Asus ရဲ့ 2018 ခုနှစ်ထွက် ပထမမျိုးဆက် ဂိမ်းစမတ်ဖုန်း Asus ROG Phone က 90Hz Display အသုံးပြုထားတဲ့ ပထမဆုံး စမတ်ဖုန်းဖြစ်ပါတယ်။ ယခုနှစ်မှာ ထွက်လာတဲ့ OnePlus 7 Pro မှာလည်း 90Hz Display အသုံးပြုကာ 90Hz Trend သို့ လိုက်လာခဲ့ပါတယ်။ ယခုအခါ စမတ်ဖုန်းဈေးကွက်ထဲမှာ 90Hz အသုံးပြုထားတဲ့ စမတ်ဖုန်း အမြောက်အမြားကို ရွေးချယ်နိုင်ပြီဖြစ်ပါတယ်။

အခြားတစ်ဖက်မှာ Samsung ကလည်း လာမယ့် ဖေဖော်ဝါရီလမှာ ကြေညာလာဖို့ ရှိနေတဲ့ Galaxy S11 စီးရီးမှာ 90Hz Screen သုံးလာဖို့ရှိပါတယ်။ ယနေ့ ထွက်ပေါ်လာတဲ့သတင်းသစ်အရ OnePlusက လာမယ့်နှစ်ပထမနှစ် ဝက်မှာ ကြေညာလာမယ့်OnePlus 8 Pro မှာ ကြီးမားတဲ့ ခြေလှမ်းလှမ်းလာမယ်လို့ သိရပါတယ်။

OnePlus 8 Pro မှာ 120Hz Display သုံးလာမယ်လို့ သိရပါတယ်။ ယင်းရုပ်ထွက်ကို OnePlusက ProMotion OLED လို့ ခေါ်ဝေါ်လာမယ်လို့ သိရပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာကတော့ Apple ဟာလည်း လာမယ့် 2020 ခုနှစ်မှာ ထုတ်လုပ်ရောင်းချလာမယ့် iPhone 12 စီးရီးမှာ 120Hz ထည့်သွင်းလာမယ်လို့ သတင်းထွက်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် 2020 ခုနှစ်မှာ တန်ဖိုးကြီး အဆင့်မြင့် စမတ်ဖုန်းအမြောက်အမြားတို့မှာ 120Hz Screen မြင်တွေ့လာရဖို့ ရှိနေပါတယ်။

OnePlus 8 Pro မှာ 120Hz Display အပြင် ကျောဘက်ကင်မရာလေးလုံးပါဝင်လာဖို့ရှိနေပြီး ယင်းမှ ကင်မရာ နှစ်ခုက မြင်ကွင်းကျယ်နဲ့ 3x Optical Zoom ထောက်ပံ့လာဖို့ ရှိပါတယ်။ အစောပိုင်းတုန်းက ပေါက်ကြား ထားတဲ့သတင်းများအရ ဒီဖုန်းမှာ Punch-Hole Display သုံးလာမယ်လို့ သိရပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

OnePlus 8 Pro တြင္ 120Hz Refresh Rate သုံးလာဖို႔ ရွိေန

Asus ရဲ့ 2018 ခုႏွစ္ထြက္ ပထမမ်ိဳးဆက္ ဂိမ္းစမတ္ဖုန္း Asus ROG Phone က 90Hz Display အသုံးျပဳထားတဲ့ ပထမဆုံး စမတ္ဖုန္းျဖစ္ပါတယ္။ ယခုႏွစ္မွာ ထြက္လာတဲ့ OnePlus 7 Pro မွာလည္း 90Hz Display အသုံးျပဳကာ 90Hz Trend သို႔ လိုက္လာခဲ့ပါတယ္။ ယခုအခါ စမတ္ဖုန္းေဈးကြက္ထဲမွာ 90Hz အသုံးျပဳထားတဲ့ စမတ္ဖုန္း အေျမာက္အျမားကို ေရြးခ်ယ္နိုင္ၿပီျဖစ္ပါတယ္။

အျခားတစ္ဖက္မွာ Samsung ကလည္း လာမယ့္ ေဖေဖာ္ဝါရီလမွာ ေၾကညာလာဖို႔ ရွိေနတဲ့ Galaxy S11 စီးရီးမွာ 90Hz Screen သုံးလာဖို႔ရွိပါတယ္။ ယေန႔ ထြက္ေပၚလာတဲ့သတင္းသစ္အရ OnePlusက လာမယ့္ႏွစ္ပထမႏွစ္ ဝက္မွာ ေၾကညာလာမယ့္OnePlus 8 Pro မွာ ႀကီးမားတဲ့ ေျခလွမ္းလွမ္းလာမယ္လို႔ သိရပါတယ္။

OnePlus 8 Pro မွာ 120Hz Display သုံးလာမယ္လို႔ သိရပါတယ္။ ယင္း႐ုပ္ထြက္ကို OnePlusက ProMotion OLED လို႔ ေခၚေဝၚလာမယ္လို႔ သိရပါတယ္။

စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ Apple ဟာလည္း လာမယ့္ 2020 ခုႏွစ္မွာ ထုတ္လုပ္ေရာင္းခ်လာမယ့္ iPhone 12 စီးရီးမွာ 120Hz ထည့္သြင္းလာမယ္လို႔ သတင္းထြက္ထားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ လာမယ့္ 2020 ခုႏွစ္မွာ တန္ဖိုးႀကီး အဆင့္ျမင့္ စမတ္ဖုန္းအေျမာက္အျမားတို႔မွာ 120Hz Screen ျမင္ေတြ႕လာရဖို႔ ရွိေနပါတယ္။

OnePlus 8 Pro မွာ 120Hz Display အျပင္ ေက်ာဘက္ကင္မရာေလးလုံးပါဝင္လာဖို႔ရွိေနၿပီး ယင္းမွ ကင္မရာ ႏွစ္ခုက ျမင္ကြင္းက်ယ္နဲ႔ 3x Optical Zoom ေထာက္ပံ့လာဖို႔ ရွိပါတယ္။ အေစာပိုင္းတုန္းက ေပါက္ၾကား ထားတဲ့သတင္းမ်ားအရ ဒီဖုန္းမွာ Punch-Hole Display သုံးလာမယ္လို႔ သိရပါတယ္။

NetGuide Journal (Every Wednesday)