Samsung ဟာ လပေါင်းများစွာ ရွှေ့ဆိုင်းမှုပြုလုပ်ခဲ့ရတဲ့ Galaxy Fold ကို ရောင်းချလာတာ လအနည်းငယ် ကြာမြင့်ပြီဖြစ်ပါတယ်။ Samsung ဟာ Galaxy Fold ကို မနေ့တုန်းက တရုတ်ဈေးကွက်မှာ စတင်ရောင်းချခဲ့ပါ တယ်။ တရုတ်မှာ Samsung Galaxy Fold ကို ဒေါ်လာ 2293 ဖြင့် ရောင်းချတာ ဖြစ်ပါတယ်။ Samsung Galaxy Fold ဖုန်းများဟာ ငါးမိနစ်အတွင်းမှာဘဲ အကုန်ရောင်းချခဲ့ရပါတယ်။

Samsung ဟာ ငါးမိနစ်အတွင်းမှာ Galaxy Fold စမတ်ဖုန်း အလုံးရေဘယ်လောက်အထိ ရောင်းချခဲ့ရသလဲဆို တာကိုတော့ ကြေညာသွားခဲ့ခြင်း မရှိပါဘူး။ တရုတ်ဈေးကွက်မှာ ပထမအသုတ် ရောင်းချတာ ဖြစ်တာကြောင့် အ လုံးရေ အကန့်အသတ်နဲ့ ရောင်းချလာမှာတော့ သေချာသလောက် ရှိပါတယ်။

ယခုလအစောပိုင်းတုန်းက Samsung က တစ်ကမ္ဘာလုံးမှာ Galaxy Fold အလုံးရေ 5 သိန်းအထိ ရောင်းချခဲ့ရပြီး ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Samsung Galaxy Fold က Huawei Mate X ရဲ့ တိုက်ရိုက်ပြိုင်ဘက် ဖြစ်ပါတယ်။ Huawei Mate X ကို ပြီးခဲ့တဲ့ လတုန်းက တရုတ်ဈေးကွက်မှာ စတင်ရောင်းချခဲ့ပြီး ဈေးနူန်းက ဒေါ်လာ 2414 ဖြစ်ပါတယ်။

Samsung Galaxy Fold မှာ မျက်နှာပြင် 7.3 လက်မ Infinity Flex Display 1536x2152px Resolution ရုပ်ထွက် ပါဝင်ပါတယ်။ တစ်ချိန်တည်းမှာ App သုံးခုကို တစ်ပြိုင်နက်တည်းအသုံးပြုနိုင်ပါတယ်။ ဖုန်းကို ခေါက်ထားချိန်မှာ အပြင်က မျက်နှာပြင် 4.6 လက်မ 840x1960px Resolution ကို သုံးနိုင်ပါတယ်။

ဒီဖုန်းကို 7nm Processor ၊ RAM12GB နဲ့ ပါဝါထောက်ပံ့ထားပြီး Storage 512GB ပါဝင်ပါတယ်။ ဒီဖုန်းမှာ 16MP+12MP+12MP ကင်မရာပါဝင်ပြီး ရှေ့မျက်နှာပြင်ဘက်မှာ 10MP ကင်မရာပါဝင်ပါသေးတယ်။ Android Pie အခြေခံ One UI သုံးထားပါတယ်။ ဘက်ထရီ 4380 mAhပါဝင်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

(Zawgyi Version)

တ႐ုတ္တြင္ Samsung Galaxy Fold စမတ္ဖုန္းမ်ား ငါးမိနစ္အတြင္း အကုန္ေရာင္းခ်ခဲ့ရ

Samsung ဟာ လေပါင္းမ်ားစြာ ေရႊ႕ဆိုင္းမွုျပဳလုပ္ခဲ့ရတဲ့ Galaxy Fold ကို ေရာင္းခ်လာတာ လအနည္းငယ္ ၾကာျမင့္ၿပီျဖစ္ပါတယ္။ Samsung ဟာ Galaxy Fold ကို မေန႔တုန္းက တ႐ုတ္ေဈးကြက္မွာ စတင္ေရာင္းခ်ခဲ့ပါ တယ္။ တ႐ုတ္မွာ Samsung Galaxy Fold ကို ေဒၚလာ 2293 ျဖင့္ ေရာင္းခ်တာျဖစ္ပါတယ္။ Samsung Galaxy Fold ဖုန္းမ်ားဟာ ငါးမိနစ္အတြင္းမွာဘဲ အကုန္ေရာင္းခ်ခဲ့ရပါတယ္။

Samsung ဟာ ငါးမိနစ္အတြင္းမွာ Galaxy Fold စမတ္ဖုန္း အလုံးေရဘယ္ေလာက္အထိ ေရာင္းခ်ခဲ့ရသလဲဆို တာကိုေတာ့ ေၾကညာသြားခဲ့ျခင္း မရွိပါဘူး။ တ႐ုတ္ေဈးကြက္မွာ ပထမအသုတ္ ေရာင္းခ်တာ ျဖစ္တာေၾကာင့္ အ လုံးေရ အကန႔္အသတ္နဲ႔ ေရာင္းခ်လာမွာေတာ့ ေသခ်ာသေလာက္ ရွိပါတယ္။

ယခုလအေစာပိုင္းတုန္းက Samsung က တစ္ကမၻာလုံးမွာ Galaxy Fold အလုံးေရ 5 သိန္းအထိ ေရာင္းခ်ခဲ့ရၿပီး ျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။

Samsung Galaxy Fold က Huawei Mate X ရဲ့ တိုက္ရိုက္ၿပိဳင္ဘက္ ျဖစ္ပါတယ္။ Huawei Mate X ကို ၿပီးခဲ့တဲ့ လတုန္းက တ႐ုတ္ေဈးကြက္မွာ စတင္ေရာင္းခ်ခဲ့ၿပီး ေဈးႏူန္းက ေဒၚလာ 2414 ျဖစ္ပါတယ္။

Samsung Galaxy Fold မွာ မ်က္ႏွာျပင္ 7.3 လက္မ Infinity Flex Display 1536x2152px Resolution ႐ုပ္ထြက္ ပါဝင္ပါတယ္။ တစ္ခ်ိန္တည္းမွာ App သုံးခုကို တစ္ၿပိဳင္နက္တည္းအသုံးျပဳနိုင္ပါတယ္။ ဖုန္းကို ေခါက္ထားခ်ိန္မွာ အျပင္က မ်က္ႏွာျပင္ 4.6 လက္မ 840x1960px Resolution ကို သုံးနိုင္ပါတယ္။

ဒီဖုန္းကို 7nm Processor ၊ RAM12GB နဲ႔ ပါဝါေထာက္ပံ့ထားၿပီး Storage 512GB ပါဝင္ပါတယ္။ ဒီဖုန္းမွာ 16MP+12MP+12MP ကင္မရာပါဝင္ၿပီး ေရွ႕မ်က္ႏွာျပင္ဘက္မွာ 10MP ကင္မရာပါဝင္ပါေသးတယ္။ Android Pie အေျခခံ One UI သုံးထားပါတယ္။ ဘက္ထရီ 4380 mAhပါဝင္ပါတယ္။

NetGuide Journal (Every Wednesday)