Xiaomi ရဲ့ ဒုတိယအမှတ်တံဆိပ် Redmi ဟာ စမတ်ဖုန်းအပြင် စမတ်ဖုန်းဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရောင်းချထားပြီးဖြစ်တဲ့အပြင် အခြား အသုံးအဆောင်ပစ္စည်းများစွာလည်း ထုတ်လုပ်ရောင်းချထားပြီး ဖြစ်ပါတယ်။ ၎င်းတို့ဟာ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက Redmi TV ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။ ယခု ၎င်းတို့ဟာ စမတ်နာရီလောကသို့လည်း ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။

မကြာသေးမီတုန်းက Xiaomi က သူတို့ရဲ့ ပထမဆုံး စမတ်နာရီအဖြစ် Mi Watch ကို ကြေညာခဲ့ပါတယ်။ အခု Redmi ကလည်း သူတို့ရဲ့ ပထမဆုံး စမတ်နာရီထုတ်လုပ်ဖို့ လုပ်ဆောင်နေပြီဖြစ်ပြီး မကြာမီကာလအတွင်းမှာ ကြေညာလာဖို့ ရှိပါတယ်။

Redmi ရဲ့ အထွေထွေမန်နေဂျာက Xiaomi Mi Watch ကို ပရိသတ်များ ဘယ်လိုမြင်တယ်ဆိုတာ မေးမြန်းပြီး Redmi Watch ဆိုရင်ကော စိတ်ဝင်စားကြဦးမလားလို့ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Redmi Watch မှာ ဘာတွေပါဝင်မယ်ဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့် Mi Watch မှာ အသုံးပြုထားတဲ့ စနစ်အများစုပါဝင်လာမှာဖြစ်ပြီး ဈေးနှုန်းလည်း ပိုမိုသက်သာလာဖို့ သေချာနေပါတယ်။

Redmi Watch မှာ Mi Watch ထက် အရွယ်အစား မဆိုစလောက် သေးငယ်လာနိုင်တယ်လို့ ယူဆရပြီး eSIM ထောက်ပံ့လာဖို့တော့ မရှိပါဘူး။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

မၾကာမီ ကာလအတြင္းတြင္ Redmi Watch ထြက္လာနိုင္

Xiaomi ရဲ့ ဒုတိယအမွတ္တံဆိပ္ Redmi ဟာ စမတ္ဖုန္းအျပင္ စမတ္ဖုန္းဆက္စပ္ပစၥည္းမ်ား ထုတ္လုပ္ေရာင္းခ်ထားၿပီးျဖစ္တဲ့အျပင္ အျခား အသုံးအေဆာင္ပစၥည္းမ်ားစြာလည္း ထုတ္လုပ္ေရာင္းခ်ထားၿပီး ျဖစ္ပါတယ္။ ၎တို႔ဟာ ၿပီးခဲ့တဲ့ ဩဂုတ္လတုန္းက Redmi TV ေရာင္းခ်ခဲ့ၿပီး ျဖစ္ပါတယ္။ ယခု ၎တို႔ဟာ စမတ္နာရီေလာကသို႔လည္း ဝင္ေရာက္လာေတာ့မွာ ျဖစ္ပါတယ္။

မၾကာေသးမီတုန္းက Xiaomi က သူတို႔ရဲ့ ပထမဆုံး စမတ္နာရီအျဖစ္ Mi Watch ကို ေၾကညာခဲ့ပါတယ္။ အခု Redmi ကလည္း သူတို႔ရဲ့ ပထမဆုံး စမတ္နာရီထုတ္လုပ္ဖို႔ လုပ္ေဆာင္ေနၿပီျဖစ္ၿပီး မၾကာမီကာလအတြင္းမွာ ေၾကညာလာဖို႔ ရွိပါတယ္။

Redmi ရဲ့ အေထြေထြမန္ေနဂ်ာက Xiaomi Mi Watch ကို ပရိသတ္မ်ား ဘယ္လိုျမင္တယ္ဆိုတာ ေမးျမန္းၿပီး Redmi Watch ဆိုရင္ေကာ စိတ္ဝင္စားၾကဦးမလားလို႔ ေမးျမန္းခဲ့တာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ Redmi Watch မွာ ဘာေတြပါဝင္မယ္ဆိုတာ မသိရေသးပါဘူး။ ဒါေပမယ့္ Mi Watch မွာ အသုံးျပဳထားတဲ့ စနစ္အမ်ားစုပါဝင္လာမွာျဖစ္ၿပီး ေဈးႏွုန္းလည္း ပိုမိုသက္သာလာဖို႔ ေသခ်ာေနပါတယ္။

Redmi Watch မွာ Mi Watch ထက္ အရြယ္အစား မဆိုစေလာက္ ေသးငယ္လာနိုင္တယ္လို႔ ယူဆရၿပီး eSIM ေထာက္ပံ့လာဖို႔ေတာ့ မရွိပါဘူး။

NetGuide Journal (Every Wednesday)