တရုတ်ထိပ်သီး Huawei ကို အမေရိကန်က စီးပွားရေးပိတ်ဆို့မှု ပြုလုပ်ထားဆဲ ဖြစ်ပါတယ်။ Huawei ဟာ အမေရိကန်အစိုးရရဲ့ နိုင်ငံတော်လုံခြုံရေး ခြိမ်းခြောက်နေတဲ့ ကုမ္ပဏီအဖြစ် သက်သေပြမှုမရှိဘဲ အရေးယူထားတာဖြစ်ပြီး အမေရိကန်ကုမ္ပဏီများနဲ့ ကုန်သွယ်လို့ မရပါဘူး။

ယနေ့မှာ Huawei တည်ထောင်သူ ရန်ဇင်ဖေးက မိမိတို့ကုမ္ပဏီမှာ အမေရိကန်မပါဝင်ဘဲ ရပ်တည်နိုင်စွမ်းရှိကြောင်းပြောကြားကာ အမေရိကန်ရဲ့ ပိတ်ပင်မှုကို ဂရုမစိုက်ကြောင်း ပြောကြားသွားပါတယ်။

၎င်းက “ အမေရိကန်မပါဘဲ ကျွန်တော်တို့ ကောင်းကောင်းကြီး ရှင်သန်လို့ရပါတယ်။ တရုတ်-အမေရိကန် ကုန်သွယ်ရေးဆွေးနွေးမှုက ကျွန်တော် စိုးရိမ်ခဲ့တဲ့အရာမဟုတ်ပါဘူး ” လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ရန်ဇင်ဖေးက အမေရိကန်သမ္မတဒေါ်နယ်ထရန်းအနေဖြင့် လက်ရှိတာဝန်ထမ်းဆောင်ချိန်တွင်လည်းကောင်း၊ အာဏာစွန့်ခွာပြီးချိန်တွင်လည်းကောင်း Huawei ရုံးချုပ်သို့ လာရောက်လည်ပတ်မည်ဆိုပါက မိမိတို့ဖက် ဝမ်းသာအားရ ကြိုဆိုသွားရန် အသင့်ရှိကြောင်း ပြောကြားသွားပါတယ်။

Huawei ဟာ 2018 ခုနှစ် တစ်နှစ်တည်းမှာဘဲ အမေရိကန်နည်းပညာကုမ္ပဏီများထံမှ ပစ္စည်း ဒေါ်လာ 11 ဘီလီယမ်ကျော်ဖိုး ဝယ်ယူခဲ့ပါတယ်။ အမေရိကန်အစိုးရရဲ့ ပိတ်ပင်မှုက Huawei ကိုသာမက အမေရိကန်ကုမ္ပဏီ များကိုလည်း ထိခိုက်စေလျက်ရှိပါတယ်။

လက်ရှိအချိန်မှာ အမေရိကန်ကုမ္ပဏီ ရာပေါင်းများစွာတို့ဟာ Huawei နဲ့ ကုန်သွယ်ခွင့်ရရှိရေးအတွက် အမေရိကန်ကုန်သွယ်ရေးဌာနသို့ အထူးလိုင်စင် လျှောက်ထားကြပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Huawei အတွက် အမေရိကန်မလိုကြောင်း Huawei တည်ထောင်သူ ရန်ဇင်ဖေးပြောကြား





