Huawei ဟာ အလယ်အလတ်တန်း စမတ်ဖုန်းသစ် Huawei Y9s ကို ကြေညာလာပါတယ်။ Huawei Y9s က Honor 9X Pro ကို Chipset အပြောင်းအလဲလုပ်ပြီး ရောင်းချလာတဲ့စမတ်ဖုန်းဆိုရင်လည်း မမှားပါဘူး။ Honor 9X Pro မှာ Kirin 810 သုံးခဲ့ပေမယ့် Huawei Y9s မှာ Kirin 710F ဘဲ အသုံးပြုထားပါတယ်။

Huawei Y9s မှာ 6.59 လက်မ Notch မပါဝင်တဲ့ မျက်နှာပြင် သုံးထားပါတယ်။ Notch မပါဝင်တာကြောင့် Screen-to Body Ratio က 91 ရာခိုင်နှုန်းအထိ ရှိပါတယ်။ 1080p Resolution နဲ့ 391 ppi ရှိပါတယ်၊။

Huawei Y9s ကို Kirin 710F နဲ့ ပါဝါထောက်ပံ့ထားပါတယ်။ RAM6GB သုံးထားကာ Storage 128GB ပါဝင်ပါတယ်။ Android Pie အခြေခံ EMUI 9.1 သုံးထားပြီး microSD ကနေ 512GB အထိ ထပ်တိုးလို့ရပါတယ်။

ဓာတ်ပုံပိုင်းအတွက် Huawei Y9s မှာ ရှေ့ကင်မရာ 16MP ကို Pop-Up မှာ ထည့်သွင်းထားပါတယ်။ ကျောဘက်ကင်မရာသုံးလုံး ပါဝင်ပါတယ်။ 48MP+8MP Ultrawide+2MP ပါဝင်ပါတယ်။

လက်ဗွေရာစနစ်ကို ဘောင်မှာ ထည့်သွင်းထားပြီး ညာခြမ်းမှာဘဲ ပါဝါခလုတ်နဲ့ အသံအတိုးအချဲ့ခလုတ်များကိုလည်း ထည့်သွင်းထားပါတယ်။ Huawei Y9s ကို Breathing Crystal ၊ Midnight Black အရောင်တို့နဲ့ ရွေးချယ်နိုင်ပါတယ်။ ဘက်ထရီ 4000 mAhပါဝင်ပြီး USB Type C ကနေ အားသွင်းနိုင်ပါမယ်။

Huawei Y9s ကို ဈေးနှုန်း ဒေါ်လာ 239 သတ်မှတ်ထားပြီး အီရတ်မှာ စတင်ရောင်းချသွားပါမယ်။ ဒီဖုန်းကို အခြား ဘယ်ဈေးကွက်တွေမှာ ထပ်မံရောင်းချလာမလဲ မသိရသေးပါဘူး။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Notch မပါဝင္တဲ့ ႐ုပ္ထြက္ ၊ ေက်ာဘက္ကင္မရာသုံးလုံး သုံးထားတဲ့ Huawei Y9s ကို ေၾကညာ

Huawei ဟာ အလယ္အလတ္တန္း စမတ္ဖုန္းသစ္ Huawei Y9s ကို ေၾကညာလာပါတယ္။ Huawei Y9s က Honor 9X Pro ကို Chipset အေျပာင္းအလဲလုပ္ၿပီး ေရာင္းခ်လာတဲ့စမတ္ဖုန္းဆိုရင္လည္း မမွားပါဘူး။ Honor 9X Pro မွာ Kirin 810 သုံးခဲ့ေပမယ့္ Huawei Y9s မွာ Kirin 710F ဘဲ အသုံးျပဳထားပါတယ္။

Huawei Y9s မွာ 6.59 လက္မ Notch မပါဝင္တဲ့ မ်က္ႏွာျပင္ သုံးထားပါတယ္။ Notch မပါဝင္တာေၾကာင့္ Screen-to Body Ratio က 91 ရာခိုင္ႏွုန္းအထိ ရွိပါတယ္။ 1080p Resolution နဲ႔ 391 ppi ရွိပါတယ္၊။

Huawei Y9s ကို Kirin 710F နဲ႔ ပါဝါေထာက္ပံ့ထားပါတယ္။ RAM6GB သုံးထားကာ Storage 128GB ပါဝင္ပါတယ္။ Android Pie အေျခခံ EMUI 9.1 သုံးထားၿပီး microSD ကေန 512GB အထိ ထပ္တိုးလို႔ရပါတယ္။

ဓာတ္ပုံပိုင္းအတြက္ Huawei Y9s မွာ ေရွ႕ကင္မရာ 16MP ကို Pop-Up မွာ ထည့္သြင္းထားပါတယ္။ ေက်ာဘက္ကင္မရာသုံးလုံး ပါဝင္ပါတယ္။ 48MP+8MP Ultrawide+2MP ပါဝင္ပါတယ္။

လက္ေဗြရာစနစ္ကို ေဘာင္မွာ ထည့္သြင္းထားၿပီး ညာျခမ္းမွာဘဲ ပါဝါခလုတ္နဲ႔ အသံအတိုးအခ်ဲ႕ခလုတ္မ်ားကိုလည္း ထည့္သြင္းထားပါတယ္။ Huawei Y9s ကို Breathing Crystal ၊ Midnight Black အေရာင္တို႔နဲ႔ ေရြးခ်ယ္နိုင္ပါတယ္။ ဘက္ထရီ 4000 mAhပါဝင္ၿပီး USB Type C ကေန အားသြင္းနိုင္ပါမယ္။

Huawei Y9s ကို ေဈးႏွုန္း ေဒၚလာ 239 သတ္မွတ္ထားၿပီး အီရတ္မွာ စတင္ေရာင္းခ်သြားပါမယ္။ ဒီဖုန္းကို အျခား ဘယ္ေဈးကြက္ေတြမွာ ထပ္မံေရာင္းခ်လာမလဲ မသိရေသးပါဘူး။

NetGuide Journal (Every Wednesday)