Huawei ဟာ မဝေးတော့တဲ့ ကာလအတွင်းမှာ အဆင့်မြင့် Tablet သစ် Huawei MatePad Pro ကို ကြေညာလာဖို့ ရှိနေပါတယ်။ အစောပိုင်းတုန်းက ဒီ Tablet ကို MediaPad M7 လို့ ခေါ်ဝေါ်လာမယ်လို့လည်း သတင်းထွက်ထားကာ ဓာတ်ပုံများ ပေါက်ကြားထားပြီး ဖြစ်ပါတယ်။ ယနေ့မှာ Huawei MatePad Pro ဟာ 3C မှာ ထောက်ခံချက် ရရှိလာပါတယ်။ ယင်းမှာ ဒီ Tablet မှာ အားသွင်းမှုကို 44W ဖြင့် ထောက်ပံ့လာမယ်လို့ ဆိုထားပါတယ်။

Huawei MatePad Pro ရဲ့ မော်ဒယ်နံပါတ်များက MRX-W09 နဲ့ MRX-W19 တို့ ဖြစ်ပါတယ်။ MRX က ဒီ Tablet ရဲ့ ကုတ်အမည်က Marx ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ မော်ဒယ်နှစ်မျိုးမှာ တစ်ခုက Wi-Fi မော်ဒယ်ဖြစ်ပြီး ကျန်တစ်ခုက LTE မော်ဒယ် ဖြစ်ပါတယ်။

Huawei MatePad Pro မှာ သုံးလာမယ့် 40W Fast Charging က Huawei Mate 30 နဲ့ Mate 30 Pro တို့မှာ အသုံးပြုထားတဲ့ 40W Huawei SuperCharge ဖြစ်လာဖို့ ရှိပါတယ်။

အစောပိုင်းတုန်းက ထွက်ပေါ်ထားတဲ့ သတင်းများအရ Huawei MatePad Proမှာ QHD (1440x2560px Resolution) သုံးလာမှာဖြစ်ပြီး Punch-Hole Display သုံးလာမယ်လို့ သိရပါတယ်။ Kirin 980 Chipset နဲ့ ပါဝါထောက်ပံ့လာမှာဖြစ်ပြီး RAM8GB/256GB ဗားရှင်းအထိ ရွေးချယ်နိုင်ပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Huawei MatePad Pro တြင္ 40W Fast Charging ေထာက္ပံ့လာမည္

Huawei ဟာ မေဝးေတာ့တဲ့ ကာလအတြင္းမွာ အဆင့္ျမင့္ Tablet သစ္ Huawei MatePad Pro ကို ေၾကညာလာဖို႔ ရွိေနပါတယ္။ အေစာပိုင္းတုန္းက ဒီ Tablet ကို MediaPad M7 လို႔ ေခၚေဝၚလာမယ္လို႔လည္း သတင္းထြက္ထားကာ ဓာတ္ပုံမ်ား ေပါက္ၾကားထားၿပီး ျဖစ္ပါတယ္။ ယေန႔မွာ Huawei MatePad Pro ဟာ 3C မွာ ေထာက္ခံခ်က္ ရရွိလာပါတယ္။ ယင္းမွာ ဒီ Tablet မွာ အားသြင္းမွုကို 44W ျဖင့္ ေထာက္ပံ့လာမယ္လို႔ ဆိုထားပါတယ္။

Huawei MatePad Pro ရဲ့ ေမာ္ဒယ္နံပါတ္မ်ားက MRX-W09 နဲ႔ MRX-W19 တို႔ ျဖစ္ပါတယ္။ MRX က ဒီ Tablet ရဲ့ ကုတ္အမည္က Marx ကို ရည္ညႊန္းတာ ျဖစ္ပါတယ္။ ေမာ္ဒယ္ႏွစ္မ်ိဳးမွာ တစ္ခုက Wi-Fi ေမာ္ဒယ္ျဖစ္ၿပီး က်န္တစ္ခုက LTE ေမာ္ဒယ္ ျဖစ္ပါတယ္။

Huawei MatePad Pro မွာ သုံးလာမယ့္ 40W Fast Charging က Huawei Mate 30 နဲ႔ Mate 30 Pro တို႔မွာ အသုံးျပဳထားတဲ့ 40W Huawei SuperCharge ျဖစ္လာဖို႔ ရွိပါတယ္။

အေစာပိုင္းတုန္းက ထြက္ေပၚထားတဲ့ သတင္းမ်ားအရ Huawei MatePad Proမွာ QHD (1440x2560px Resolution) သုံးလာမွာျဖစ္ၿပီး Punch-Hole Display သုံးလာမယ္လို႔ သိရပါတယ္။ Kirin 980 Chipset နဲ႔ ပါဝါေထာက္ပံ့လာမွာျဖစ္ၿပီး RAM8GB/256GB ဗားရွင္းအထိ ေရြးခ်ယ္နိုင္ပါမယ္။

NetGuide Journal (Every Wednesday)