် LPDDR 5X RAM နဲ့ UFS 3.0 Flash Storage ပါဝင်လာဖို့ ရှိပါတယ်။

Snapdragon 865 Chipset ကို TSMC ရဲ့ 7nm FinFet Process ဖြင့် ဖန်တီးလာဖို့ ရှိပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

ဒီဇင္ဘာလ 3 ရက္ေန႔တြင္ Snapdragon 865 ကို Qualcomm မိတ္ဆက္မည္

Qualcomm ဟာ လာမယ့္ ဒီဇင္ဘာလ 3 ရက္ေန႔မွ ဒီဇင္ဘာလ 5 ရက္ေန႔အထိ Snapdragon Tech Summit ကို က်င္းပသြားပါမယ္။ ယင္းပြဲကို ဟာေဝယံမွ ေမာ္ေဝမွာ က်င္းပသြားမွာျဖစ္ပါတယ္။ ယင္းပြဲမွာ Qualcomm ဟာ လာမယ့္ႏွစ္ စမတ္ဖုန္းမ်ားနဲ႔ နည္းပညာပစၥည္းမ်ားမွာ ျမင္ေတြ႕ရမယ့္ မ်ိဳးဆက္သစ္နည္းပညာသစ္မ်ားကို ျမင္ေတြ႕ရပါမယ္။

Qualcomm က မိတ္ဆက္လာမယ့္ အရာေတြထဲမွာ လာမယ့္ 2020 ခုႏွစ္ အဆင့္ျမင့္ စမတ္ဖုန္းမ်ားမွာ ျမင္ေတြ႕ရ မယ့္ Snapdragon 865 ကိုလည္းေၾကညာလာပါမယ္။ Snapdragon 865 Chipset ကို အေစာပိုင္းတုန္းက နိုဝင္ဘာလမွာဘဲ မိတ္ဆက္မယ္လို႔ သတင္းထြက္ေပၚခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ တ႐ုတ္တန္ဖိုးႀကီးပစၥည္းမ်ားထုတ္လုပ္တဲ့ ကုမၸဏီ 8848 က လာမယ့္ 2020 ခုႏွစ္မွာ စတင္ ေရာင္းခ်လာမယ့္ Titanium M6 5G မွာ အသုံးျပဳလာမယ္လို႔ ေၾကညာထားၿပီး ျဖစ္ပါတယ္။

Qualcomm ဟာ Snapdragon 865 ကို 4G နဲ႔ 5G ဗားရွင္းဆိုၿပီး ထုတ္လုပ္လာဖို႔ ရွိေနၿပီး CPU Cores သစ္နဲ႔ Adreno GPU သစ္ သုံးလာဖို႔ရွိပါတယ္။ ဒါ့အျပင္ LPDDR 5X RAM နဲ႔ UFS 3.0 Flash Storage ပါဝင္လာဖို႔ ရွိပါတယ္။

Snapdragon 865 Chipset ကို TSMC ရဲ့ 7nm FinFet Process ျဖင့္ ဖန္တီးလာဖို႔ ရွိပါတယ္။

NetGuide Journal (Every Wednesday)