OPPO ဟာ ဩဂုတ်လနှောင်းပိုင်းတုန်းက Reno2 ဖုန်းများကို ကြေညာရောင်းချခဲ့ပါတယ်။ ယခု OPPO Reno တတိယမျိုးဆက်အကြောင်းပြောဖို့ အချိန်ကျရောက်လာပြီဖြစ်ပါတယ်။ ယနေ့မှာ OPPO Reno3 မှာ အသုံးပြု လာမယ့်စနစ်များ အွန်လိုင်းမှာပေါက်ကြားလာပါတယ်။ ယခုပေါက်ကြားလာတဲ့ စနစ်များက 100 ရာခိုင်နူန်းတော့ မမှန်နိုင်ပါဘူး။ ဒါပေမယ့် 90Hz Screen ၊ Dual 5G Mode ၊ ပိုကောင်းတဲ့ ကင်မရာနဲ့ ပိုကောင်းတဲ့ Fast Charging တို့ သုံးလာမယ့်အချက်တွေကတော့ မှန်နိုင်ပါတယ်။

ယနေ့ပေါက်ကြားလာတဲ့သတင်းအရ OPPO Reno3 မှာ မျက်နှာပြင် 6.5 လက်မ AMOLED 1080x2400px Resolution နဲ့ 90Hz Refresh Rate သုံးလာပါမယ်။ မျက်နှာပြင်နဲ့ Resolution ကတော့ Reno2 နဲ့ အတူတူ ဖြစ်ပါတယ်။ In-Display Fingerprint Scanner ပါဝင်လာပါမယ်။

ကျောဘက်ကင်မရာလေးလုံးပါဝင်မှာဖြစ်ပြီး အဓိကကင်မရာက 60MP Sony IMX686 Sensor ဖြစ်ပါတယ်။ ဒုတိယကင်မရာက 5x Optical Zoom ကင်မရာဖြစ်ပြီး တတိယကင်မရာက မြင်ကွင်းကျယ်ရိုက်ကူးနိုင်မယ့် ကင်မရာဖြစ်ပါတယ်။ စတုတ္ထကင်မရာက အဖြူ/အမည်းဆင်ဆာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ OPPO Reno3 မှာ ငါးမန်းတောင်ပုံစံ (သို့မဟုတ်) Pop-Up စနစ်သုံးလာမလားဆိုတာ အတိအ ကျမပြောနိုင်သေးပါဘူး။ ရှေ့ကင်မရာက 32MP ဖြစ်ပါတယ်။ 32MP Samsung Bright GD1 Sensor ဖြစ်ပါတယ်။

ဘက်ထရီ 4500 mAhပါဝင်မှာဖြစ်ပြီး 30W VOOC 4.0 ဖြင့် အားသွင်းနိုင်ပါမယ်။ ကြိုးမဲ့အားသွင်းမှု မပါဝင်ပါဘူး။ ကျောဘက်မှာ Gorilla Glass သုံးလာမှာဖြစ်ပြီး အလူမီနီယမ်ဖရိန်သုံးသွားပါမယ်။

Snapdragon 735 Chipset ၊ RAM8GB နဲ့ ပါဝါထောက်ပံ့လာမှာဖြစ်ပြီး 128/256 UFS 2.1 Storage ပါဝင်ပါမယ်။

ဗားရှင်းအပေါ်မူတည်ပြီး ဈေးနူန်းက ဒေါ်လာ 475 နဲ့ ဒေါ်လာ 520 ဖြစ်လာပါမယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

OPPO Reno3 တြင္ 90Hz Display ၊ 5G နဲ႔ 60MP ကင္မရာပါဝင္လာမည္

OPPO ဟာ ဩဂုတ္လေႏွာင္းပိုင္းတုန္းက Reno2 ဖုန္းမ်ားကို ေၾကညာေရာင္းခ်ခဲ့ပါတယ္။ ယခု OPPO Reno တတိယမ်ိဳးဆက္အေၾကာင္းေျပာဖို႔ အခ်ိန္က်ေရာက္လာၿပီျဖစ္ပါတယ္။ ယေန႔မွာ OPPO Reno3 မွာ အသုံးျပဳ လာမယ့္စနစ္မ်ား အြန္လိုင္းမွာေပါက္ၾကားလာပါတယ္။ ယခုေပါက္ၾကားလာတဲ့ စနစ္မ်ားက 100 ရာခိုင္ႏူန္းေတာ့ မမွန္နိုင္ပါဘူး။ ဒါေပမယ့္ 90Hz Screen ၊ Dual 5G Mode ၊ ပိုေကာင္းတဲ့ ကင္မရာနဲ႔ ပိုေကာင္းတဲ့ Fast Charging တို႔ သုံးလာမယ့္အခ်က္ေတြကေတာ့ မွန္နိုင္ပါတယ္။

ယေန႔ေပါက္ၾကားလာတဲ့သတင္းအရ OPPO Reno3 မွာ မ်က္ႏွာျပင္ 6.5 လက္မ AMOLED 1080x2400px Resolution နဲ႔ 90Hz Refresh Rate သုံးလာပါမယ္။ မ်က္ႏွာျပင္နဲ႔ Resolution ကေတာ့ Reno2 နဲ႔ အတူတူ ျဖစ္ပါတယ္။ In-Display Fingerprint Scanner ပါဝင္လာပါမယ္။

ေက်ာဘက္ကင္မရာေလးလုံးပါဝင္မွာျဖစ္ၿပီး အဓိကကင္မရာက 60MP Sony IMX686 Sensor ျဖစ္ပါတယ္။ ဒုတိယကင္မရာက 5x Optical Zoom ကင္မရာျဖစ္ၿပီး တတိယကင္မရာက ျမင္ကြင္းက်ယ္ရိုက္ကူးနိုင္မယ့္ ကင္မရာျဖစ္ပါတယ္။ စတုတၳကင္မရာက အျဖဴ/အမည္းဆင္ဆာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ OPPO Reno3 မွာ ငါးမန္းေတာင္ပုံစံ (သို႔မဟုတ္) Pop-Up စနစ္သုံးလာမလားဆိုတာ အတိအ က်မေျပာနိုင္ေသးပါဘူး။ ေရွ႕ကင္မရာက 32MP ျဖစ္ပါတယ္။ 32MP Samsung Bright GD1 Sensor ျဖစ္ပါတယ္။
ဘက္ထရီ 4500 mAhပါဝင္မွာျဖစ္ၿပီး 30W VOOC 4.0 ျဖင့္ အားသြင္းနိုင္ပါမယ္။ ႀကိဳးမဲ့အားသြင္းမွု မပါဝင္ပါဘူး။ ေက်ာဘက္မွာ Gorilla Glass သုံးလာမွာျဖစ္ၿပီး အလူမီနီယမ္ဖရိန္သုံးသြားပါမယ္။

Snapdragon 735 Chipset ၊ RAM8GB နဲ႔ ပါဝါေထာက္ပံ့လာမွာျဖစ္ၿပီး 128/256 UFS 2.1 Storage ပါဝင္ပါမယ္။

ဗားရွင္းအေပၚမူတည္ၿပီး ေဈးႏူန္းက ေဒၚလာ 475 နဲ႔ ေဒၚလာ 520 ျဖစ္လာပါမယ္။

NetGuide Journal (Every Wednesday)